Thursday, January 5, 2023

စစ်ဦးချုပ် ဗိုလ်ချုပ် ခိုင်စိုးမြနှင့် အရာရှိ (၂) ဦး လုပ်ကြံ ခံသတ်ဖြတ်ရမှု AA ၏ လက်ချက်ဟု ALP ပါတီ ပြော

ဇန်နဝါရီလ (၄) ရက် နံနက်ပိုင်းက လွတ်လပ်ရေးနေ့အခမ်းအနားမှ အပြန်တွင် ပစ်ခတ် လုပ်ကြံခံရသည့် ALP ပါ တီ စစ်ဦးချုပ် ဗိုလ်ချုပ် ခိုင်းစိုးမြနှင့် အရာရှိ (၂) ဦး သေဆုံးခဲ့မှုသည် AA ၏ လက်ချက်ဖြစ်ကြောင်း ALP ပါတီက ထုတ်ဖော်ပြောဆိုလိုက်သည်။
ယမန်နေ့ နံနက်ပိုင်းက စစ်တွေမြို့တွင်ပြုလုပ်သည့် (၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ တက်ရောက်ပြီးအပြန်တွင် စစ်တွေမြို့ ငါးစင်းရိုင်းဘုန်ကြီးကျော င်းအနီး၌ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရသည့်အတွက် ဗိုလ်ချုပ် ခိုင်စိုးမြနှင့် ယာဉ်ပေါ်တွင်အတူပါလာသည့် ဒုဗိုလ်မှူးကြီး ခိုင်ကျော်စိုးနှင့် ဗိုလ်သူရိန္ဒတို့ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ လုပ်ကြံမှုနှင့် ပတ်သက်၍ ဇန်နဝါရီလ (၅) ရက်တွင် ထုတ်ပြန်လာသည့် ALP ၏ ထုတ်ပြန်ချက်တွင် ယ မန်နေ့က ဖြစ်ပေါ်ခဲ့သည့် ပစ်ခတ်လုပ်ကြံမှုသည် ရခိုင်အမျိုးသားအဖွဲ့ချုပ်/ ရခိုင့်တပ်တော်(ULA/AA) ၏ အ ကြမ်းဖက် လုပ်ကြံမှုဖြစ်ကြောင်း အတိအလင်း ဖော်ပြ ထားသည်။
အဆိုပါ ပစ်ခတ်မှုနှင့်ပတ်သက်၍ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ဒုတိယဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းထံ ပေါ် ပြူလာ နယူး(စ်) က ဆက်သွယ်မေးမြန်းစဉ် ၎င်းက ယခုလို ပြန်လည် ဖြေကြားထားသည်။
" ကျွန်မ‌ကတော့ ထူးထူးခြားခြားလည်း ဘာမှတော့ မပြောချင်တော့ပါဘူး။ မီဒီယာတွေက မေးရင် ကျွန်မ စကား (၃) ခွန်းပဲ ပြောပါတယ်။ သတ်ချင်လို့ သတ်တယ်။ သေသွားကြပြီ။ ရခိုင်ပြည်က လုံခြုံရေး လုံးဝမရှိဘူး။ ဒါကိုပဲ ကျွန်မပြောပါတယ်။ ဒီလို ဖြစ်စဉ်တွေကတော့ တော်တော်များခဲ့ပါပြီ။ အဖမ်းခံရတာ ၊အဆီးခံရတာတွေလည်း အများကြီး ရှိခဲ့ပါတယ်။ အဲဒီတော့ ထူးထူးခြားခြား ဘာမှမပြောတော့ပါဘူး။ မေးတာကိုပဲ ကျေးဇူးတင်ပါတယ်။ မနေ့က လွတ်လပ်ရေးနေ့ တက်ပြီး အပြန်မှာ ဖြစ်သွားတယ်လို့တော့ သိလိုက်ရတယ်။ ဘယ်လိုဖြစ်သွားလဲဆိုတာကိုတော့ ကျွန်မလည်း ခရီးလွန်နေတော့ အသေးစိတ်ကိုတော့ မသိလိုက်ဘူး " ဟု ဒေါ်စောမြရာဇာလင်းက ပြောသည်။
ALP ပါတီ၏ ဗဟိုကော်မတီဝင်လည်းဖြစ် စစ်ဘက်ခေါ င်းဆောင်တစ်ဦးလည်း ဖြစ်သည့် စစ်ဦးချုပ် ဗိုလ်ချုပ် ခိုင်စိုးမြ၊ အမှတ် (၁၀၁) တပ်ရင်းမှူး ဒုတိယဗိုလ်မှူး ကြီး ခိုင်ကျော်စိုးနှင့် ဗိုလ်သူရိန္ဒတို့ ပစ်ခတ်လုပ်ကြံခံရမှုသည် ရခိုင်လူထုအချင်းချင်း လူသားမဆန်သည့် အကြမ်းဖက်လုပ်ရပ်ဖြစ်ပြီး ၊ ရခိုင်တစ်မျိုးသားလုံး၏ စည်းလုံးညီညွ တ်ရေးကို ပျက်ပြားစေကြောင်း ALP ပါတီက ဇန်နဝါရီလ (၅) ရက်တွင် ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြထားသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ရခိုင့်တပ်တော် AA အနေဖြင့် တစ်စုံတရာ တုန့်ပြန်ပြောဆိုခြင်းမျိုး မတွေ့ရသေးပေ။
ရခိုင်တဦးက​တော့ မလိုလားအပ်တဲ့အပြင် ပယောဂတွေ ပြဿနာတွေရော​ထွေးလာမှာကိုတော့ စိုးရိမ်​ကြောင်း ဆိုသည်။



Popular

0 comments:

Post a Comment