Sunday, March 2, 2014

အချစ်ဆိုသည့်အရာကို အမှန်တစ်ကယ် တွေ့ရှိသောအခါ


ရီဝေေ၀အတွေးကမ္ဘာထဲမှာ ကြည်လင်ပြတ်သားတဲ့ အကြောင်းအရာတစ်ချို့ ရှိနေခဲ့သည် ။ မာယာများတဲ့ လောကကြီးထဲမှာ အမျိုးမျိုး လိမ်လည်လှည့်စားတတ်သူတွေကို ကြုံဆုံခဲ့ဖူးဧ။် ။ဒီအတွေ့ကြုံတွေက လူတွေကို သံတယတွေနဲ့ ကြည့်တတ်ဖို့သင်ပေးခဲ့လေသည် ။ အဲဒီအတွက် ရလာဒ်က အထီကျန်ခြင်းတွေ တစ်ပွေ့တစ်ပိုက် ။အရှုံးတွေနဲ့ နေသားကျနေတဲ့ မိန်းမတစ်ယောက်ဆီကို သိပ်ချစ်တတ်သူတစ်ယောက် ရောက်လာခဲ့ပြန်သည် ။ သူ့လောက်ချစ်တတ်သူတောင် သူ့လောက်ချစ်နိုင်မှာ မဟုတ်ပါ ။ လုံးဝ နားမလည်ခဲ့တဲ့ အချစ်ဆိုတဲ့ ဘာသာရပ်တစ်ခုကို ကျွမ်းကျင်ပိုင်နိုင်အောင် သူ့က သင်ပေးခဲ့သည် ။ ခပ်ဆိုးဆိုး ခပ်ပေပေ ကောင်လေး တစ်ယောက်မှာ သိပ်ချစ်တတ်တဲ့ နှလုံးသားတစ်စုံ ရှိနေသတဲ့လား ။ သိပ်ထူးဆန်းပါဧ။် ။

အေးမြတဲ့ ဒီဇင်ဘာ ညချမ်းမှာ ကောင်လေးတစ်ယောက်နဲ့ ဆုံတွေ့ခဲ့သည် ။ နှင်းပွင့်လေး
တွေလို အေးမြဖြူစင်တဲ့ချစ်ခြင်းတွေနဲ့ ကျွန်မဆီကို ရောက်ရှိလာခဲ့သူပေါ့ ။ သူ မရှိလို့ မဖြစ်တော့အောင် ရူးရုးမူးမူး ဖြစ်ခဲ့ရသည် ။ ကောင်လေး ဆိုတဲ့ နာမည်လေးကို
ခေါ်လိုက်တိုင်း ရှုံတွသွားတတ်တဲ့ မျက်နှာပိုင်ရှင်လေးကို ကျွန်မ သိပ်ချစ်ခဲ့မိသည် ။

ကောင်လေးနဲ့ အတူဖြတ်ကျော်ခဲ့ရတဲ့ နေ့ရက်တွေကို ပြန်တမ်းတမိတိုင်းရီဝေေ၀
အတွေးကမ္ဘာထဲ ရောက်ရှိသွားတတ်ပြန်ပါသည် ။ ခုခေတ် ခုခါမှာ ရှားပါးကုန်လို့ ဆိုနိုင်တဲ့
သစ္စာ မေတ္တာ ဆိုတဲ့အရာတွေ မထင်မှတ်ပါပဲ ကောင်လေးတစ်ယောက်ဆီမှာ အကုန် ရှိနေခဲ့တာ ကျွန်မကံကောင်းစေခဲ့သလား ။

