Monday, August 15, 2022

ယမ်းအပူလွန်ကဲရာမှ ယော (PDF) လက်နက်ဂိုဒေါင် မီးလောင်ပြီး ကျပ်သိန်း ၃၀၀ ကျော်တန်ဖိုးရှိ လက်နက်ခဲယမ်းများ မီးလောင်ဆုံးရှုံး

 


ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ၏ လက်နက်ခဲရမ်းဂိုဒေါင်သည် ဇူလိုင်လ ၃၁ ရက် ညပိုင်း‌က နှာယမ်းအပူလွန်ကဲရာမှတစ်ဆင့် မီးလောင်ခဲ့ရပြီး ကျပ်သိန်းပေါင်း ၃၀၀ ဆုံးရှုံးခဲ့ကြောင်း YPDFက ဩဂုတ်လ ၁၅ ရက်နေ့တွင်ထုတ်ပြန်ထားသည်။
အဆိုပါဖြစ်စဉ်တွင် (YPDF) ၏ ရဲဘော်များထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့သော်လည်း မီးလောင်ဆုံးရှုံးမှုကြောင့် ငွေသားကျပ်သိန်း ၄၀ ကျော်၊ ဆက်သွယ်ရေးပစ္စည်းများ၊ ဆိုင်ကယ်များ၊ Laptop၊ ဒိုင်နမို၊ ယမ်းအမျိုးမျိုး၊ ခါးချိုးကျည်ထောင့် ၂‌ ထောင်ကျော် နှင့် စုစုပေါင်း ကျပ်သိန်းပေါင်းကျော် ၃၀၀၀ ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ထို့ကြောင့် YPDF မှ " အများပြည်သူလှူဒါန်းထားသော ငွေကြေးပစ္စည်းများ အလဟဿဆုံးရှုံးသွားသည့်အတွက် ပြည်သူများနှင့် အလှူရှင်များကို အနူးအညွှတ် တောင်းပန်ထားပါသည်။ နောက်အခါတွင်လည်း အလားဆုံးရှုံးမှုမျိုးမဖြစ်ရအောင် အထူးဂရုစိုက် လုပ်ဆောင်သွားမည် " ဟု ရေးသားထုတ်ပြန်ထားသည်။
မီးလောင်မှုကြောင့် ဆုံးရှုံးသွားသည့် ပစ္စည်းများ အစားထိုးဝယ်ယူနိုင်ရေးအတွက် ပြည်တွင်း၊ပြည်ပအလှူရှင်များ ထပ်မံလှုဒါန်းပေးကြပါရန် မေတ္တာရပ်ခံထုတ်ပြန်ထားသည်။






0 comments:

Post a Comment