Thursday, January 5, 2023

မြန်မာနိုင်ငံတွင် ဇန်နဝါရီ ၃ ရက် အထိ COVID-19 ကာကွယ်ဆေး ထိုးပြီးသူ အသက် ၁၈ နှစ် အထက် ၃၀ ဒသမ ၈၅ နှင့် အသက်၁၈နှစ် အောက် ၆ဒသမ၈၀ သန်းကျော်ရှိ

မြန်မာနိုင်ငံတွင် ဇန်နဝါရီ ၃ ရက် အထိ  COVID-19 ကာကွယ်ဆေး ထိုးပြီးသူ အသက် ၁၈ နှစ် အထက် ၃၀ ဒသမ ၈၅ နှင့် အသက်၁၈နှစ် အောက် ၆ဒသမ၈၀ သန်းကျော်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန မှ သိရသည်။

 မြန်မာနိုင်ငံတွင်ကာကွယ်ဆေးများကို ဦးတည်ဦးစားပေးအလိုက် ထိုးနှံပေးလျက် ရှိရာ ဇန်နဝါရီ ၃ ရက်အထိ အသက် ၁၈ နှစ် နှင့်အထက် ကာကွယ်ဆေး ထိုးနှံပြီးစီး သည့် လူဦးရေ ၃၀၈၅၃၉၀၅(၃၀ ဒသမ ၈၅သန်း )၊ အ သက်၁၈နှစ်နှင့်အောက်ကာကွယ်ဆေးထိုး နှံ ပြီးစီးသည့် လူဦးရေ ၆၈၀၀၅၁၄(၆ဒသမ ၈၀ သန်း)ရှိကြောင်း ကျန်းမာရေးဝန်ကြီး ဌာန မှ သိရသည်။

COVID-19 ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းအားဖြင့် ရောဂါကူးစက် ဖြစ်ပွားမှု၊ ရောဂါပြင်းထန်မှုနှင့်သေဆုံးမှုတို့ကို လျှော့ချ ပေးနိုင်သည်ဖြစ်ရာ အသက်၅နှစ်နှင့် အထက် ပြည်သူများအားအနေဖြင့် COVID-19 ရောဂါကာကွယ်ဆေးကို အကြိမ်ပြည့် ထိုး နှံထားရှိရန် လိုအပ်သည့်အ ပြင် အသက်၁၈ နှစ်နှင့်အထက် ထပ်ဆောင်း ကာကွယ်ဆေး ထိုး နှံပြီးစီးမှုကာလ ခြောက်လရှိနေသော ပြည်သူများမှာလည်း  ကာကွယ်ဆေးထပ်မံ ထိုးနှံရန်လိုအပ်ကြောင်း ကျန်းမာ ရေးဝန်ကြီး ဌာန တိုက်တွန်းထားသည်။

 ထို့ပြင် အသက် ၁၅ နှစ်နှင့်အထက် ပြည်သူများအားလုံးနှင့် အသက် ၅ နှစ်မှ အ သက် ၁၈ နှစ်အထိ အခြေခံပညာကျောင်းသူ ၊ကျောင်းသားများကို ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေး အခမဲ့ထိုးနှံပေးလျက်ရှိပြီးအ သက် ၁၈နှင့်အထက် ကာကွယ်ဆေးထိုးနှံ ပြီးစီး မှုကာလ ခြောက်လနှင့်အထက်ရှိသော ပြည် သူများအား ထပ်ဆောင်းကာကွယ်ဆေး  အခမဲ့ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 နာတာရှည်ရောဂါအခံရှိသူများအနေ ဖြင့် ကိုဗစ် ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံထားရန်လိုအပ်ကြောင်း ကျန်းမာရေးဝန် ကြီး ဌာန တိုက်တွန်းထားသည်။ ဆီးချို၊သွေးတိုး၊နှလုံး။ကျောက်ကပ်၊ အသည်း၊ကင်ဆာရောဂါစသည့် နာတာရှည် ရောဂါအခံရှိသူများ၏ ကာကွယ်ဆေးမထိုး နှံဖြစ်သော အကြောင်းရင်းများမှာ နာတာ ရှည်ရောဂါအခံတစ်ခုခုရှိသောကြောင့် ကာ ကွယ်ဆေးထိုးနှံရမည်ကို စိုးရိမ်ကြောင့်ကြခြင်း၊မိမိသောက်နေကျဆေးများနှင့်ကာ ကွယ်ဆေး ဓာတ်မတည့်ဖြစ်မည်ကို စိုးရိမ် ကြောင့်ကြခြင်း၊ ဆေးထိုးစုရပ်များသို့ လာရောက်ရန် ခက်ခဲခြင်း၊သတင်းစကားအမှား များကြောင့် ကာကွယ်ဆေးထိုးနှံမှုမခံယူခြင်း မိသားစုများမှ အသက်အရွယ်ကြီးရင့်သဖြင့် ကာကွယ်ဆေးထိုးနှံရန် မလိုအပ်ဟု ထင်မြင် ၍ ဆေးထိုးစုရပ်သို့ ပို့ဆောင်မပေးခြင်းတို့ ဖြစ်ကြောင်း သိရသည်။

 နာတာရှည်ရောဂါအခံရှိသူများနှင့် ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံရန် အကျုံးဝင်သူများအနေဖြင့် ကာကွယ်ဆေးထိုးနှံသင့် အကြောင်းရင်းများမှာ မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုး အမျိုးမျိုးကြောင့် ကိုဗစ် -၁၉ ရောဂါဖြစ်ပွားပါက သေဆုံးနိုင်ခြေ အ လွန်နည်းပါးခြင်း၊ရောဂါပြင်းထန်စွာ ခံစားရ နိုင်မှုနှင့် ဆေးရုံတက်ရောက်ရမှုကို လျှော့ချ နိုင်ခြင်း၊ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုကို အတိုင်းအတာတစ်ခုအထိ လျှော့ချနိုင်ခြင်း၊ သက်ကြီးရွယ်အိုများ၊နာတာရှည်ရောဂါအခံ ရှိသူများသည် ကိုယ်ခံအားနည်းပါးသူများ ဖြစ်ခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါကူးစက်ခံ ရပါက ရောဂါပြင်းထန်စွာခံစားရနိုင်ခြေများ ခြင်းတို့ ဖြစ်ကြောင်း သိရသည်။


Eleven

0 comments:

Post a Comment