*************************************

နာကျင်ဖွယ်ရာ ဘ၀ဇာတ်ဝင်ခန်းပေါင်းများစွာကို သရုပ်ဆောင်ခဲ့ရသူ ။ လက်ပန်းကျနေသူ မိန်းမတစ်ယောက် ဆိုလည်းမမှား ပေဘူး ။ ကိုယ်ဘက်က အကောင်းဆုံး
ဆိုတာတွေကို ပေးခဲ့ပါရဲ့ အဆိုးတွေကိုသာ ပြန်ရခဲ့ခြင်းဟာ အတိတ်ကာလဆီက ၀ဋ်ကြွေး
တွေကို ဆပ်နေခဲ့ရသယောင် ။ အောက်ဆုံးထိအောင် ပြုတ်ကျနေတဲ့ စိတ်ဓာတ်တွေကို ကောက်တင်ပေးခဲ့သူတစ်ယောက် မထင်မှတ်ထားတဲ့ ပုံစံမျိုးနဲ့
ကျွန်မဆီကို ရောက်ရှိလာခဲ့ပါသည် ။

တစ်ချို့တွေက ရေးကြတယ် ။ မိန်းမတွေက မာယာများသတဲ့ ။
တစ်ချို့တွေက ရေးကြပြန်သည် ။ ယောကျာင်္းတွေမှာ အချစ်တွေပေါများသတဲ့ ။
တကယ်တော့ တန်ဖိုးဆိုတဲ့ အရာကို လူတွေက မေ့နေကြလို့ပါ ။ အားလုံးကို သိမ်းကြုံးပြောလို့ မရပါဘူး ။ တန်ဖိုးထားတတ်တဲ့ ယောကျာင်္းတွေ ရှိကြသလို ၊ တန်ဖိုးရှိအောင်နေတတ်သူ မိန်းကလေးတွေလည်း ရှိပါသည် ။ ဒီထဲကမှ အချစ်ကို တန်ဖိုးထားပြီးမြတ်မြတ်နိုးနိုးနဲ့ မထင်မှတ်အောင် ချစ်တတ်တဲ့ ကောင်လေးတစ်ယောက် နဲ့ ကျွန်မ ဆုံတွေ့ခဲ့ရသည် ။

* hi *

ဒီစကားလုံးလေး နှစ်လုံးနဲ့ ကျွန်မဘ၀ထဲကို စတင်ဝင်ရောက်လာခဲ့သည်။ ချက်တင်ထိုင်ရတာ
ကို ၀ါသနာပါတဲ့ ကောင်လေးတစ်ယောက် ။ ချက်တင်ထဲ ကောင်မလေးပေါင်းများစွာကို
ကျူတတ်တဲ့ ကောင်လေးတစ်ယောက်ဆီမှာ တည်ငြိမ်ရင့်ကျက်တဲ့ ချစ်ခြင်းတစ်စုံ ရှိနေ
ခဲ့တာ ဘယ်လောက်ထူးဆန်းစေသလဲ ။ တော်ရုံလူ နားလည်မပေးနိုင်တဲ့ နားလည်
မှု့တွေကိုလည်း ပေးဖို့ အတွက်လည်း အဆင်သင့် ဖြစ်နေပြန်သည် ။

