သင်နှစ်သက်တဲ့ အမျိုးသမီးရဲ့ ဖခင်နဲ့တွေ့ဆုံရမယ့် 
ပထမဆုံးအကြိမ်ဆိုတာ သင့်အတွက်အလွန်ပဲ တုန်လှုပ်စရာကောင်းပါတယ်။ 
သင့်ကောင်မလေးဖခင်ရဲ့ အထင်ကြီးမှုကို ရယူဖို့ဆိုတာ ပြောသလောက် လွယ်တဲ့ 
ကိစ္စတော့မဟုတ်ပါဘူး။ ရုပ်ရှင်တွေထဲကနဲ့ အပြင်လောကမှာ တထပ်တည်းကျတဲ့ 
ဇာတ်ဝင်ခန်းက ဒီဇာတ်ဝင်ခန်းပါပဲ။
          ဖခင်တိုင်းက 
သူတို့သမီးရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး စိတ်မချတတ်ကြပါဘူး။ အထူးသဖြင့် 
သူမတို့ဘ၀ကို အခြားအမျိုးသားတစ်ဦးရဲ့ ဦးဆောင်မှုနောက်ကို 
ထည့်လိုက်ရမယ်ဆိုတဲ့အခါမှာပေါ့။ ဒါကြောင့် အကောင်းဆုံးဆိုတာတွေထဲက 
အကောင်းဆုံးတစ်ယောက်ကို ရွေးပေးချင်တတ်ကြပါတယ်။ ဒီအခါ သူနဲ့တွေ့တဲ့ 
ပထမဆုံးအကြိမ်မှာ သင့်အပေါ်ကို အထင်ကြီးသွားစေဖို့က 
အလွန်ပဲအရေးကြီးတာကြောင့် ဒီအချက်လေးတွေကို အနည်းငယ်လေ့လာထားဖို့တော့ 
လိုပါလိမ့်မယ်။
လက်ဆောင်တစ်ခုယူသွားပါ
         
 လိုအပ်တဲ့ ကြိုတင်လေ့လာမှုတွေ ပြုလုပ်ပြီး သူ့အတွက် လက်ဆောင်တစ်ခုပါအောင် 
ယူသွားပါ။ သစ်သီးခြင်းတွေနဲ့ ၀ိုင်ပုလင်းတွေဟာ သင့်တော်ပြီးအမြင်လှပေမယ့် 
အရမ်း ပုံမှန်ဆန်ပါတယ်။ အဲဒီအစား သူနှစ်သက်တတ်တဲ့အရာ ၊ သူ့အတွက် 
တကယ်လိုအပ်မယ့် အရာတစ်ခုကို အချိန်ယူလေ့လာပြီးမှ ယူသွားပေးပါ။ 
သင့်ကောင်မလေးကလည်း သင့်ရဲ့လက်ဆောင်ဟာ သူ့ဖခင်ရဲ့အကြိုက်နဲ့ ကိုက်မကိုက် 
ဆုံးဖြတ်ပေးပါလိမ့်မယ်။ တကယ်လို့များ သူ့အကြိုက်နဲ့အမှန်တကယ်ကိုက်တဲ့ 
လက်ဆောင် ရွေးချယ်ပေးခဲ့ နိုင်ရင်တော့ ဒီညစာစားပွဲ ချိန်းဆိုခြင်းမှာ 
သင့်အတွက် ပထမဆုံးအောင်မြင်မှုကြီး ရလိုက်တာပါပဲ။ တာထွက် 
ကတော့ကောင်းခဲ့ပါပြီ။
အကောင်းဆုံးဖြစ်အောင် ၀တ်ဆင်ပါ
         
 သူ့အနေနဲ့ သူ့ရဲ့သမက်လောင်းကို တစ်ခါမှမမြင်ဖူးပါဘူး။ သူ့သမီးရဲ့ 
ပြောပြချက်တွေနဲ့ သင့်ကို စိတ်ကူးပြီးပုံဖော်ကြည့်နေပါလိမ့်မယ်။ ဒါကြောင့် 
အသက်ရွယ်နဲ့လိုက်ဖက်အောင် ၀တ်ဆင်ပါ။ အထက်တန်းပြီးခါစ ဆယ်ကျော်သက်လေးလို 
မသပ်မရပ် (ဒါမှမဟုတ်) မရင့်ကျက်တဲ့အသွင်နဲ့ မသွားမိပါစေနဲ့။ သပ်ရပ်စွာနဲ့ 
ပုံစံကျစွာ ၀တ်စုံပြည့်ဝတ်ဆင်သွားပါ။
ပုံမှန်သာ နေထိုင်ပါ
         
 သူမရဲ့ဖခင်ဟာ သင်အလွန်လေးစားရတဲ့ သူတစ်ယောက်ဖြစ်နေခဲ့မယ်ဆိုပါစို့။ 
သူ့ရဲ့အထင်ကြီးမှုကို ရယူချင်တာကြောင့် အရမ်းကြီးပြာယာခတ်အောင် ကြိုးစားလေလေ
 အခွင့်အရေး ပိုနည်းလေလေပါပဲ။ ဒါကြောင့် လူတွေရဲ့နှစ်သက်မှုနဲ့ 
လိုက်လျောညီထွေဖြစ်အောင်သာ ကြိုးစားပါ။ သူဟာလည်း သင်ရဲ့နေရာကို 
ကျော်ဖြတ်လာသူတစ်ဦးဖြစ်တာကြောင့် သင့်အကဲကို ဖမ်းနိုင်ပါတယ်။
အေးခဲနေမှုကို ချိုးဖျက်ပါ
         
