Wednesday, March 5, 2014

နွေရာသီ ဖက်ရှင်ပေါ့ပေါ့ပါးပါးလေးတွေ



နွေရာသီမှာ ဘယ်လိုဖက်ရှင်မျိုးက သင့်ကို သက်သောင့်သက်သာရှိပြီး စတိုင်ကျနေနိုင်မယ်လို့ ထင်ပါသလဲ။ နှစ်မျိုးစလုံး ပြည့်စုံဖို့ဆိုတာ မလွယ်တဲ့ကိစ္စမှန်ပေမယ့် သင်က ဖက်ရှင်အမြင်ရှိသူတစ်ယောက် ဆိုရင်တော့ ဒါသိပ်ပြီး မခဲယဉ်းပါဘူး။


          ပျိုမေ တော်တော်များများနဲ့ အဆင်ပြေနိုင်ပြီး အရပ်ဒေသမရွေးနဲ့လည်း သင့်တော်နိုင်မယ့် ခေါင်းအစ ခြေအဆုံး လိုက်ဖက်မယ့် ဒီဇိုင်းလေးတွေ ရွေးချယ်ဖော်ပြချင်ပါတယ်။

(၁)     ဒီလိုချည်သား ဂါဝန်လေးတွေက ပေါ့ပါးပြီး ရိုးရှင်းတဲ့ အသွင်ပေါက်ပါတယ်။ ပြီးတော့ သင့်ကို တကယ်လည်း အေးမြစေနိုင်တာကြောင့် ရာသီဥတုနဲ့လည်း ကိုက်ညီတယ်လေ။

(၂)     ဒီလို လော့ကတ် ခပ်မိုက်မိုက်နဲ့ ဆွဲကြိုးလေးတော့ တွဲဖက်ဝတ်ဆင်ဖို့ လိုမယ်နော်။

(၃)     နွေရာသီအတွက်ကတော့ ကြိုးသိုင်းဖိနပ်လေးတွေက အကောင်းဆုံးပါပဲ။

(၄)     ပြီးတော့ ဂါဝန်နဲ့လိုက်ဖက်တာ ဦးထုပ်ပေါ့။ အရောင်ကတော့ နှစ်သက်ရာရွေးချယ်နိုင်ပါတယ်။

(၅)     ဒီလို ဘောင်းဘီ အပွမျိုးကလည်း သင့်ကို သက်သောင့်သက်သာရှိစေပြီး အထာကျနေစေပါတယ်။

(၆)     အပေါ်က ချည်သား အင်္ကျံဖြူ အပွလေးတွေနဲ့ တွဲဝတ်မယ်ဆိုရင်တော့ အခုလို printed စကတ်လေးတွေက နွေရာသီမှာ အလွန်အသုံးဝင်ပါတယ်။

(၇)     accessories သိပ်အများကြီးမလိုဘဲ ဒီလို အရောင်တူတဲ့ လက်စွပ်လေးတစ်ကွင်းနဲ့ဆိုလည်း နွေရာသီက သင့်အတွက် အလွန်ပေါ့ပါးပါတယ်။

(၈)     ပြီးတော့ မျက်မှန်ကတော့ နွေရာသီမှာ ရှိုးထုတ်လို့အကောင်းဆုံး အဆင်တန်ဆာဖြစ်တာကြောင့် အရောင်စုံလေး ၀ယ်ထားသင့်တယ်နော်။

Ref:elleuk.com
Trend Myanmar

0 comments:

Post a Comment