ကောင်လေးနဲ့ စတင်ခင်မင်မိချိန်မှာ အဖြူထည်သက်သက် ၊ အပျင်းပြေစကားပြောယုံ
သက်သက်တာဖြစ်ခဲ့သည် ။ ကောင်လေးသည်လည်း ကျွန်မနဲ့ တူညီသော ခံစားချက်
မျိုးသာရှိပါလိမ့်မည် ။ ထူးဆန်းတာ တစ်ခုတော့ ရှိခဲ့ဖူးသည် ။ ကောင်လေးနဲ့ စကားပြော
တာ သုံးရက်မြောက်တဲ့ နေ့ မှာပေါ့ ။အဲဒီနေ့က သူ့အွန်လိုင်းပေါ် တက်မလာခဲ့ဘူး ။ကျွန်မ
ရင်ထဲ နက်နဲတဲ့ ခံစားချက်တစ်ခုကို ဆိုးဆိုးရွားရွား ခံစားလိုက်ရသည် ။
ဒီခံစားချက်ကို အချစ်လို့ သတ်မှတ်မည် ဆိုပါလျှင် ထိုအချိန်ထဲက ကောင်လေး
ကို ကျွန်မ သိပ်ချစ်ခဲ့မိပါသည် ။ စကားတွေ ပြောကြရင်း တိုးပွားလာတဲ့ သံယောဇဉ်တွေက
ထုထည် ခိုင်မာလာခဲ့လေပြီ ။ တစ်ပတ်ကို လေးရက်လောက် အရက်သောက်တတ်သူ။
သူမလုပ်ဘူးသာ မရှိအောင် လျှောက်လုပ်တတ်သူ ခပ်ဆိုးဆိုးကောင်လေး တစ်ယောက်
ဆိုတာကိုလည်း အချိန်ကြာလေ ပိုသိလာလေပါပဲ ။ ကျွန်မရင်ထဲမှာ ကောင်လေးကို ချစ်တဲ့ အချစ်တွေကလည်း ထုထည်ကြီးမားလာတဲ့အမျှ ကောင်လေး အကြောင်းအားလုံးစုံကို
လည်း ပီပီပြင်ပြင်သိသိလာခဲ့ ရပါသည် ။

အရှုံးတွေနဲ့ နေသားကျနေတဲ့ ကျွန်မဘ၀မှာ နောက်တစ်ကြိမ် ထပ်ရှုံးချင်လို့
လားဆိုတဲ့ သတိပေးခေါင်းလောင်းတွေကလည်း အကြိမ်ကြိမ်မြည်ဟိန်းလို့ ။ ဝေခွဲရခက်စွာ
နဲ့ ကျွန်မ ကောင်လေးကို သိပ်ချစ်မိခဲ့သည် ။ နေ့တိုင်းအွန်လိုင်းပေါ်မှာ စကားတွေ ပြောနေ
ရပေမယ့် ကျွန်မဆီကို နေ့တိုင်း ဖုန်းခေါ်တတ်တဲ့ သူ့အကျင့်လေးကိုလည်း ချစ်ဧ။် ။
ရေမြေတွေ ခြားနေရပေမယ့် နေ့လည် ဆယ်နာရီခွဲပြီဆိုတာနဲ့ လာတတ်တဲ့ ကောင်လေး
ရဲ့ ဖုန်းကို ထိုင်စောင့်ရတာ ကျွန်မရဲ့ အလုပ်တစ်ခုပေါ့ ။ အဲဒီချိန်ကအင်တာနက်ကနေ
ခေါ်ဆိုရတဲ့ ဗိုက်ဘာတွေ ဘာတွေ ဒီလောက်ခေတ်မစားသေးတော့ သူ ကျွန်မဆီ ဖုန်းခေါ်ရင် ရိုးရိုးပိုက်ဆံ ကိုဘဲ ထည့်ခေါ်ခဲ့ရသည် ။ ချစ်သူ
သက်တမ်းတစ်လျှောက် တစ်ရက်မပျက်ခေါ်ခဲ့ပေးတဲ့ သူရဲ့ဖုန်းသံလေးတွေဟာ ကျွန်မဘဝ
အတွက် အားဆေးတွေပါပဲ ။ ကျွန်မကသာပိုချစ်ရသူလို့လည်း သတ်မှတ်ယူဆခဲ့ဘူးဧ။် ။ ဒီယူဆချက် ဒီအတွေးတွေနဲ့ သူဘ၀ထဲကို မိုက်မိုက်မဲမဲ ၀င်ရောက်ခဲ့မိလေသည် ။

ကောင်လေးနဲ့ လက်ထပ်လိုက်တဲ့ အချိန်မှာ ကျွန်မ မထင်မှတ်တာတွေကို ဆက်တိုက် သိမြင်ခံစားလိုက်ရပါတော့သည် ။

