Tuesday, March 4, 2014

လရောင် ဆိုတဲ့ ကောင်လေးတစ်ယောက်မှာ.....


လရောင် ဆိုတဲ့ ကောင်လေးတစ်ယောက်မှာ ပန်းနု ဆိုတဲ့ ကောင်မလေး တစ်ရှိခဲ့ဖူးတယ် ။
ပန်းနုဟာ မှော်အတတ်ပညာတွေကို မယုံသလို နှုတ်ကလည်း စည်းမစောင့်ပဲ ပြောချင်တာတွေ ပြောတတ်တာ သူအကျင့်ဖြစ်နေပြီး ။
တနေ့ မှော်ဆရာတစ်ယောက်ဟာ ကောင်မလေးကို ပြုစားလိုက်တာ လက်ရှိဘဝက အကြောင်းတွေ မေ့လျော့သွားခဲ့တယ် ။
ထိုကြောင့် ကောင်လေးဟာ သူ့ချစ်သူ ကောင်မလေး ဘာကြောင့် လက်ရှိဘဝက အားလုံးကို မေ့သွားခဲ့လည်း အဖြေရှာကြည့်လိုက်တဲ့အခါ မှော်ဆရာမကြီးရဲ့ ပြုစားထားခြင်းကြောင့် ဆိုတာကို သိသွားခဲ့တယ် ။

ထို့နောက် ကောင်မလေးသတိပြန်လည်မှတ်မိဖို့အတွက် မှော်ဆရာမကြီးထံ အသနားခံခဲ့ရှာတယ် ။ ထိုစဉ် မှော်ဆရာမကြီးက ---

မင်းချစ်သူ သတိပြန်ရချင်ရင် ငါ့ဆီ ပန်းဝတ်မှုန်တွေ စုတ်ယူပေးတဲ့ ပျားလေးတစ်အဖြစ်သုံးနှစ်သုံးမိုးမပျက်မကွက် ထမ်းရွတ်ရမယ် သဘောတူလား တဲ့

ကောင်လေးဟာ ခဏတော့ တွေးဝေသွားခဲ့တယ် နောက်တော့ သူချစ်သူ သတိပြန်ရဖို့အတွက် သူ့ဦးနှောက်ထဲမှာ အပြည့်နေရာယူထားတော့ မှော်ဆရာမကြီးရဲ့ တောင်းဆိုမှုကို သဘောတူခဲ့တယ် ။

ထို့နောက် မှော်ဆရာမကြီးထံ ပျားလေးတစ်ကောင်အဖြစ်နဲ့နေ့စဉ် ပန်းဝတ်ရည်စုတ်ယူပေးနေရတဲ့အဖြစ်ကို သူ့ချစ်သူကောင်မလေးမှာ မသိရှာခဲ့ဘူး ။ ဒီလိုနဲ့တဖြေးဖြေးနဲ့ ကောင်မလေးရင်ထဲမှာ ကောင်လေးဟာ ရုတ်တရက်ပျောက်သွားခဲ့တာ တစ်နှစ်ကျော်ထဲကို ရောက်လာတယ် ။ ကောင်မလေးကတော့ ဘာကြောင့် ကောင်လေးပျောက်သွားခဲ့လဲ အဖြေရှာရင် နေ့စဉ်ရက်မျှော်နေရှာခဲ့တယ် ။ ဒါကို သူ့ချစ်သူ ကောင်လေးဟာ ပျား ဘဝလေးအဖြစ်နဲ့ မြင်တွေ့နေရပေမယ့် ကောင်မလေးအနား ဝဲပျံသွားပြီး စကားတွေ တတွတ်တွတ်နဲ့ပြောနေရှာခဲ့တာ ကောင်မလေးမကြားနိုင်ဘူး ။

နောက် ၂နှစ်ပြည့်လာတဲ့အခါ ပျောက်ကွယ်သွားတဲ့ ကောင်လေးကို ကောင်မလေးရင်ထဲမှာ တဖြေးဖြေးမေ့လျော့လာခဲ့တယ် ။ ကောင်လေးကတော့ သူဟာ ပျားဘဝလေးနဲ့ နောက်တစ်နှစ်ဆို သူ့ချစ်သူနဲ့ ပြန်တွေ့ရတော့မှာဖမို့ အပျော်ကြီးပျော်နေရှာခဲ့တယ် ။ နေ့စဉ်ဆိုသလို ပန်းကလေးတွေရဲ့ ဝတ်မှုန်ကို ယခင်နှစ်တွေထက် မှော်ဆရာမကြီးကို သယ်ယူပေးခဲ့တယ် ။ မှော်ဆရာမကြီးကလည်း ကောင်လေးကိုကြည့်ပြီးသနားတတ်လာတယ် ။ သူ့ကို ချူပ်ထားတဲ့နှစ်တွေကို ပြန်ဖြေလျော့ပေးချင်ပေမယ့် သူ့ရဲ့အစီအစဉ်တွေက ပြန်နှုတ်လို့မရတာ ဝမ်းနည်းစရာတစ်ခုဖြစ်ခဲ့ရပြန်တယ် ။

