Wednesday, August 3, 2022

နစကနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် SSPP ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ရောက်ရှိ

 

နစက ဥက္ကဋ္ဌ အပါအဝင် တပ်မတော်တာဝန်ရှိသူများနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) မှ ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ဩဂုတ်လ (၃) ရက် နံနက်ပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိလာကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးဖိတ်ခေါ်ကမ်းလှမ်း ချက်အရ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၁၀)ဖွဲ့က တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် လက်ခံထားခြင်း ဖြစ်သည်။
ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)နစကနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် အကြောင်း ပြန်ထားသော်လည်း ပြီးခဲ့သည့် လပိုင်းများအတွင်း ၎င်းတို့ ဌာနချုပ်နှင့် အနီးတဝိုက်နေရာများတွင် တပ်မတော်နှင့် စစ်ရေး တင်းမာမှုများ ဖြစ်ပွားနေသည့် အတွက် တွေ့ ဆုံနိုင်ခြင်း မရှိရာမှ ယနေ့တွင် နေပြည်တော်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။
ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)ကို ဒုတိယ ဥက္ကဋ္ဌ(၁) စဝ်ခေးတိုင်း ဦးဆောင်လာ‌ရောက်ခြင်းဖြစ်ပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများက လက်ခံကြိုဆိုခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်ထိ RCSS၊ NMSP၊ KNU/KNLA -PC၊ UWS A၊ NDAA၊ ALP၊ PNLO၊ DKBA စသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှာ နစကနှင့် ငြိမ်းချမ်းရေး ဆွေး နွေးမှုများ လုပ်ဆောင်ထားပြီး ဖြစ်သည်။
အဆိုပါ ပထမအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပြီးသား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ဒုတိယအကြိမ် ထပ်မံတွေ့ဆုံရန် ပြင်ဆင်မှုများလည်း လုပ်ဆောင်နေကြောင်း နစက တာဝန်ရှိသူများက ပြောကြားထားသည်။




Popular

0 comments:

Post a Comment