Thursday, January 5, 2023

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ၏ အခက်အခဲများဖြေရှင်းပေးနိုင်ရန် ကာလတို/ကာလရှည်စီမံချက်များဖြင့် ဆောင်ရွက်သွားမည်

ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ အကျိုးကိုကာကွယ်စောင့်ရှောက်နိုင်ရန် ရည် ရွယ်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ဇန်နဝါ ရီ ၅ ရက်နံနက် ၁၀ နာရီက နစက အဖွဲ့ဝင်ဦးသိန်းညွှန့်ဦးဆောင်ကာ နေပြည်တော်၌ ပြုလုပ်ခဲ့သည်။

ဇန်နဝါရီ ၅ ရက်ညနက်ပိုင်းက ဥတ္တရသီရိမြို့အား ဗဟိုပြု၍ အင်အားအနည်းငယ်ရှိ ငလျင်လှုပ်ခတ်

မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဇန်နဝါရီ ၅ ရက်ညနက်ပိုင်းက ဥတ္တရသီရိမြို့အားဗဟိုပြု၍လှုပ်ခတ်ခဲ့သည့် ငလျင်နှင့်ပတ်သက်၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထိုင်းပရိသတ်တွေရဲ့စိတ်ဝင်စားမှုကိုရရှိနေတဲ့ Blackpink Girl Group စတိတ်ရှိုးပွဲပိုစတာ

ကမ္ဘာကျော် Blackpink Girl Group ရဲ့ ‘THE BORN PINK WORLD TOUR’ စတိတ်ရှိုးပွဲကို လာမယ့် ဇန်နဝါရီလ ၇ ရက်ကနေ ၈ ရက်နေ့အထိ မြို့တော်ဗန်ကောက် အမျိုးသားအားကစားရုံမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဘတ် ၃.၃ ဘီလီယံတန်ဖိုးရှိတဲ့ အဆိုတော် Taylor Swift ရဲ့ ကြောင်ဟာ ဈေးအကြီးဆုံး အိမ်မွေးတိရစ္ဆာန်အဖြင့် သတ်မှတ်ခံရ

Taylor Swift ၏ အိမ်မွေးကြောင်ဟာ ဒေါ်လာ ၉၇ သန်းနီးပါးမ သို့မဟုတ် ဘတ် ၃.၃ ဘီလီယံ တန်ဖိုးရှိကြောင်း သိရပါတယ်။

အသက် (၃၄)နှစ်သာရှိသေးတဲ့ ဂျပန်အမျိုးသမီးတစ်ဦး အိမ် (၃)လုံး ဝယ်နည်းနှင့် ငွေစုနည်းကို ပြောပြ

နိုင်ငံခြားဝက်ဘ်ဆိုက်တွေမှာ စာရင်းကိုင်အဖြစ်လုပ်ကိုင်နေတဲ့ ဂျပန်အမျိုးသမီးတစ်ဦးသည် သူမ အသက် (၃၄) နှစ်အရွယ်တွင် အိမ် (၃)လုံးကိုဝယ်ယူစုဆောင်းထားနိုင်တာကြောင့်ဂျပန်တွင်ဉာဏ်ကြီးရှင်အမျိုးသမီးအဖြစ် တင်စားခေါ်ဝေါ်ခံခဲ့ရပြီး သူမရဲ့ငွေစုနည်းလမ်းကိုလည်းအသေးစိတ်ဖော်ပြ ခဲ့ပါတယ်။

ကုလားတန်စီမံကိန်းအစိတ်အပိုင်း စစ်တွေဆိပ်ကမ်းသစ် ယခုလအတွင်း ဖွင့်လှစ်မည်ဖြစ်ပြီး လာမည့်တစ်ပတ်၌ ကုန်တင်သင်္ဘောများ ဆိုက်ရောက်မည်ဟု သိရ

အိန္ဒိယနိုင်ငံနှင့် ပူးပေါင်းအကောင်အထည်ဖော်နေသည့် ကုလားတန်စီမံကိန်း၏ အစိတ်အပိုင်းဖြစ်သည့် စစ်တွေဆိပ်ကမ်းအသစ်အား ဇန်နဝါရီလအတွင်း ဖွင့်လှစ်မည်ဖြစ်ပြီး လာမည့်တစ်ပတ်အတွင်း ကုန်တင်သင်္ဘောများ ဆိုက်ရောက်နိုင်မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ သိရသည်။

ဘီလျံနာအီလွန်မက်ခ် အသုံးစရိတ်ဖြတ်၍ တွစ်တာ ဝန်ထမ်းများ ရေအိမ်သုံးစက္ကူပင် နေအိမ်မှယူလာနေရ

ကမ္ဘာကျော်လူမှုကွန်ရက်ကြီးဖြစ်သော တွစ်တာ၏ ပိုင်ရှင်ဖြစ်သူ ဘီလျံနာအီလွန်မတ်စ်ခ်က လူမှုကွန်ရက်ကုမ္ပဏီ၏ အချို့ဝန်ထမ်းများအတွက် ကုန်ကျစရိတ်များကြီးမားစွာဖြတ်တောက်လျက်ရှိရာ ဝန်ထမ်းများအား၎င်းတို့အတွက် ရေအိမ်သုံးစက္ကူများကိုပင် နေအိမ်မှ ရုံးသို့ယူလာစေသည်အထိ ပြုလုပ်လျက်ရှိကြောင်းသိရသည်။

