Wednesday, August 3, 2022

ရုရှား နိုင်ငံခြားရေးဝန်ကြီးနှင့် နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နေပြည်တော်တွင် တွေ့ဆုံ

 

မြန်မာနိုင်ငံသို့ အလုပ်သဘော ရောက်ရှိနေသည့် ရုရှား နိုင်ငံခြားရေး ဝန်ကြီးနှင့် နစက ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ယနေ့ ဩဂုတ်လ (၃) ရက်တွင် နေပြည်တော်၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။
နှစ်နိုင်ငံအကြား စစ်ရေး၊ စီးပွားရေး အပါအဝင် ပူးပေါင်း ဆောင်ရွက်မှုများ လုပ်ဆောင်ရန် ဆန္ဒရှိနေသည့် အချိန်တွင် နှစ်နိုင်ငံ ထိပ်ပိုင်းခေါင်းဆောင်များ ယခုလိုတွေ့ဆုံကြခြင်း ဖြစ်သည်။
မြန်မာ - ရုရှားတို့ဟာ နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာတစ်ခုကို လက်မှတ်ရေးထိုးရန် ရှိနေပြီး နှစ်နိုင်ငံအကြား ကော်မရှင်ရဲ့ တတိယ အစည်း အဝေးကိုလည်း ယခုနှစ်နှစ်ကုန်ပိုင်းမှာ ပြုလုပ်ရန်ရှိကြောင်းလည်း ရုရှနိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးသည် ဩဂုတ်(၃)ရက် နံနက်ပိုင်းက နေပြည်တော်သို့ ရောက်ရှိလာခြင်း ဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့်လည်း တွေ့ဆုံထား သည်။
ယခုခရီးစဉ်အတွင်း အရေးတကြီးဖြစ်နေသည့် နိုင်ငံတကာနှင့်ဒေသတွင်း ပြဿနာတွေကို ဆွေးနွေးရန် စဉ်းစားထားကြောင်းလည်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးအနေဖြင့် ယခုခရီးစဉ်အတွင်း နိုင်ငံရေးဆွေးနွေးမှု၊ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါ င်းဆောင်ရွက်မှု၊ ကာကွယ်ရေးနှင့်လုံခြုံရေးနယ်ပယ်အ ပြန်အလှန်ဆက်သွယ်မှုနှင့် လူသားချင်းစာနာထောက် ထားဆက်ဆံမှုများ အပါအဝင် ရုရှား-မြန်မာဆက်ဆံရေးနှင့် ပတ်သက်၍ ပိုမိုကျယ်ပြန့်စွာ လုပ်ဆောင်နိုင်ရေးတို့ကိုလည်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြား ရေးဝန်ကြီးဌာနက ဩဂုတ်လ (၂) ရက်တွင် ထုတ်ပြန် ကြေညာထားသည်။







Popular

0 comments:

Post a Comment