Wednesday, March 5, 2014

တောသားလေးများ



ရန်ကုန်မြို့ကြီးတဲ့ နာမည်ကြီးလိုက်တာ သူများတွေပြောနေကြတာ ဒီတစ်ခေါက်တော့ အဖေ့ကိုပြောပြီး သူငယ်ချင်းတစ်စုနဲ့ ဘုရားလည်းဖူးပေါ့ သွားချင်တဲ့ နေရာလည်း လျှောက်လည်ကြမယ်ပေါ့ ဖိုးဆွေ ဖိုးသား ဖိုးနောင် သူငယ်ချင်းတွေနဲ့ ပေါ့ဗျာ
ကျုပ်တို့ ရန်ကုန်မသွားလည်ကြခင်လေးပါ့ ဗျာ ရွာမှာလည်း ကထိန်လေးက ရှိနေတော့ ကောင်မလေး ဘာလေညာလေ ဟွာပြုမယ်ပေါ့
ဟွာ ဆိုလို့အတွေးလွန်းနဲ့ဗျ ကျုပ်တို့ဘက်ကျတော့ အလွယ်တကူဘာလေပြောပြော နမ်စား အဖြစ်နဲ့ ဟွာလို့သုံးကြတာ အများအမြင်ကျတော့ ဟွာဆိုတာ ဟွာတွေပေါ့ဗျာာာာ အဟိ

ဒီလို နဲ့ ကထိန်ညဘက်ကျတော့ ဇတ်ပွဲလေး ရှိတယ်ဗျ ရပ်ရွာထဲက ရွာသားတွေက ကျောင်းအတွက်အလှူဆိုဘာဖြစ်ဖြစ်စည်းကားသိုက်မြိုက်ချင်တာကိုး အဲ့တော့ ဇတ်တွေဘာတွေညာနေ နဲ့ပေါ့ဗျာ ။ ဖြစ်ချင်တော့ သူငယ်ချင်း ဖိုးသား ဒီကောင်က အကျင့်မကောင်းဘူးဗျ ။ ဘာလို့လဲဆို ဒီကောင့်လက်က ကနားမငြိမ်နဲ့ စဉ်းစားကြည့်ဦးဗျာ အဝတ်လည်းနေတဲ့ ဇတ်မင်းသမီးကို ကာထားတဲ့ အပေါက်ဝကနေ ကော်သနတ်နဲ့ ချောင်းပစ်တယ်တဲ့ဗျာ ဘယ်လောက်ဆိုလဲ ။ ကော်သေနတ်ဆိုလို့ ပွဲလမ်းသဘင်ဆို ကော်သီးတွေနဲ့ ထည့်ပစ် တာ အဲ့တာလည်း တော်တော် နာတယ်ဗျ ။

အဲ ဒီအမှုက မပြီးဘူးဗျာ မင်းသမီးလည်း ထအော်တော့တာပေါ့ အမလေး ဆိုပြီး ဘယ်ဟွာကို ပစ်လိုက်သိဘူး ချက်ချင်းကို ထအော်တာ ။ ဗြုန်းဆို အသံကြားရဆီ ပွဲကကြည့်တဲ့ မျက်လုံးပေါင်းများစွာ ရောက်သွားရောဗျာ ။ ဘယ်ပြောကောင်းမလဲ တခါထည်ကုတ်ဆွဲ ခြောက်ပေါက် ( ခေါ် ) ထိပ်တုံးခတ်လိုက်တာပေါ့ဗျာ ။ ဒါနဲ့ ကျနော့အလှည် ရောက်လာတာပေါ့ဗျာ အစထဲက စနောက်တာ ပြောင်တာ သန်တာကိုးဗျ။ အဲ့ဒီတော့ ဖလန်း ဖလန်း ယွနေတဲ့ ကောင်မလေးတစ်ယောက် လှမ်းစ လိုက်တယ် မိန်းမ လို့ခေါ်လိုက်တာ အောင်မလေး ဆရာတို့ရယ် ကျုပ်ကို မျက်ထောင့်နီးကြီးနဲ့ ကြည့်လိုက်တာများ လူပါ ပလပ်ကျွတ်ထွက်လောက်အောင်ပဲ ။

ပြဿနာက စပြီးပေါ့ဗျာ သူ့ကို မိန်းမ ခေါ်ရမလားဆိုပြီး ဥက္ကဌအိမ်ကို သွားတိုင်ပါလေရောဗျာ ။ ဒါနဲ့ အစကတော့ ကျနော်လည်း ပြေပြေလည်လည် ညှိုနှိုင်းယူမယ်ပေါ့ဗျာ တောင်းပန်မယ်ပေါ့ ကိုယ့်စိတ်ကူးက ။ ဒါကို ငနဲ ဥက္ကဌဆီရောက်တော့ ကျုပ်ကလီကမာကျရတော့မှာပေါ့ဗျာ ။ လူကြီးက မေးတယ်ဗျ မင်းဘာလို့ မိန်းမ သွားခေါ်ရတာလည်းတဲ့ မိန်မပျိုလေးကို တစ်ယောက်ကို ဆိုပြီး ။ ဒီတော့ဘယ်ရမလဲ ကျုပ်လည်းပြန်ဖြေတာပေါ့ဗျာ သူက မိန်းမလား ယောက်ျားလားမေးလိုက်တာ ဥက္ကဌလည်း ဘာမှပြန်မပြောတော့ဘူး သဘောပေါက်သွားရှာတယ် မရွှေတော်ချောက တခါတည်း ကျုပ်ကို ကပ်တီးကပ်ဖဲ့ ပြောရမလားဆိုပြီး ပွဲက ဝယ်လာတဲ့ မုန့်ဟင်းခါး အရည်ထုပ်နဲ့ ပစ်ပေါက်လိုက်တာ ဘယ်ရမလဲ ကျုပ်လည်း ရှောင်လိုက်တာ ဥက္ကဌ မျက်နှာကို တည့်တည့်ကြီး ထိသွားရောဗျာ ။

