Thursday, January 5, 2023

မိုင်းဖုန်းဆရာတော်ကြီး၏ သက်တော်(၆၀)ပြည့် ဝိဇာတမွေးနေ့မင်္ဂလာ၌ တန့်ယန်း စဝ်မောဝ်လုံ ပရိယတ္တိပညာရေးဖောင်ဒေးရှင်းအား ငွေကျပ်သိန်း ၁၀၀၀ လှူဒါန်း

မိုင်းဖုန်းဆရာတော်ကြီး၏ သက်တော်(၆၀)နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာအား တူချီလိတ်မြို့နယ်၊မိုင်းဖုန်းကျေးရွာအုပ်စုရှိ မိုင်းဖုန်းသာသနာ့နယ်မြေ၊လွန်းလိန်းကျောင်းတိုက်၌ ဇန်နဝါရီ ၅ ရက်က ကျင်းပခဲ့သည်။
မိုင်းဖုန်းဆရာတော်ကြီးသည် ဝိဇာတမွေးနေ့မင်္ဂလာ၌ တန့်ယန်း စဝ်မောဝ်လုံ ပရိယတ္တိပညာရေးဖောင်ဒေးရှင်းအတွက် ငွေကျပ်သိန်း ၁၀၀၀ လှူဒါန်းခဲ့ကြောင်း သိရသည်။
မိုင်းဖုန်းဆရာတော်ကြီး၏ ဝိဇာတမွေးနေ့မင်္ဂလာနှင့်အတူ "ကောင်းမှုခမ်းလုံ" ဗုဒ္ဓဂယာမဟာဗောဓိ စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်နှင့်ထီးတော်ကိုလည်း မိုင်းဖုန်းဆရာတော်ကြီးမှဦးဆောင်၍ တင်လှူပူဇော်ခဲ့ကြောင်း သိရသည်။
မိုင်းဖုန်းဆရာတော်ကြီး၏ ဝိဇာတမွေးနေ့မင်္ဂလာအား ဇန်နဝါရီ ၁ ရက်မှ ၆ ရက်အထိ ဆင်ယင်ကျင်းပလျက်ရှိပြီး လာရောက်သူများအား အလှူရှင်များက စတုဒိသာများကျွေးမွေးလှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် လာရောက်သူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် တြိဂံဒေသတိုင်း စစ်ဌာနချုပ်မှ အခမဲ့ဆေးကုသခြင်းနှင့်လူမှုကူညီရေးအသင်းများက အခမဲ့ကျန်းမာရေးဆေးခန်းများဖွင့်လှစ်ထားရှိပေးထားကြောင်း သိရသည်။

Popular

0 comments:

Post a Comment