Thursday, January 5, 2023

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ၏ အခက်အခဲများဖြေရှင်းပေးနိုင်ရန် ကာလတို/ကာလရှည်စီမံချက်များဖြင့် ဆောင်ရွက်သွားမည်

ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ အကျိုးကိုကာကွယ်စောင့်ရှောက်နိုင်ရန် ရည် ရွယ်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ဇန်နဝါ ရီ ၅ ရက်နံနက် ၁၀ နာရီက နစက အဖွဲ့ဝင်ဦးသိန်းညွှန့်ဦးဆောင်ကာ နေပြည်တော်၌ ပြုလုပ်ခဲ့သည်။
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ တရားဝင်နေထိုင်အလုပ်လုပ်ကိုင်နိုင်ရန်၊သာ မန်မြန်မာနိုင်ငံကူးလက်မှတ်သက်တမ်းတိုးပေးနေမှုနှင့်အသစ်ထုတ်ပေးနိုင်ရန်တို့အား ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် အထောက်အထားမဲ့ရွှေ့ပြောင်းအလုပ်သ မားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက် သေခံလက်မှတ်ထုတ်ပေးနိုင်ရန်နှင့်ရင်ဆိုင်ကြုံ တွေ့နေရသည့် စိန်ခေါ်မှုများ၊အဆင်ပြေချောမွေ့စွာဆောင်ရွက်ပေးနိုင်မည့် အခြေအနေတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ ကြုံ တွေ့လျက်ရှိသည့် အခက်အခဲများကို ဖြေရှင်းပေးနိုင်ရန် ကာလတို/ကာလရှည် စီမံချက်များဖြင့် သာမန်မြန်မာနိုင်ငံကူးလက်မှတ်များသက်တမ်းတိုးပေးနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများကြား ပိုမိုညှိနှိုင်းဆောင်ရွက်သွားရန်လည်း ဆွေးနွေးခဲ့ကြသည်။
ထို့အတူ နိုင်ငံသားများ၏ အကျိုးဖြစ်ထွန်းစေရန် ကဏ္ဍပေါင်းစုံမှ ထိရောက်စွာဆောင်ရွက်သွားရေးနှင့်နည်းလမ်းများ၊သာမန်မြန်မာနိုင်ငံကူးလက် မှတ်များ အချိန်မီသက်တမ်းတိုးပေးနိုင်ရေးအ တွက် သက်ဆိုင်ရာဝန်ကြီးဌာနများပါဝင်သည့် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်သွားရန်လည်းဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ပြည် ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ပြည် ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ပြည်ထောင် စုဝန်ကြီး ဦးမြင့်ကြိုင်၊အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၊နိုင်ငံ ခြားရေးဝန်ကြီးဌာန၊ ဒု-ဝန်ကြီး ဦးကျော်မျိုးထွဋ်၊နိုင်ငံခြားရေးဝန်ကြီးဌာန၊အမြဲတမ်းအတွင်းဝန် ဦးချမ်းအေး၊ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးချစ်ဆွေနှင့်ကောင်စစ်ရေးရာနှင့်ဥပဒေရေးရာဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ် ဦးကျော်တင်ရှိန်တို့တက်ရောက်ခဲ့ကြသည်။

Popular

0 comments:

Post a Comment