၂နှစ်ကျော်လို့ လတွေတဖြေးဖြေးကုန်ခမ်းလာတဲ့အခါ ကောင်လေးဟာ ကောင်မလေးကို သတိရလွန်းလို့ သူ့ဆီ တစ်ခေါက်ပျံသန်းသွားဖို့ ဆုံးဖြတ်လိုက်တယ် ။ ကောင်မလေး အနားကို ရောက်သွားခဲ့တယ် ဆိုရင်ပဲ ကောင်လေးရင်တွေ ပူလောင်သွားတယ် ။ ပျံသန်းနေတဲ့ တောင်ပျံတွေ ဖြုန်ခနဲဆို ရပ်တန့်သွားတယ် ။ ရင်ဘက်တွေ အောင့်တက်လာတယ် ။ ဘာလို့လဲဆို ကောင်မလေးရဲ့ လက်ကိုဆွဲ ရုပ်ခက်သန့်သန့် လူငယ်တစ်ယောက်ဟာ ကောင်လေးချစ်သူကို ရင်ခွင်လေးထဲ ထွေးပွေ့ထားတာ ကောင်လေးရင်ထဲ မီးဆနဲ့ ထိုးထည့်လိုက်သလိုမျိုး လုံးဝ တလောကလုံးမေ့လျော့သွားလောက်အောင်ပူပြင်းနေခဲ့ရှာတယ် ။ ဒါနဲ့ ပျား အဖြစ်ကောင်လေးဟာ သူတို့နှစ်ယောက်နား ဝဲပျံသွားစဉ် ကောင်မလေးရဲ့ ပခုံးထက် နားခိုးလိုက်တယ် ပြီးတော့ သူ့ချစ်သူကောင်မလေးကို ---

ငါ့ကို မမှတ်မိတော့ဘူးလား ငါ နင့်ချစ်သူလေးဟာ ငါတို့နှစ်ယောက်မုန့်တွေလုစားခဲ့ကြတယ်လေး ပြီးတော့ အပြေးပြိုင်တမ်းကစားခဲ့တယ်လေ ညနေရောက်တိုင်း နင့်အိမ်လေးကို မယောင်မလည်း ငါလာတတ်လေ တဲ့

ကောင်လေးရဲ့ ရင်တွင်းလှိုက်သံစကားတွေက တဝီဝီ တကွိကွိ နဲ့ ကောင်မလေးနားထဲ ရောက်သွားတဲ့အခိုက် ကောင်မလေးဟာ သူ့ပုခုံးထက်က ပျား တစ်ကောင်ကို မြင်လိုက်ဆိုရင်ပဲ ထိတ်လန့်သွားတယ် ။ ချက်ချင်းဆိုသလို ကောင်မလေးဘေးက သူက ပျား လေးကို လက်ဝါး နှစ်ဖက်နဲ့ သတ်ဖျက်ဖို့ ကြိုးစားနေတယ် ။ ကောင်လေးဟာ ကောင်မလေးရဲ့ အမှုအရာတွေ လုံးဝပြောင်လဲသွားတာ တချက်ချက် ကောင်လေးရဲ့ အသက်ရှုနှုန်းတွေဟာ အောင့်သက်သက်ဖြစ်နေရှာခဲ့ယုံလွဲပြီး ဘာမှ ထူးခြားမှုမရှိခဲ့ပါဘူး ။

ဒီလဟာ ဆိုရင် ကောင်း ပျားလေးဘဝက လွတ်ဖို့အတွက် နောက်ဆုံးလလေးဖြစ်ခဲ့ပြီး ။ နောက်ကျိနေတဲ့ ဦးနှောက်တွေရယ် ပြည့်နှက်နေတဲ့ ရင်ဘက်တွေဟာ ကောင်လေးအတွက် ညတိုင်း ကြေကွဲနေရသူပေါ့ ။ ကောင်းကင်ပြင်ဟာလည်း ဒီနေ့မှ သာယာနေလိုက်တာ လျှပ်တပြတ် လေနှင်းရာကို တောင်းပံနှစ်ဘက်ဆန့်ပြီး ဝဲပျံလာလိုက်တာ အုံ့ဆိုင်နေတဲ့ သစ်ပင်အောက်ရဲ့ ထိုင်ခုံလေးတစ်ခု အရောက် တွေ့ပါပြီး သူ့ချစ်သူနဲ့ ဘေးနားက လူငယ်တစ်ယောက် ။ ကောင်မလေးအသံက ပထမဦးဆုံး ထွက်ပေါ်လာတယ် --

မောင် မနက်ဖြန်ဆို လက်ထပ်ကြတော့မှာ မပျော်ဖူးလားတဲ့

ကောင်လေးရက်ဘက်တွေ နင့်နေအောင်ပဲ ကောင်မလေးစကားသံပဲ့တင်ထပ်နေတယ် ။ အသဲထဲက လှိုက်လာတဲ့ အဖြစ်ဟာ လည်ချောင်းဝမှာ စို့နင့်နေတယ် ။ အသက်ရှုနှုန်းတွေက ပုံမှန်မဟုတ်ပဲ မြန်ဆန်းနေပြီး ။