ကောင်လေးနဲ့ လက်ထပ်ဖို့ ဆုံးဖြတ်ပြီးချိန်မှာ သူရှိတဲ့နေရာသို့ ကျွန်မကို ခေါ်ယူခဲ့သည် ။
ကျွန်မ မထင်မှတ်ခဲ့တဲ့ လက်ထက်ပွဲလေးတစ်ခုကို သူစီစဉ်ပေးခဲ့သည် ။ လက်မှတ်ထိုးတာ
မင်္ဂလာဆွမ်းကျွေးပေးတာက အစ ဒင်နာအဆုံး လိုလေးသေးမရှိအောင် လုပ်ဆောင်ပေးခဲ့
သည် ။ ရေမြေခြားဖို့ လက်မှတ်ထိုးယုံလောက်သာ မျှော်လင့်ခဲ့မိသည် ။ မထင်မှတ်ထားတာ
တွေကို ဖန်တီးပေးတာမို့ ၀မ်းသာကြည်နူးခဲ့ရသည် ။ ကျွန်မ ဘ၀ကို အလုံးစုံးနားလည်ပေး
နိုင်သူအဖြစ် ပထမဆုံး ကျေးဇူးတင်မိခဲ့ပါသည် ။ ယောကျာင်္းလေး အများစုသည် မိမိသာ မကောင်းသာတွေကို မီးကုန်ရမ်းကုန်လုပ်ချင် လုပ်ကြပါလိမ့်မည် ။ မိမိလက်ထပ်မည့်
မိန်းကလေးကိုတော့ ပြစ်မျိုး မှဲ့မထင်ဆိုတာမျိုးကိုသာ ရယူပိုင်ဆိုင်ချင်ကြဧ။် ။ ထိုအမျိုးစားထဲကနေခွဲထွက်ပြီး ကျွန်မလက်တွေကို ရဲရဲတွဲခဲ့တဲ့ ကောင်လေးကို အရမ်းချစ်ခဲ့ရတာပေါ့ ။ ကောင်လေးက လူပျို တစ်ယောက် ။ ကျွန်မကတော့
တော်တော်လေး သိတတ်နေပြီဖြစ်တဲ့ကလေးနှစ်ယောက်ရဲ့မိခင် ။

အိမ်ထောင်ရေး ကံဆိုးစွာ အိမ်ထောင်နဲ့ ကွဲအပြီး လေးနှစ်အကြာမှာ ခုလို
ကောင်လေးနဲ့ ဆုံဆည်းခဲ့ရခြင်းပါ ။ ဒီလို မိန်းမတစ်ယောက်ကို လက်ထပ်ခဲ့သူ
ပေါ့ ။ ဒီထပ်ဆိုးတဲ့ အချက်တစ်ခု ရှိနေပါသေးသည် ။ကျွန်မက ကောင်လေးအတွက်

သားသား မီးမီးတွေကိုလည်း မွေးပေးနိုင်သူ မဟုတ်ပါ။ ဒါတွေကို အစောထဲက သိနေသားနဲ့
လက်ထပ်ခဲ့တဲ့ ချစ်သူကို ကျွန်မ မြတ်နိုးမိတာ အပြစ်မရှိပါဘူးနော် ။ * ကလေးမရနိုင်လည်း ဘာဖြစ်လည်း ။ ရှိနေတဲ့ သား နဲ့ သမီးက ကောင်လေး သားနဲ့ သမီးပေါ့ * လို့ ပြောတတ်တဲ့ သူ့စကားကိုကြားတိုင်း မျက်ရည်ဝဲအောင်ကြည်နူး စိတ်ချမ်းသာခဲ့ရပါသည် ။

