Thursday, January 5, 2023

အသက် (၃၄)နှစ်သာရှိသေးတဲ့ ဂျပန်အမျိုးသမီးတစ်ဦး အိမ် (၃)လုံး ဝယ်နည်းနှင့် ငွေစုနည်းကို ပြောပြ

နိုင်ငံခြားဝက်ဘ်ဆိုက်တွေမှာ စာရင်းကိုင်အဖြစ်လုပ်ကိုင်နေတဲ့ ဂျပန်အမျိုးသမီးတစ်ဦးသည် သူမ အသက် (၃၄) နှစ်အရွယ်တွင် အိမ် (၃)လုံးကိုဝယ်ယူစုဆောင်းထားနိုင်တာကြောင့်ဂျပန်တွင်ဉာဏ်ကြီးရှင်အမျိုးသမီးအဖြစ် တင်စားခေါ်ဝေါ်ခံခဲ့ရပြီး သူမရဲ့ငွေစုနည်းလမ်းကိုလည်းအသေးစိတ်ဖော်ပြ ခဲ့ပါတယ်။
သူမရဲ့ ငွေစုပုံသေနည်းက လွန်ကဲတယ်လို့သူမကဖွင့်ဟခဲ့ပါတယ်။ နေ့ရက်တိုင်းမှာသူမသည် မနက် ၊ နေ့လည်စာ နှင့်ညစာကို ကိုယ်တိုင်ချက်ပြုတ်ပြီး ပါဝင်ပစ္စည်းများကိုလဲလျှော့စျေးဖြင့်သာဝယ်ယူခဲ့ တာဖြစ်ပါတယ်။ အစားအစာတစ်ခုစီ၏ကုန်ကျစရိတ်ကို ယန်း 50 ( 13ဘတ် ) အောက်တွင်သာထားပြီး အစာ ၃နပ်စာရဲ့ စုစုပေါင်းကုန်ကျစရိတ်ကို ယန်း200 ( 50ဘတ် ) ထက်မပိုအောင်ကြိုးစားပြီးထားပါ တယ်။အဝတ်အစား အသစ်တွေကိုလဲမဝယ်ဘဲ အခြားလူကပေးတဲ့ တစ်ပတ်ရစ်အဝတ်အစားတွေကို ဝတ်ပါတယ်။ ပြီးတော့ အိမ်မှာရှိတဲ့ပရိဘောဂအားလုံးကိုပြန်လည်အသုံးပြုပါတယ်။
.
ပြီးနောက် သူမရဲ့အဓိက ငွေစုသော့ချက်တော့ “စာရင်းရေးမှတ်ထားခြင်း” ဖြစ်ပါတယ်။ အသေးအမွှား အသုံးစရိတ်တွေကိုတိတိကျကျစာအုပ်တွင်မှတ်ထားပြီး မည့်သည်နေရာမှာ ငွေသုံးစွဲခဲ့သည်ကို ပြန်ကြည့်နိုင်ရင်အတွက်ဖြစ်ပါတယ်လို့ဆိုပါတယ်။ သူမအသက် 27နှစ်အထိ သူမဘဝတွင် ပထမဆုံး အိမ်ကို ဘဏ်မှချေးငွေထုတ်ပြီး ယန်း 10 သန်းခန့် ( ဘတ်2.6သန်း ) တန်ဖိုးဖြင့်ဝယ်ယူခဲ့ပါတယ်။
.
နောက်2နှစ်အကြာ သူမအသက် 29နှစ်တွင် ဒုတိယအိမ်ကို ယန်း 18သန်း ( ဘတ် 4.7သန်း )ထပ်မံ ဝယ်ယူခဲ့ပြီး သူမအသက် 34နှစ်တွင်လဲ တတိယမြောက်အိမ်ကို ယန်း 27သန်း ( ဘတ် 7.1သန်း ) ဖြင့် ထပ်မံဝယ်ယူခဲ့ပါတယ်။ သူမရဲ့ဆန္ဒအတိုင်းအိမ် 3လုံးဝယ်ယူပြီးနောက် အလုပ်မှအနားယူခဲ့ပြီး အိမ် ၃လုံး လစဉ်ငှားရမ်းခငွေရဲ့ ယန်း 300,000 (ဘတ် 79,000 ) ခန့်ကို သူမရဲ့အသုံးစရိတ်ဖြင့်ထားခဲ့ပါ တယ်။ သူမရဲ့အသက် 15နှစ်အရွယ်ကတည်းက စိတ်ကူးယဉ်ခဲ့တဲ့အရာဖြစ်ပြီး အခုတော့ဆန္ဒပြည့်ဝ သွားပြီး သူမလုပ်နိုင်ခဲ့ပါတယ်လို့ဆိုပါတယ်။ သူမရဲ့တတိယမြောက်အိမ်ရဲ့ပထမထပ်တွင် ကြောင်ကဖေးဆိုင်ကိုဖွင့်လှစ်ထားပါတယ်။

Mingalar

0 comments:

Post a Comment