အော် စတေးလိုက်တဲ့ ဘဝရဲ့ ရလဒ်ဟာ တဆစ်ဆစ်နာကျင်ရတဲ့ ကြေကွဲမှုတဲ့လား
ငါ့  ရင်ဘက်တွေက ဘယ်လောက်ပူပြင်းနာကျင်နေမှာလဲ ဟာ ဒါပေမဲ့ နင် ပြုံး လိုက်တဲ့ အပြုံးတဲ့ ငါ့ နာကျင်မှုက တူညီတယ်လို့ မှတ်ချက်ပေးပါတယ် ချစ်သူရယ်

ကောင်းလေးဟာ တတွတ်ရေရွတ်လိုက်တယ်ဆိုရင် သူနှလုံးခုန်နှုန်းတွေက မူပြောင်လောင်တယ် ။ မျက်စိတွေ ပြာနှမ်းလာပြီး ။ သူ့စိတ်ကို လုံးဝထိန်ချုပ်လိုက်တယ် ကောင်လေးဟာ မှော်ဆရာမကြီး ထံ ရောက်အောင်ပြန်လာခဲ့ရှာတယ် ။ မှော်ဆရာမကြီးရှေ့ ရောက်တယ်ဆိုရင်ပဲ သူဟာ တောင်းဆိုတစ်ခုခွင့်တောင်းလိုက်တယ် ။

အဲ့တာကတော့ သူ့ကို ပြန်ပြီး အသက်သွင်းလို့မရတဲ့ အဖြူရောင် ပျား အရုပ်လေးအဖြစ်ပြောင်းပေးပါတဲ့ မှော်ဆရာမကြီးလည်းသူ့အပြစ်တွေနဲ့ မကင်းတဲ့ ကောင်လေးအဖြစ်ကို မျက်ရည်ဝဲလာမိတယ် ။
နောက်ဆက်ပြီး ကောင်လေးဟာ သူပျားဖြူလေးဖြစ်သွားတဲ့အခါ သူ့ကောင်မလေးကို လက်ဆောင်အဖြစ်နဲ့ပေးပေးပါတဲ့ ။ ဒါနဲ့မှော်ဆရာမကြီးက ဘာလို့အသက်ဆက်မရှင်ချင်တော့တာလဲတဲ့ ။ သူအသက်ဆက်ရှင်နေရင် သူ့ကောင်မလေးလို အချစ်တစ်ခုကို ရှာတွေ့မှာ ကြောက်လို့ပါတဲ့ ။ဒီအဖြစ်အျပက်တွေကို ဘယ်သူ့မှမပြောဖို့ကောင်လေးဟာ ကတိတွေတောင်ခဲ့ပြန်တယ်။ မှော်ဆရာမကြီးဟာ ကောင်လေးရဲ့အချစ်ကိုလည်း သနား ဘယ်လိုမှတားမရတဲ့ ကောင်လေးကို သူခိုင်းတဲ့အတိုင်း အဖြူရောင်ပျားလေးအဖြစ်ပြောင်းလည်းထားခဲ့တယ် ။

ထိုနောက်မှာ မင်္ဂလာလက်ထပ်ပွဲဆီကို မှော်ဆရာမကြီးရောသွားခဲ့တယ်။ ကောင်မလေးကို တွေ့တယ်ဆိုလျှင်ပဲ လူတစ်ယာက်က ဒီအရုပ်လေးကို ပေးခိုင်းလိုက်လို့ပါတဲ့ ။ ကောင်မလေးဟာ အရုပ်လေးကို ကြည့်ပြီး ရိပ်ခနဲ နွေးခနဲ ခံစားမှု ပေါ်လာတယ် ။ ဒါနဲ့ ကောင်မလေးက ဒီအရုပ်လေးကို ဘယ်သူပေးခိုင်းတာလဲမေးတော့ မှော်ဆရာမကြီး တဟီးဟီးနဲ့ ငိုနေရှာတာ အတော်တန်ကြာသိအထိကိုပဲ ။ ကောင်လေးရေ မင်းတောင်းတဲ့ ကတိတွေကို ချိုးဖျက်ခွင့်ပြုပါတဲ့ ။

--------

-------

-------

ဖြစ်ကြောင်းကုန်စင်ကို ပြောပြလိုက်တဲ့အခါ ကောင်မလေးနဲ့ မင်္ဂလာပွဲက လူတွေဟာ မျက်ရည်ထိန်းချုပ်လိုက်နေစဉ်ကြားက အဖြူရောင်ပျားလေးကို ကြည့်ပြီး မျက်ရည်ဝဲလျက်သာ ------*

အားပေးမှုကို အထူးကျေးဇူးတင်လျက်
ကြိုးစားပါမည်

ဒိုင်ယာရီ
 —
ဇတ်လမ်းတိုလေးတွေ ဖတ်ကြမယ်

0 comments:

Post a Comment