ယခုနှစ် သွင်းအားစုနှင့် စက်သုံးဆီတို့ ဈေးထပ်မတက်ရန် တောင်သူများ မျှော်လင့်

မြန်မာနိုင်ငံရှိ စိုက်ပျိုးရေး တောင်သူများအနေဖြင့် ယခု ၂၀၂၃ ခုနှစ်တွင် စိုက်ပျိုးရေးအတွက် အသုံးပြုရသည့် သွင်းအားစုနှင့် စက်သုံးဆီတို့ကို လက်ရှိနှုန်းထားထက် ဈေးမတက်စေရန် မျှော်လင့်သည်ဟု CNI သတင်းဌာနသို့ ပြောသည်။

မိုင်းဖုန်းဆရာတော်ကြီး၏ သက်တော်(၆၀)ပြည့် ဝိဇာတမွေးနေ့မင်္ဂလာ၌ တန့်ယန်း စဝ်မောဝ်လုံ ပရိယတ္တိပညာရေးဖောင်ဒေးရှင်းအား ငွေကျပ်သိန်း ၁၀၀၀ လှူဒါန်း

မိုင်းဖုန်းဆရာတော်ကြီး၏ သက်တော်(၆၀)နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာအား တူချီလိတ်မြို့နယ်၊မိုင်းဖုန်းကျေးရွာအုပ်စုရှိ မိုင်းဖုန်းသာသနာ့နယ်မြေ၊လွန်းလိန်းကျောင်းတိုက်၌ ဇန်နဝါရီ ၅ ရက်က ကျင်းပခဲ့သည်။

ကရင်ပြည်နယ်တွင် ရွေးကောက်ပွဲ ပြုလုပ်ပါက မဲဆန္ဒ နယ်အားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် လုံခြုံရေးအရ စိုးရိမ်ရကြောင်း KNDP ဥက္ကဋ္ဌ ပြောကြား

နစက အနေဖြင့် တစ်နိုင်ငံလုံး အကြားအလပ်မရှိ ကျင်းပမည်ဟု ပြောဆိုထားသည့် ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲတွင် ကရင်ပြည်နယ်အတွင်းရှိ မဲဆန္ဒနယ်အားလုံး ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် လုံခြုံရေးအရ စိုးရိမ်ရကြောင်း ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ(KNDP) ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ပေါ်ပြူလာနယူး(စ်) သို့ ပြောသည်။

စစ်ဦးချုပ် ဗိုလ်ချုပ် ခိုင်စိုးမြနှင့် အရာရှိ (၂) ဦး လုပ်ကြံ ခံသတ်ဖြတ်ရမှု AA ၏ လက်ချက်ဟု ALP ပါတီ ပြော

ဇန်နဝါရီလ (၄) ရက် နံနက်ပိုင်းက လွတ်လပ်ရေးနေ့အခမ်းအနားမှ အပြန်တွင် ပစ်ခတ် လုပ်ကြံခံရသည့် ALP ပါ တီ စစ်ဦးချုပ် ဗိုလ်ချုပ် ခိုင်းစိုးမြနှင့် အရာရှိ (၂) ဦး သေဆုံးခဲ့မှုသည် AA ၏ လက်ချက်ဖြစ်ကြောင်း ALP ပါတီက ထုတ်ဖော်ပြောဆိုလိုက်သည်။

နိုင်ငံတော်၏ NSPNC နှင့် UWSP , NDAA , SSPP တို့ဖွဲ့စည်းပုံအခြေခံဥပ ဒေ(၂၀၀၈ ခုနှစ်)မှ အခြေခံကျသောပုဒ် မများပြင်ဆင်နိုင်ရေးကိုဆွေးနွေး

နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့(NSPNC)နှင့်တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ဖြစ်သည့် “ဝ” ပြည်သွေး စည်းညီညွတ်ရေးပါတီ(UWSP)၊အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA)နှင့်ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)ကိုယ်စား လှယ်အဖွဲ့တို့ ဇန်နဝါရီ ၅ ရက်နံနက်ပိုင်းက နေပြည်တော်၌ တွေ့ ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

မြန်မာ-နီပေါနှစ်နိုင်ငံ ဗုဒ္ဓတက္ကသိုလ်များကြား ဗုဒ္ဓ ဘာသာဆိုင်ရာကိစ္စများကို အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေး

သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့်မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး H.E. Mr. Harishchandra Ghimire တို့တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

လက်နက်ကိုင်ပဋိပက္ခနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ

လာမည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၄ ရက်သည် စိန်ရတုလွတ်လပ်ရေးနေ့ဖြစ်သည့်အတွက် ၂၀၂၂ ခုနှစ်တွင် ငြိမ်းချမ်းရေးနှင့်ပတ်သက်သော အခြေခံအုတ်မြစ်များချမှတ်နိုင်ရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ထားခြင်းလည်း ဖြစ်သည်။

