၁၉၈၀ပြည့်နှစ်တွေတုန်းက
 မိတ်ကပ်ထူထူ၊ နှုတ်ခမ်းနီရဲရဲဆိုးခဲ့ကြတဲ့ မိန်းကလေးတွေရဲ့ 
ပြင်ဆင်ခြယ်သမှုပုံစံတွေဟာ ခုတဖန် ပြန်လည်ခေတ်စားလာခဲ့ပါပြီ။ အဲ့ဒီတုန်းက 
မိန်းကလေးတွေရဲ့ မျက်လုံးခြယ်သမှုတွေဟာ ဆန်းသစ်မှုတွေရှိနေခဲ့တယ်လို့ 
ယနေ့ခေတ် နာမည်ရနေတဲ့ မိတ်ကပ်ဆရာတွေက ဆိုခဲ့ကြသလို ခုအခါ 
အဲ့ဒီခြယ်သမှုတွေကို ပြန်လည်ဆန်းသစ်ခြယ်သလာကြတာမို့ ၁၉၈၀၀န်းကျင်က 
ခေတ်စားခဲ့တဲ့ ခြယ်သမှုတွေက ဘယ်လိုပုံစံမျိုးတွေလဲဆိုတာ ခုလို 
ဖော်ပြပေးလိုက်ပါတယ်။
၁။အရောင်စုံတဲ့ အိုင်းရှဲဒိုးခြယ်သမှုများ
၁၉၈၀
 ပြည့်နှစ်တွေတုန်းက ကိုယ်က သိပ်မိုက်တဲ့ကောင်မလေးတစ်ယောက်ဆိုရင် 
မျက်လုံးကို ကာလာသုံးမျိုးလောက်စပ် ခြယ်သပြီး အပြင်ထွက်လေ့ရှိလိမ့်မယ်ဆိုတာ
 ဘယ်လိုမှ မငြင်းနိုင်ပါဘူး။ အဲ့ဒီအချိန်ကာလတွေတုန်းက အိုင်းရှဲဒိုးဆိုးရင်
 အပြာ၊ ခရမ်း နဲ့ ပန်းရောင်ကို တစ်ခါတည်း ပေါင်းစပ်ခြယ်သပစ်လေ့ရှိကြပါတယ်။
၂။လိုင်နာအမည်း၊ ပန်းရောင်နှုတ်ခမ်းနီ ပေါင်းစပ်ဖန်တီးမှု
အဲ့ဒီခေတ်တုန်းက
 ရော့ခ်ဆန်ဆန် ခြယ်သမှုမျိုးရှိခဲ့ပါတယ်တဲ့။ ဒါကတော့ ယနေ့ခေတ် smoky eye 
ခြယ်သ သလိုမျိုး မျက်လုံးကို အိုင်းလိုင်နာ ခပ်မည်းမည်းနဲ့ 
အမိုက်စားခြယ်သပြီးချိန်တိုင်း နှုတ်ခမ်းကိုတော့ ပန်းရောင်သာ 
ဆိုးလေ့ရှိကြပါတယ်။ ခုပြန်ခေတ်စားနေတဲ့ ခြယ်သမှုတစ်ခုပါပဲ။
၃။ပါးနီရဲရဲ ခြယ်သမှုများ
မျက်တောင်တုဆိုရင်
 ခုလောက် တပ်လေ့မရှိပေမယ့် မတိုမရှည်လေးတွေ တပ်လေ့ရှိတယ်လို့ သိရပါတယ်။ 
ပါးနီကိုတော့ ရဲနေအောင် ခြယ်သလေ့ရှိကြပြီး နှုတ်ခမ်းနီကိုလည်း 
အဲ့ဒီပါးနီနဲ့လိုက်ဖက်တဲ့အရောင် ဆိုးလေ့ ရှိကြပါတယ်။
Ref:cosmopolitan.com
 Trend Myanmar
 






 
 
 
 
 
0 comments:
Post a Comment