အဲ့မှာတင် ဥက္ကဌလည်း နှာတွေနီ ဒေါတွေပွပြီး ကျုပ်တို့နှစ်ယောက်ကို မောင်းထုတ်ရောပေါ့ဗျာ ။ ကျုပ်တို့သူငယ်ချင်းနှစ်ယောက်ရဲ့ ဇတ်လမ်းကတော့ အပျိုတွေ လူပျိုတွေ ပါစပ်ဖျား တော့ ရေပမ်းစားသွားတာပေါ့ဗျာ ။ ခေါင်နပမ်းကြီးသွားတာတော့ ဒါမဟုတ်ဘူးဗျ ရန်ကုန်ဘုရားဖူး သွားမယ့်ကိစ္စ ပါမစ် ပိတ်ခံရတော့တာပေါ့ဗျာ ။ မဖြစ်ဖူးလေ ဒီကိစ္စကို သူငယ်ချင်းတွေစုပြီး မိဘတွေ အသနားခံတော့ပေါ့ ။ ကြည်ဖြူပါတယ် မိဘတွေလည်း သားသမီ ငိုမဲ့မဲ့ လုပ်လိုက်တာနဲ့ အသဲတွေမမာနိုင်တော့ဘူးလေ ။

ယောင်ပေယောင်ပေနဲ့ ရန်ကုန်မြိုလို့ခေါ်နဲ့ကားတွေတဝီဝီး တညီးညီး မျက်စိနောက်စရာတွေပါဗျာ သူများတွေတော့ ခေတ်မီတဲ့ မြို့ကြီးပါတဲ့ ။ ဘာမှ ဟုတ်ဘူး ကျုပ်တို့ရွာက ထော်လာဂျီ စီးရတာတောင် လေကောင်လေသန့်နဲ့ သာသာယာယာ ရှိသေး ။ အခုတော့ ဗျာ ရှုပ်ရှက်ခက်ပြီး တကယ့် မျက်စိနောက်စရာတွေပေါ့ဗျာ ။ အဝတ်ဝယ်ချင်လို့ စင်တာလေး တက်သွားပါတယ် ကောင်မလေးတစ်စု ဘောင်ဘီက ပေါင်အရင်းရောက်နေပြီး ဝတ်ထားတာက ကျုပ်မှာ မတွေ့ဖူးတော့လည်း ခေတ်မီတာလားလို့တွေးမိတယ် ။ စင်တာက ဆင်ပြီးတော့ ရွှေတိဂုံ မြတ်ကြီး ဖူမျှော်မယ်မယ်ဆိုပြီး ညနေ ငါးနာရီလောက်ရှိမယ် ဗျ ပိုက်ဆံက ငှားနေအခန်းမှာ ကျန်ခဲ့တော့ တက်ဆီခက မလောက်မငှနဲ့ဆိုနော့ ဘတ်စ် ကားတက်စီးတာပေါ့ဗျာ ။ တောသားဆိုပြီး အထင်တော့မသေးနဲ့ဗျ ဘတ်စ် ကားဆို လုံးဝ မစီးတာ ဟဲဟဲ ။

အဲ့မှာ ဇတ်လမ်းက စတာပဲဗျို့ ဘာလို့လဲဆို ကျုပ်ကားပေါ်တက်ခါစတော့ အဆင်ပြသာ လူက ၂၀ လောက်ပဲ ရှိသေးတယ် ။ တဖြေးဖြေးနဲ့ စပယာ လညး စပယ်ယား ဆိုလာ အဲ့လူ အသံဗြဲကြီးနဲ့ လူချောင်တယ် ရွှေတိဂုံ ရွှေတိဂုံ နဲ့ ဗျာ ။ ကျုပ်များ အံ့သြလွန် တစ်ယောက်နဲ့တစ်ယောက် ရင်ခြင်းကပ် ဖင်ခြင်းကပ် ဖားလယ်ကပ်ဘဝရောက်တာတောင် ခေါ်တင်နေတုန်း ။ အဲ့မှာ ဒီလောက် လူကြပ်နေတဲ့ကြာက ဖိုးဆွေ ကျုပ်နားကပ်ပြီး ဘာပြောတယ် ထင်လဲ အီးပေါက်ချင်လို့ပါတဲ့ ။ ကဲခက်ပြီး ကားဆရာကိုလည်း အီပေါက်ချင်လို့ ခန ရပ်ပေးပါဆိုလည်း မဖြစ် ။ ဒီတော့ ကဲကွာ လွှတ်လိုက်တော့ဆို ပြောပြောဆိုဆိုပဲ ရှိသေး ။ ဗွမ်းဆိုတဲ့ အသံ ဘေးက စကားပြောနေတဲ့ အဒေါ်ကြီး နှစ်ဦးတောင် စကားသံက တန့်သွားတယ် ။ ကျုပ်ဗျာ ရီချင်လွန်လို့ မနည်း အောင့်အီးပြီး နေလိုက်ရတယ် ။ ခရီးသယ်တွေကလည်း တဟားဟားးတရီရီနဲ့ ကျုပ်တို့ တောသားတွေကို ကြည့်ပြီး ရီကြတာပေါ့ဗျာ ။