အိမ်ထောင်ကျပြီးချိန်ကအစပြုလို့ အရမ်းကို ချွေတာခဲ့တာတွေ ။ပတ်ဝန်းကျင်တစ်ခုလုံးက *ဟာ * ဆိုတာမျိုး ဖြစ်အောင် ပြောင်းလဲသွားတဲ့ ကောင်လေး ။ ချစ်သူဘ၀မှာ ကျွန်မကို သိပ်အနိုင်ယူတတ်သူ တစ်ယောက် ဒီလို ပြောင်းလဲသွားမယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့မိပါ ။ ကျွန်မကို သိပ်ဦးဆောင်ချင် ၊ ဆရာလုပ်ချင်တဲ့ စိတ်ကတော့ ကောင်လေး

မှာ အပြည့်ဝ စိုးမိုးနေလေရဲ့ ။ သူနဲ့ ကျွန်မအကြား အဖုထစ်ဆိုလို့ သူအပေါ် အမြဲစိုးရိမ်နေတဲ့ ကျွန်မရဲ့ အတ္တလေးသာရှိနေခဲ့ပါသည် ။

ကလေးမရနိုင်တဲ့ ကျွန်မ ကောင်လေးကို ဆုံးရှုံးရမှာကို သိပ်ကြောက်မိ
သည် ။ ကျွန်မအတွေးထဲ မှာ အမြဲစိုးမိုးနေတဲ့ အတွေးတစ်စုံက ကျွန်မကို ထာဝရခြောက်လန့်
နေတော့မယ်ထင်ပါရဲ့ ။ မိန်းမတစ်ယောက် မိန်းမကောင်းတစ်ယောက် တန်ဖိုးရှိတဲ့ မိန်းမတိုင်းသည် တစ်ဘ၀မှာ တစ်ကြိမ်တစ်ခါသာ အိမ်ထောင်ပြုလိုကြပါသည် ။ ထိုအိမ်ထောင်
မိသားစုဘ၀လေးကို သေတပန် သက်တစ်ဆုံး ပေါင်းသင်းလိုကြတာ မိန်းမကောင်းတိုင်းရဲ့
တူညီတဲ့ ဆန္ဒတစ်ခုပါပဲ ။ ကံအကြောင်းမလှလို့ ကွဲကြရသည် ။ နောက်တစ်ကြိမ် အိမ်ထောင်
ပြုကြသည် ။ မိန်းမသားတစ်ယောက်ဘ၀မှာ တစ်ကြိမ်တစ်ခါတော့ အမှားပြင်ဆင်ခွင့်ရှိကြပါ
သည် ။ တစ်ကြိမ်ထက် ပိုကာ အမှားတွေကို ခဏခဏ ပြင်ဆင်နေမယ်ဆိုရင်တော့ မိန်းမကောင်းစာရင်းကနေ ပယ်ဖျက်တတ်ကြတာကို လူတိုင်းအသိပါ ။ ထို့အတူ ကျွန်မလည်း တစ်ကြိမ်တစ်ခါအမှားပြင်ဆင်ခဲ့ပြီးပြီ ။ နောက်တစ်ကြိမ်ဆိုတဲ့ အခွင့်ရေး လုံးလုံးမရှိတော့ပါ။ မိန်းမကောင်း တစ်ယောက်ဖြစ်ဖို့အတွက် ကောင်လေးသည် ကျွန်မခင်ပွန်းအဖြစ်