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများ၏ သာမန်နိုင်ငံကူးလက်မှတ်များ အချိန်မီသက်တမ်းတိုးပေးနိုင်ရေး ဆွေးနွေး

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများ၏ သာမန်နိုင်ငံကူးလက်မှတ်များကို အချိန်မီ သက်တမ်းတိုးပေးနိုင်ရေး ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် ဇန်နဝါရီ ၃ ရက် အထိ COVID-19 ကာကွယ်ဆေး ထိုးပြီးသူ အသက် ၁၈ နှစ် အထက် ၃၀ ဒသမ ၈၅ နှင့် အသက်၁၈နှစ် အောက် ၆ဒသမ၈၀ သန်းကျော်ရှိ

မြန်မာနိုင်ငံတွင် ဇန်နဝါရီ ၃ ရက် အထိ  COVID-19 ကာကွယ်ဆေး ထိုးပြီးသူ အသက် ၁၈ နှစ် အထက် ၃၀ ဒသမ ၈၅ နှင့် အသက်၁၈နှစ် အောက် ၆ဒသမ၈၀ သန်းကျော်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန မှ သိရသည်။

တရုတ်-မြန်မာ နယ်စပ်ဂိတ်လမ်းကြောင်းများဖြစ်သည့် ရွှေလီနယ်စပ်ဂိတ်ကျယ်ဂေါင်နန်းတော်ဂိတ်၊ ကုန်ပစ္စည်းစခန်း၊ တရုတ်-မြန်မာစျေး စသည့်လမ်းကြောင်းသုံးခု၌ လူ၊ ကုန်ပစ္စည်းများ ဖြတ်သန်းသွားလာမှု ဇန်နဝါရီ ၈ ရက်မှစ၍ ပြန်လည်ဖွင့်လှစ်မည်

တရုတ်-မြန်မာ နယ်စပ်ဂိတ်လမ်းကြောင်းများဖြစ်သည့် ရွှေလီနယ်စပ်ဂိတ် ကျယ်ဂေါင်နန်းတော်ဂိတ်၊ ကုန်ပစ္စည်းစခန်း၊ တရုတ်-မြန်မာစျေးစသည့် လမ်းကြောင်း သုံးခု၌ လူ၊ ကုန်ပစ္စည်းများ ဖြတ်သန်းသွားလာမှု ဇန်နဝါရီ ၈ ရက်မှစ၍ ပြန်လည်ဖွင့်လှစ် မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက သတင်းထုတ်ပြန်ထားသည်။

အစိုးရအနေဖြင့့် တစ်နိုင်ငံလုံးအကြားအလပ်မရှိ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးနိုင်ရေးနှင့် မဲပေးမည့်နိုင်ငံသားအားလုံး မတရားမှုများမှ ကင်းဝေးစေရန် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း နစကဥက္ကဋ္ဌ ပြောကြား

အစိုးရအနေဖြင့့် တစ်နိုင်ငံလုံး အကြားအလပ်မရှိ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးနိုင်ရေးနှင့် မဲပေးမည့်နိုင်ငံသားအားလုံး မတရားမှုများမှ ကင်းဝေးစေရန် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  ပြောကြားသည်။

ကေအိုင်အိုဥက္ကဋ္ဌကျန်းမာရေးကြောင့် တာဝန်ယာယီလွှဲပြောင်းခြင်းဖြစ်ဟု ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်ပြော

ကေအိုင်အို ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လဟာ ကျန်းမာရေးကြောင့် ဆေးစစ်ဖို့ရှိတဲ့အတွက် ရုံးလုပ်ငန်းတွေကို ပိုမိုထဲထဲဝင်ဝင်လုပ်နိုင်အောင် ဗိုလ်ချုပ်ကြီးဂမ်ရှောင်ကို ယာယီဥက္ကဋ္ဌတာဝန်ယူဖို့ ရုံးတွင်းအမိန့်စာထုတ်ပြန်တာဖြစ်ပြီး ဥက္ကဋ္ဌနေရာကို တစ်ခါတည်း ပြောင်းလဲလိုက်တာမဟုတ်ဘူးလို့ ကချင်လွတ်မြောက်ရေးကောင်စီ (ကေအိုင်စီ) ဒုဥက္ကဋ္ဌ(၁) ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်က ဒီဗွီဘီကို ပြောပါတယ်။

‘ဝ’၊ ကိုးကန့်၊ ရှမ်းလက်နက်ကိုင် ၃ ဖွဲ့နှင့် စစ်ကောင်စီ ငြိမ်းချမ်းရေးဆွေးနွေး

‘ဝ’၊ ကိုးကန့်နဲ့  ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ရဲ့ ကိုယ်စားလှယ်တွေဟာ   စစ်ကောင်စီလက်အောက်ခံ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့  ဇန်နဝါရီ ၅ ရက်က နေပြည်တော်မှာတွေ့ဆုံပြီး ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ကြပါတယ်။