Thursday, January 5, 2023

နိုင်ငံတော်၏ NSPNC နှင့် UWSP , NDAA , SSPP တို့ဖွဲ့စည်းပုံအခြေခံဥပ ဒေ(၂၀၀၈ ခုနှစ်)မှ အခြေခံကျသောပုဒ် မများပြင်ဆင်နိုင်ရေးကိုဆွေးနွေး

နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့(NSPNC)နှင့်တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ဖြစ်သည့် “ဝ” ပြည်သွေး စည်းညီညွတ်ရေးပါတီ(UWSP)၊အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA)နှင့်ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)ကိုယ်စား လှယ်အဖွဲ့တို့ ဇန်နဝါရီ ၅ ရက်နံနက်ပိုင်းက နေပြည်တော်၌ တွေ့ ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
ဆွေးနွေးပွဲတွင် နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးရာပြည့်နှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၃)ဖွဲ့ ကိုယ်စား “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)ဒု-ဥက္ကဋ္ဌ ဦးလော့ယာကု တို့ကနှုတ်ခွန်း ဆက်စကားများပြောကြားခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ဆွေးနွေးမည့်အကြောင်းအရာ၊အစီအစဉ်များကို ဦးစွာနှစ်ဖက်ညှိနှိုင်းပြီး ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးပွဲ သဘောတူညီချက်များအရ ယခုတတိယအကြိမ်၌ ဆက်လက်ဆွေးနွေးရန် ကျန်ရှိသည့်ကိစ္စများနှင့်အဖွဲ့အသီးသီး၏ နိုင် ငံရေးလိုလားချက်များကို ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုကိုတည်ဆောက်ရာ၌ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)မှ အခြေခံကျသောပုဒ်မများကို ပြင်ဆင်နိုင်ရန်လည်း ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲသို့ နစက အဖွဲ့ဝင်၊ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊အမျိုး သားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးရာပြည့်၊ အဖွဲ့ဝင်များဖြစ်သည့် နစက အဖွဲ့ဝင် ဒု-ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊အမျိုး သားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီးမင်းနောင်၊ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်များဖြစ်သည့် ဒု-ဗိုလ်ချုပ်ကြီးမင်းနိုင်၊ ဒု-ဗိုလ်ချုပ်ကြီးဝင်းဗိုလ်ရှိန်နှင့်ဒု-ဗိုလ်ချုပ်ကြီး အေးဝင်းတို့တက်ရောက်ခဲ့ကြသည်။
ထို့အတူ “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)ဒု-ဥက္ကဋ္ဌ ဦးလော့ယာကု၊အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA)ဒု-ဥက္ကဋ္ဌ ဦးစန်ပေ့၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)ဒု-ဥက္ကဋ္ဌ (၂)စဝ်ခွန်ဆိုင်နှင့်ငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြသည်။

Popular

0 comments:

Post a Comment