သေသည့်တိုင် ကျွန်မနားရှိနေဖို့အရေးကြီးလှပေသည် ။ ကောင်လေး သာ တခြားတစ်ယောက်နဲ့ ဖောက်ပြန်ခဲ့လျှင် မတော်
တဆများ သားသမီး ရသွားခဲ့ပါလျှင် ။ ကျွန်မ နဲ့ ယှဉ်ရွေးကြရတော့မယ့် အခြေနေမျိုးသာ
ဖြစ်လာခဲ့ပါလျှင် ကျွန်မသာကျန်ခဲ့ရပေမည် ။ ကျွန်မက ကောင်လေးအတွက် ကလေးလေး
တစ်ယောက်မှ မွေးမပေးနိုင်သူလေ ။ဒီအတွေးတွေနဲ့ အမြဲလို စိတ်အားငယ် ရင်မောနေရသူ
ကျွန်မဧ။် စိတ်တွေ အမြဲလိုလို ကောင်လေးကို ပူပန်စိုးရိမ်နေခဲ့ရသည် ။ ရီဝေေ၀ အတွေးတွေထဲအမြဲ နစ်မျောနေခဲ့သည် ။ *ဘယ်တော့မှ ကျွန်တော် မဖောက်ပြန်ပါဘူး *ဆိုတဲ့ ကတိမျိုးတွေ ကောင်လေးဆီက ရနေပေမယ့် မတော်တဆကံကြမ္မာကို ကျွန်မ မယုံရဲဘူး ။

* မရေ မ *

အတွေးတွေထဲ မျောနေလိုက်တာ ကောင်လေး ပြန်လာပြီ ။

* ရှင် ။ မ ဒီမှာ ကောင်လေး *

ဖြေဆိုသံနဲ့အတူ လူကပါ ကောင်လေးနားကို အရောက်သွားလိုက်ပါသည် ။

* မ ဒီနေ့ ဘာနေ့လည်း *

ကောင်လေး အမေးကို ချက်ချင်းမဖြေနိုင်ဘူး ။ ဒီနေ့ လေးရက်နေ့ ဆိုတော့ ။

*အယ် မ မွေးနေ့ဘဲ * အံ့သြ၀မ်းသာမှုတွေနဲ့ ပြန်ဖြေလိုက်မိသည် ။ ကျွန်မကို ပြန်ပြုံး
ကြည့်နေတဲ့ ကောင်လေး အပြုံးတွေက အသက်ဝင်လိုက်တာရှင် ။ တစ်ခုခု ပြောချင်
နေပုံရသည် ။ ကျွန်မဧ။် မျက်နှာလေးကို ဖေးမော့ကာ ချစ်ခြင်းတွေ ပါဝင်စီးမျောနေတဲ့
မျက်ဝန်းတစ်စုံဖြင့် စိုက်ကြည့်ရင်း

* မ ... မ ကို ကောင်လေး သိပ်ကိုချစ်သွားခဲ့တယ် ။ ချစ်သူဘ၀မှာ မ အပေါ် သိပ်မလေးနက်
ခဲ့ပေမယ့် အိမ်ထောင်သည်ဘ၀မှာ မ ကို ကောင်လေး သိပ်ချစ်သွားခဲ့တယ် မ ။ သူများတွေ
လို အထိတွေ့တွေနဲ့ မဆွဲဆောင်ဘဲ အိမ်ထောင်သည်မိန်းမတစ်ယောက်ရဲ့ မိန်းမပီတ
မှု့တွေနဲ့ ကောင်လေးကို ပြုပြင်ပြောင်းလဲပေးခဲ့တယ်နော် ။ အရက်သောက်ပြီးမှ ရလာ
တဲ့ စိတ်ကျေနပ်မှု့တွေကို တန်ဖိုးရှိတဲ့ အရာတွေနဲ့ အစားထိုးပေးခဲ့တယ် ။ ကောင်လေး
လိုအပ်သမျှကို ဖြည့်စီးပေးဖို့ အဆင်သင့်ဖြစ်နေတဲ့ မ ကို ကောင်လေး အရမ်းချစ်တယ် ။
ကောင်လေး ဘယ်လောက်ဆိုးဆိုး သည်းခံခွင့်လွတ်ပေးခဲ့တဲ့ ချစ်သူမို့ လက်ထပ်ဖို့ထိ
ဆုံးဖြတ်ခဲ့ပေမယ့် ခုလောက်ထိ မလေးနက်ခဲ့ဘူးဆိုတာ ရိုးသားစွာ ၀န်ခံပါတယ် ။ လက်ထပ်
ပြီးမှ မ အပေါ် ပိုပြီး နားလည်ခဲ့တယ် ။ ပိုချစ်ခဲ့တယ် ။ မ ကို ဘယ်လောက်ထိတောင် ချစ်
သွားခဲ့သလဲဆို သက်သေပြမယ်နော် မ ။ မ အတွက် ဒီနေ့ အကောင်းဆုံး မွေးနေ့ လက်ဆောင်တစ်ခု ကောင်လေး ယူလာခဲ့တယ် ။ *