ခဏကြာတော့ ကားပေါ်မှာ ဆဲသံဆိုသံတွေက ပွတ်လောရိုက်ထွက်လာတယ် မသာလေး တေဂျင်ဇိုးလေး စုံပလုံလို့ဗျာ ။ ဟုတ်တော့ဖြင့် ဟုတ်သာ ဆဲချင်စရာကို အီနံ့က တကားလုံးကို ကြိုင်လို့ အဲ့လေ နံဆော်လို့ဗျာ ။ ရုံးဆင်း စာရေးမလေးတွေလည်း ကျုပ်တို့ မျက်စောင်းထိုးတကဲကဲနဲ့ ပေါ့ဗျာ ။ ဒါနဲ့ ကျုပ် ဖိုးဆွေကို ရှက်နေမလားမှတ်တယ် ဂယ်ပဲ မျက်နှာက စပ်ဖြီးဖြီးကြီး ပြုံးဖြီးလို့ဗျာ ။ ဒီတော့ ကျုပ်လည်းဒီကောင့် အီရှုထဲ ပါသွားတာပေါ့ဗျာ ။

ဒီလိုနဲ့ ဟိုလျှောက်လည် ဒီလျှောက်လည်နဲ့ နောက်ဆုံးရွာပြန်ခါနီးပေါ့။ မြို့ပေါ်က တက်တူး ဆရာတွေ အရမ်းလှတယ် ဆိုကြတာကို ဒီတော့ ကျုပ်တို့လည် မရဘူးလေ ထိုးချင်တာပေါ့ ။ ဖိုးဆွေ ဖိုးသား ဖိုးနောင် ကျုပ်တို့လေးယောက် ငါးကြင်ဘီလူးရုပ်ကို တရုတ်ထဲ လေးယောက်ထိုးကြတာ ပါလာမျှ ပိုက်ဆံလေးလည်း စားစရိတ်နဲ့ ကားခ ပဲ ကျန်တော့တာပေါ့ဗျာ ။ ကျုပ်တို့ လက်မောင်တွေမှာ တက်တူးကြီးတကာကာနဲ့ပေါ့ ။ ပြန်ခါနီးဆိုတော့ ဘုန်ကြီးကျောင်းဝင် ဦးချကတော့ လှူဖွယ်ပစ္စည်းတွေကပ်ပြီး ပြန်အဆင်း ကျောင်းက ခွေးကြီးဗျာ ကျုပ်တို့လေးယောက်ကို တွေ့မှမန်ဖြီနေလိုက်တာ ။ အစကတော့ လူမိုက်စိတ်တွေနဲ့ တက်တူးထိုးကာစ ဆိုတော့ မကြောက်ဘူးပေါ့ဗျာ ။ နောက်တော့ တစ်ယောက်နဲ့တစ်ယောက် ခြေလှမ်းတွေက သွက်လာတယ် ခွေးကလည်း မန်ဖြီနေရာ ဘာစိတ်ထပ်ေက်လည်း မသိဘူး ထလိုက်ပါလေရော တက်တူတကာကာ နဲ့ ကျုပ်တို့လေးယောက်လည်း ဘယ်ပြောကောင်းမလည်း သုတ်ခြေတင်လိုက်တာ ဝှစ်ခနဲ နေနေတာပဲ ။ ဘုန်ကြီးကျောင်းနဲ့ကို တော်တော်လေး ဝေးသွားတာ မောလွန်းလို့လေးယောက်သာ ပြန်လှည့်ကြည့်မှပဲ သိတော့တယ် ။

အော် ရွာပြန်ရောက်ရင် နာမည်က ကြီးရဦးမယ် အီးပေါက်တာတမျိုး တက်တူးကြီးနဲ့ခွေးလိုက်တာ ပြေးရသလား ဆိုပြီး တဟားးဟားးတဝါးဝါး နဲ့ မြင်ယောင်မိပါသေးတယ် ။

အားပေးမှုကို အထူးကျေးဇူးတင်လျက်
ကြိုးစားပါဦးမည်

ဒိုင်ယာရီ
 ဇတ်လမ်းတိုလေးတွေ ဖတ်ကြမယ်

0 comments:

Post a Comment