Thursday, January 5, 2023

ဇန်နဝါရီ ၅ ရက်ညနက်ပိုင်းက ဥတ္တရသီရိမြို့အား ဗဟိုပြု၍ အင်အားအနည်းငယ်ရှိ ငလျင်လှုပ်ခတ်

မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဇန်နဝါရီ ၅ ရက်ညနက်ပိုင်းက ဥတ္တရသီရိမြို့အားဗဟိုပြု၍လှုပ်ခတ်ခဲ့သည့် ငလျင်နှင့်ပတ်သက်၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ယင်းနေ့ည ၁၁ နာရီ ၁၁ မိနစ် ၉ စက္ကန့်က ဥတ္တရသီရိမြို့၏ အရှေ့တောင်ဘက် ၃ မိုင်ခန့်အကွာအား ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၃ ဒသမ ၀ အဆင့် အင်အားအနည်းငယ်ရှိသည့် ငလျင်လှုပ်ခတ်ခဲ့သည်ဟု မိုးဇလကထုတ်ပြန်ခဲ့သည်။
"ငလျင်လှုပ်သွားတာတော့သိတယ်၊ မကြမ်းပါဘူး၊ လှုပ်တယ်ဆိုတာလောက်​ပေါ့၊ အချိန်ကသိပ်မကြာလိုက်ဘူး"ဟု ဥတ္တရသီရိမြို့ခံတစ်ဦးကပြောသည်။
ယင်းနေ့မွန်းတည့် ၁၂ နာရီ ၂၁ မိနစ် ၂၅ စက္ကန့်ကလည်း အင်းတော်မြို့အားဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၄ ဒသမ ၇ အဆင့်အင်အားအနည်းငယ်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့သည်ဟု မိုးဇလကထုတ်ပြန်ထားသည်။

Popular

0 comments:

Post a Comment