Friday, March 28, 2014

ဆံညှပ်ကလစ်လေးတွေနဲ့ ဆံပင်အလှဆင်နည်းသစ်



ကိုယ့်ဆီမှာ ရှိနေပြီး မသုံးဖြစ်တဲ့အရာတွေထဲမှာ ဆံညှပ်ကလစ်သေးသေးလေးတွေလည်း ပါဝင်နေမှာပါ။ အိမ်မှာတွေ့တွေ့နေရပေမယ့် ဒီဆံညှပ်ကလစ်လေးတွေနဲ့ ကိုယ့်ဆံပင်ကို ဘယ်လိုအလှဆင်လို့ရမှန်း မသိတော့ ကိုယ့်အတွက် အသုံးမ၀င်ဘူးလို့ပဲ ထင်နေတာပေါ့။ တကယ်တော့ ဒီဆံညှပ်ကလစ်လေးတွေကို သုံးပြီး ချစ်စရာကောင်းတဲ့ ဆံပင်ပုံစံအဆန်းလေးတွေကို ဖန်တီးကြည့်နိုင်တယ်နော်။

၁။အပေါ်၊ အောက် မှန်ကန်အောင် ကလစ်ထိုးနည်း
ဆံညှပ်ကလစ်လေးတွေမှာ တစ်ဘက်က လှိုင်းတွန့်ပါပြီး၊ တစ်ဘက်ကတော့ တစ်ဖြောင့်တည်းရှိနေတာ သတိထားမိမှာပါ။ ကိုယ့်ဆံပင်ကို ဒီဆံညှပ်ကလစ်လေးတွေနဲ့ အလှဆင်တော့မယ်ဆိုရင် လှိုင်းတွန့်ဘက်ကို အောက်အထဲမှာပဲထားပြီး အားလုံးမြင်ရမယ့်အပိုင်းကတော့ တစ်ဖြောင့်တည်းရှိနေတဲ့ လှိုင်းတွန့်မပါတဲ့ဘက်ကသာ ဖြစ်နေရပါမယ်။
၂။ဆံညှပ်ကလစ်လေးတွေက သေးငယ်တဲ့အတွက် လိုတဲ့နေရာမှာသုံးနိုင်
ဆံညှပ်ကလစ်လေးတွေဟာ သေးငယ်တဲ့အပြင် အရောင်လည်းအစုံရှိတယ်ဆိုတော့ ကိုယ့်စိတ်ကြိုက်လိုသလို သုံးနိုင်တာပေါ့။ ဖြစ်သလို ကျစ်ထားတဲ့ ကျစ်ဆံမြီးလို နေရာမျိုးမှာလည်း ပိုမိုခိုင်မြဲအောင် ဆံညှပ်ကလစ်လေးတွေကို သုံးနိုင်သလို ဆံပင်တွေ ကိုယ့်မျက်နှာပေါ် မကျအောင် ထိန်းပေးတာကိုလည်း သူက လုပ်နိုင်တယ်နော်။
၃။အလွယ်အကူဆုံးနဲ့ ခေတ်အစားဆုံး ဆံပင်အလှဆင်နည်းအသစ်တွေအတွက်လည်း သူဟာအရေးပါ
ခုနောက်ပိုင်း ဆယ်ကျော်သက်လေးတွေဟာ သူတို့ဆံပင်ကို နားသပ်စပ်လေးတွေလိမ်ပြီး ကလစ်ထိုးတာမျိုး၊ ဒါမှမဟုတ် ဘေးတစောင်းကျစ်ဆံမြီးကျစ်ပြီး အနောက်မှာ ပြန်ကလစ်ထိုးထားတဲ့ ဆံပင်အလှဆင်နည်းတွေကို သဘောကျလာကြပါတယ်။ ဒါကလည်း လွယ်ပါတယ်။ ပုံမှာပြထားသလို ဆံပင်လေးတွေကို လိမ်ယူလာလိုက်ပြီး ကြိုက်တဲ့နေရာမှာ ကလစ်ထိုးလိုက်ရုံပဲပေါ့။
၎။အရောင်စုံ ဆံညှပ်ကလစ်လေးတွေနဲ့ ဆံပင်ကို အလှဆင်
ကိုယ့်ဆီမှာ ရောင်စုံဆံညှပ်ကလစ်လေးတွေ ရှိပြီဆိုရင် တစ်ရက်နဲ့ တစ်ရက် မတူညီတဲ့ ဆံပင်အလှဆင်နည်းတွေ ဖန်တီးကြည့်နိုင်ပါတယ်။ ပုံမှာပြထားသလို ကလစ်လေးတွေကို စိတ်ကြိုက်ကစားပြီး အလှဆင်နိုင်တာမို့ ဘယ်လောက်မိုက်သလဲနော်။
၅။ဆံပင်မြင့်မြင့် စည်းနှောင်မယ်ဆိုလည်း သူအရေးပါမြဲ
ပိုနီတေးပဲစည်းစည်း၊ ဒီအတိုင်း ကိုယ်ဆံပင်ကိုအားလုံးသိမ်းပြီး ခပ်မြင့်မြင့်လေးပဲ စည်းစည်း ကြာရှည်ခံပြီး လှနေအောင် ဆံညှပ်ကလစ်လေးတွေကတော့ ပါမှကိုဖြစ်မှာပါ။
၆။ဆံညှပ်ကလစ်လေးတွေကို သေချာသိမ်းဆည်းဖို့လို
ကလစ်တွေကို တွေ့တဲ့နေရာမှာ ပစ်ထားမယ့်အစား အရောင်လေးတွေနဲ့ ခွဲပြီး ပုံမှာပြထားသလို Tic Tac ဗူးလေးတွေနဲ့ ထည့်သိမ်းထားပါ။ ဒါမှလိုတဲ့အချိန် ယူပြီးအလှဆင်လို့ ရမှာပေါ့။
၇။တစ်ခြားအလှဆင်နည်းတွေအတွက်လည်း ဆံညှပ်ကလစ်လေးတွေဟာ အသုံးဝင်
ကိုယ်က လက်သည်းအလှဆင်ရတာ နှစ်ခြိုက်တယ်ဆိုရင် ကိုယ့်ဆီမှာ ဆံညှပ်ကလစ်လေးရှိတယ်ဆိုရင် လက်သည်းပေါ်မှာ အမိုက်စားအလှဆင်ဖို့ အဆင်ပြေတယ်နော်။ ဒါ့အပြင် မျက်တောင်တု တပ်တတ်တဲ့သူတွေအတွက်လည်း ခုလို ကော်သုတ်လိမ်းတဲ့ နေရာမှာ ဆံညှပ်ကလစ်လေးတွေ သုံးလို့ရတယ်ဆိုတာ မမေ့ပါနဲ့။
Ref:cosmopolitan.com
Trend Myanmar

0 comments:

Post a Comment