
“စိတ်လှုပ်ရှားမှု ကောင်းမွန်လျက် စိတ်ရောဂါ ကင်းရှင်းနေလျင် 
စိတ်ကျန်းမာသည်” ဟု ခေါ်သည်။ ဘဝတွင် အပြုသဘောဆောင်၊ အပေါင်းလက္ခဏာ 
အမြင်ရှိရန်၊ အခက်အခဲပြဿနာများကို ရင်ဆိုင်ကျော်လွှားရာတွင် 
အလျော့အတင်းရှိပြီး၊ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းတတ်ခြင်းပင်ဖြစ်သည်
လူတဦးအနေနှင့် လူ့ အဖွဲ့ အစည်းအား ကောင်းကျိုးချမ်းသာ ဖြစ်စေရန် ပြုမူ-နေထိုင်တတ်ရန်
 ဟုလည်း ဆိုနိုင်သည်။ စိတ်ကျန်းမာရေး ပြဿနာသည် ကမ္ဘာ့ကျန်းမာရေး 
ဝန်ထုပ်ဝန်ပိုးကြီးတရပ် ဖြစ်နေ သည်။ ရောဂါပေါင်းစုံ၏ ၁၄% ရှိသည်။ 
ကူးစက်ရောဂါများမှအပဆိုလျင်
 
 အများဆုံးဖြစ်သည့် စိတ်ရောဂါများမှာ -
 ၁။ စိတ်ကျရောဂါ။
 ၂။ အရက်စွဲရောဂါ။
 ၃။ စကီဇိုဖရီးနီးယားရောဂါ၊
 ၄။ ဒီမင်းရှားရောဂါတို့ ဖြစ်ကြသည်။
 
 နာမည်ကျော် ဒတ်ခ်ျ ပန်းချီဆရာကြီး (ဗင်းဆင့်-ဗန်ဂိုး) သည် 
စိတ်ကျရောဂါရှိပြီး ထိုစဉ်က ကုသနည်း မရှိသေးသဖြင့် ကိုယ့်ကိုယ်ကို 
သတ်သေသွားခဲ့ရသည်။
 
 အခြားသော စိတ်ရောဂါရှိသည့် ကမ္ဘာကျော်ပုဂ္ဂိုလ်များ
 1. ဂီတပညာရှင် ဗီသိုဘင်၊ 
 2. ဗြိတိသျှဝန်ကြီးချုပ် ဝစ်စတန်ချာချီ၊
 3. သဘာဝသိပ္ပံညာရှင် ချားလ်ဒါဝင်၊
 4. တီထွင်သူ အယ်ဒီဆင်၊
 5. စာရေးဆရာ အားနက်စ် ဟယ်မင်ဝေး၊
 6. ကဗျာဆရာ ဗစ်တာဟူးဂိုး၊
 7. အမေရိကန်သမတ ဂျက်ဖါဆင်၊
 8. အမေရိကန်သမတ လင်ကွန်း၊
 9. ပိသုကာ မိုက်ကယ်အိန်ဂျယ်လို၊
 10. မီးအိမ်ရှင်မ ဖလောရင့် နိုက်တင်ဂေး
 11. သိပ္ပံပညာရှင် နူတန်
 
 စိတ်ကျန်းမာရေး ကျား-မ ရွေးသည်
 စိတ်နဲ့ပတ်သက်တဲ့ ဝေဒနာတွေကို ဆန်းစစ်လိုက်ရင် ယောက်ျားတွေမှာ ဖြစ်ကြရတာနဲ့ မိန်းမတွေမှာ ဖြစ်ကြရတာ မတူပါ။
 
 "အမျိုးသမီးများမှာ စိုးရိမ်စိတ်လွန်ကဲတာ နဲ့ စိတ်ဓါတ်ကျဆင်းတာ 
အဖြစ်များတယ်။ ယောက်ျားတွေကတော့ မူးယစ်-ဆေးဝါးစွဲတာနဲ့ 
လူနေမှုအသိုင်းအဝိုင်းနဲ့ အဆင်မပြေတာတွေ အဖြစ်များတယ်" လို့ အမေရိကန် 
စိတ်ပညာအသင်းကနေ ထုတ်ပြန်လိုက်ပါတယ်။ မူမှန်မဟုတ်တဲ့ စိတ်ပညာ ဂျာနယ်ထဲမှာ 
လူတွေ အများဆုံး ဖြစ်တတ်တဲ့ စိတ်ရောဂါတွေနဲ့ ကျား-မ ခွဲခြား လေ့လာချက်ကို 
ဖေါ်ပြလိုက်ပါတယ်။ အမျိုးသမီးတွေဟာ စိုးရိမ်စိတ် လွန်ကဲမှုတွေကနေ အတွင်းဘက် 
ဦးတည်တဲ့ စိတ်လှုတ်ရှားမှုတွေ ဖြစ်စေတာများတယ်။ ဒါတွေက ဆုတ်ခွါ-ကင်းပြတ်မှု၊ 
အထီးကျန်မှု၊ စိတ်ဓါတ်ကျခြင်းတွေကနေ ဆက်လာတာတွေ ဖြစ်တယ်။
 
 
ယောက်ျားတွေဟာ စိတ်လှုတ်ရှားမှုတွေကို အပြင်ဘက်ဆီ ဦးတည်ကြတယ်။ ဒါ့ကြောင့် 
ကြမ်းတမ်းမှု၊ ယာယီ-တုံ့ပြန်မှု၊ သွေးဆောင်မှု နဲ့ လုပ်သင့်တာကို မလုပ်ခြင်း 
ဆိုတာတွေကို ရွေးချယ်တတ်တယ်။ လိင်ခြားနားမှုဟာ အတွင်းဘက် ဦးတည်ခြင်း နဲ့ 
အပြင်ဘက်ဆီ ဦးတည်ခြင်းတွေပါ ခြားနားကြတာ ဖြစ်တယ်။
 