 သင်ဟာ အနည်းငယ်နေရထိုင်ရခက်ပြီး ခပ်ရွံ့ရွံ့ဖြစ်နေမယ်ဆိုရင် 
စကားဝိုင်းတစ်ခုကို စတင်လိုက်ပါ။ သင့်ရဲ့ စိုးရွံ့တုန်လှုပ်နေတဲ့ပုံစံက 
အားနည်းချက်ရဲ့ လက္ခဏာတစ်ခုဖြစ်လို့ မမြင်သာအောင် ဖုံးဖိထားပါ။ 
ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါ။ အမျိုးသားအများစုပြောလေ့ရှိတဲ့ 
အန္တရာယ်ကင်းတဲ့ ခေါင်းစဉ်နဲ့ စတင်ဆွေးနွေးပါ။ ဥပမာ - နိုင်ငံရေး (သို့) 
အားကစား စတာမျိုးပေါ့။
နားထောင်သူ ကောင်းတစ်ယောက် ဖြစ်ပါစေ
စကားဝိုင်းစတင်တဲ့အခါ
 သင်က ဦးဆောင်သူမဖြစ်ပါစေနဲ့။ သူမဖခင်ရဲ့ အတွေးအမြင် ၊ ယူဆချက်တွေကို 
ဂရုတစိုက်နားထောင်ပေးတတ်တဲ့ နားထောင်သူကောင်းတစ်ယောက်ပဲ လုပ်ပါ။ 
သူစကားပြောကောင်းအောင် ထောက်ခံပြောဆိုပေးခြင်းမျိုးတော့ ရှိသင့်ပါတယ်။ 
တကယ်လို့များ သင်ဟာ အနည်းငယ် တုန်လှုပ်နေခဲ့ရင် နားထောင်ခြင်းက 
စကားပြောခြင်းထက် ပိုပြီးတော့တောင် အန္တရာယ်ကင်းပြီး အမှားနည်းပါတယ်။ 
စကားကို လုမပြောပါနဲ့။ ကြားဖြတ်မပြောပါနဲ့။ ပြီးဆုံးသည်အထိ စိတ်ရှည်လက်ရှည်
 နားထောင်ပြီးမှ ပြန်လည် ဆွေးနွေးပေးပါ။
သင့်ရဲ့ အနာဂတ်အစီအစဉ်တွေကို ပြောပြပါ
         
 သင့်မှာ အစီအစဉ်တွေတော့ အမှန်အကန်ရှိမှာပါ။ စီးပွားရေး ၊ လူမှုရေး 
စသည်ဖြင့် သင့်ရဲ့အနာဂတ်မှာ လုပ်ဆောင်မယ့် အစီအစဉ်တချို့ကို သူ့အနေနဲ့ 
စိတ်ဝင်စားမှာအမှန်ပါ။ သူကစမေးဖို့ အခက်အခဲဖြစ်နေတတ် တာကြောင့် သင့်ဘက်က 
အလိုက်တသိနဲ့ပြောပြဖို့လိုပါတယ်။ သင့်ရဲ့စီးပွားရေး ရည်မှန်းချက် ၊ 
ပန်းတိုင်တွေနဲ့ အောင်မြင်မှုအပေါ် အားတက်သရောရှိပုံတွေကို ပြသဖို့လိုပါတယ်။
သင့်ကောင်မလေးကို အလေးထားဆက်ဆံပါ
         
 အပေါ်အချက်တွေအားလုံးကို ဘယ်လောက်ပဲ ကောင်းကောင်းမွန်မွန် 
ဖြတ်ကျော်နိုင်ခဲ့ပါစေ အဖေတစ်ယောက်ဟာ သူ့သမီးအပေါ်ဆက်ဆံတဲ့ 
သင့်ရဲ့အပြုအမူတွေကို အသေးစိတ်ကြည့်ပြီး သင့်ကို အကဲဖြတ်ဦးမှာပါ။ 
သင့်ဟာသူမပေါ် ဘယ်လောက်အလေးထားတယ် ၊ ကြင်နာတယ် ၊ ဦးစားပေးဆက်ဆံတယ် 
ဆိုတာတွေကိုကြည့်ပြီး ကျေနပ်မှသာ သင့်ကိုအမှတ်ပြည့်ပေးမှာဖြစ်ပါတယ်။ 
အမှတ်တွေရဲ့ ၅၀ ရာခိုင်နှုန်းကို ဒီအချက်နဲ့ ရယူနိုင်တယ်ဆိုတာမမေ့ပါနဲ့။
         
 ဒီအချက်တွေကို လေ့လာပြီး ကြိုတင်ပြင်ဆင်သွားမယ်ဆိုရင်တော့ 
လူနှစ်ဦးတွေ့ဆုံရာမှာ အလွန်အရေးပါတဲ့ first impression ဆိုတာကို 
သင်ကောင်းကောင်းကြီး သိမ်းပိုက်နိုင်ပါပြီ။ ဒီလိုဆို 
သင်တို့ချစ်သူနှစ်ဦးရဲ့ ရှေ့ခရီးလမ်းလဲ အများကြီးအလားအလာ 
ကောင်းသွားပြီပေါ့။
Ref:mensxp.com
Trend Myanmar
Monday, March 3, 2014
ယောက္ခမကြီးနဲ့ ပထမဆုံးတွေ့တော့မယ်ဆိုရင်
Subscribe to:
Post Comments (Atom)
 






 
 
 
 
 
0 comments:
Post a Comment