ပါဆယ်သေးသေးလေး တစ်ခု ကို ကျွန်မလက်ထဲ ညင်သာစွာ ကောင်လေး ထည့်ပေးလာ
သည် ။ ပါဆယ်ထုပ်လေးကို ချက်ချင်းဖြေလိုက်မိသည် ။ ဘူးလေးထဲမှာ စာရွက်လေးတစ်
ရွက်သာရှိနေသည် ။ စာရွက်ခေါက်လေးကို ဖြေညင်းစွာ ဖတ်ကြည့်မိလိုက်သည် ။ စာရွက်
လေးကို အတန်ကြာ ငေးစိုက်နေမိဧ။် ။ သတိလက်လွတ်ဖြစ်သွားတယ်ဆို ပိုမှန်ပါလိမ့်မည် ။
ရင်ထဲမှာ အနိုင်းဆမဲ့ ကြည်နူးရချေသည်ကော ကောင်လေးရယ် ။

* ချစ်တတ်လိုက်တာ ကောင်လေးရယ် ၊ မ သိပ်ကို ကြည်နူးတယ် ။ ပြီးတော့ အရမ်းကို
အံ့သြခံစားရတယ်။ မ ကိုယ် မတောင် ပြန်ရှက်လာမိတယ် ။ မ ကောင်လေးကို ချစ်တဲ့
အချစ်တွေတောင် နောက်ကောက်ကျကျန်ခဲ့လေပြီလားကွယ် ။ မ လေ ... မ ပြေမပြ
တတ်အောင်ကို အရမ်းကျေးဇူးတင်တာပါပဲ ကောင်လေးရယ် *

ဟုပြောကာ ကောင်လေးဧ။် နဖူးပြင်ထက်မှ ဆံစလေးတွေကို ဖွဖွဖေးယူကာ နဖူးပြင်လေး
ကို သိမ်မွေ့စွာ နမ်းရှိုက်လိုက်မိရပါဧ။် ။ သူရဲ့ ချစ်ခြင်းတွေကို သူရဲ့ သစ္စာတရားတွေဖြင့်
တိုင်တည်ခဲ့သည် ။ သူ့ရဲ့နားလည်မှု့တွေနဲ့ တိုင်တည် ခဲ့သည် ။ သို့သော် ကျွန်မရဲ့ စိုးရိမ်
စိတ်တွေက ကောင်လေး နဲ့ ကျွန်မကြား စိတ်အနှောင့်ယှက်ကြီးစွာပေးနေခဲ့သည် ။ ခုချိန်မှာတော့ကောင်လေး ပေးခဲ့တဲ့ မွေးနေ့လက်ဆောင်လေးက ကျွန်မရင်ထဲက စိုးရိမ်သောကတွေကို အပြီးတိုင်ရှင်းလင်း ပယ်ထုတ်ပေးနိုင်ခဲ့လေပြီ ။ ကောင်လေး ကျွန်မကို ပေးတဲ့ လက်ဆောင်လေးကတော့ လွန်ခဲ့တဲ့ နှစ်ပတ်ခန့်က ဆေးရုံတစ်ခုမှာ
ကောင်လေး သားကြောဖြတ် ထားတဲ့ ဆေးစာရွက်လေးတစ်ခုပါပဲ ။

ခိုင်လေး ( ရွှေတောင် )
lubo601

0 comments:

Post a Comment