 ၂ဝဝ၁-၂ဝဝ၁ 
အတွင်းက National Institutes of Health မှာရှိတဲ့ ကိန်းဂဏန်းတွေကို 
လေ့လာခဲ့တယ်။ အသက် ၁၈ နှစ်အထက် လူပေါင်း ၄၃ဝ၉၃ ယောက်ကို လေ့လာတာ ဖြစ်တယ်။ 
အဲဒီအထဲမှာ အမျိုးသား = ၄၃%၊ အမျိုးသမီး = ၅၇% (အဖြူ = ၅၆့၉%၊ အသားဝါ-ညို =
 ၁၉့၃%၊ အမဲ = ၁၉့၁%၊ အာရှ၊ ဟဝိုင်ယီနဲ့ ပင်လယ်နေ = ၃့၁%၊ ဌာနေလူနီ နဲ့ 
အလာစကာ = ၁့၆%၊) ပါတယ်။
 
 အရင် လေ့လာမှုတွေအရ အမျိုးသမီးတွေဟာ 
စိတ်ဓါတ်ကျတာ ပိုဖြစ်တယ်။ ဘာလို့လဲဆိုတော့ ယောက်ျားတွေထက် ပိုပြီး 
ထပ်ခါထပ်ခါ လုပ်တတ်ကြတယ်။ ပြသနာဖြေရှင်းရေးထက် အနုတ်သဘော စိတ်ခံစားမှုကို 
ထပ်ခါထပ်ခါ လုပ်လေ့များကြလို့ဘဲ။ ဒီတွေ့ရှိချက်ကနေ စိတ်ရောဂါ ကာကွယ်ရေးနဲ့
 ကုသရေးမှာ လိင်ခွဲခြား ဆောင်ရွက်ရမယ်လို့ သိလာစေပါတယ်။
 
 အတိတ်က လေ့လာချက်တွေအရ အမျိုးသမီးတွေဟာ စိတ်ရောဂါအဆင့် မရောက်ခင်မှာ စိတ်မတည်ငြိမ်-စိုးရိမ်စိတ်
 
 စိတ်ကျနေကြတဲ့ စိုးရိမ်စိတ်ကဲနေကြတဲ့ အမျိုးသမီးတွေကို ထပ်ခါထပ်ခါ 
ဖြစ်မလာစေအောင် လုပ်ရပါမယ်။ ယောက်ျားတွေဆိုရင် ဘာတွေလုပ်ပါဆိုတဲ့ 
အစီစဉ်ချပေးတာနဲ့ ကြမ်းတမ်စိတ်ကနေ ဖျက်ဆီးချင်စိတ် မဟုတ်တဲ့ဆီ 
ဦးတည်ပေးဘို့ ဖြစ်ပါတယ်။
 
 စိတ်ရောဂါ အမျိုးအစားပေါင်း ၅၃ မျိုးခွဲထားသည်။ (ဘာသာမပြန်တော့ပါ)
 1. Adjustment disorder
 
 Anxiety disorders
 2. Acute Stress Disorder
 3. Panic Disorder
 4. Agoraphobia w/o history of Panic Disorder
 5. Social Phobia
 6. Specific Phobia
 7. Obsessive-Compulsive Disorder
 8. Post-traumatic Stress Disorder
 9. General Anxiety Disorder
 
 Childhood Disorder
 10. Attention-Deficit Hyperactive Disorder
 11. Asperger’s Disorder
 12. Autistic Disorder
 13. Conduct Disorder
 14. Oppositional Defiant Disorder
 15. Separation Anxiety Disorder
 16. Tourette’s Disorder
 
 Eating Disorder
 17. Anorexia Nervosa
 18. Bulimia Nervosa Mood Disorder
 19. Major Depressive Disorder
 20. Bipolar Disorder (Manic Depression)
 21. Cyclothymic Disorder
 22. Dysthymic Disorder
 
 Cognitive Disorders (Delirium, Dementia, Amnestic Disorders)
 23. Delirium
 24. Multi-Infarct Dementia
 25. Dementia Associated with Alcoholism
 26. Dementia of the Alzheimer Type
 27. Dementia Personality Disorders
 28. Paranoid Personality Disorder
 29. Schinoid Personality Disorder
 30. Schizotypial Personality Disorder
 31. Antisocial Personality Disorder
 32. Borderline Personality Disorder
 33. Histrionic Personality Disorder
 34. Narcissistic Personality Disorder
 35. Dependant Personality Disorder
 36. Avoidant Personality Disorder
 37. Obsessive-Compulsive Personality Disorder
 
 Schizophrenic and other Psychotic Disorders
 38. Schizophrenia
 39. Delusional Disorder
 40. Brief Psychotic Disorder
 41. Schizophreniform Disorder
 42. Schizoaffective Disorder
 43. Shared Psychotic Disorder
 
 Substance-Related Disorders
 44. Alcohol Dependence
 45. Amphetamine Dependence
 46. Cannabis Dependence
 47. Cocaine Dependence
 48. Hallucinogen Dependence
 49. Inhalant Dependence
 50. Nicotine Dependence
 51. Upload Dependence
 52. Phencyclidine Dependence
 53. Sedative Dependence
 
 ဒေါက်တာတင့်ဆွေ
Sunday, March 30, 2014
စိတ်ကျန်းမာရေး (Mental Health)
Subscribe to:
Post Comments (Atom)
 






 
 
 
 
 
0 comments:
Post a Comment