ကားပိုင်ရှင်
 ကိုကိုမမများအတွက် ကားမောင်းတဲ့ နေရာမှာ ကားလောင်စာအတွက် ပိုက်ဆံကုန်တာ 
သက်သာစေဖို့ အ တွက် အကြံပြုချက် ငါးချက်ကို ဒီဆောင်းပါးမှာ ဆွေးနွေးထား 
ပါတယ်။ 
ကိုယ်ပိုင်ကား
 စီးကြမယ် ဆိုရင် ရေရှည် ကုန်မယ့် ပိုက်ဆံဟာ ၀ယ်မယ့် ကားတန်ဖိုးကို တက်စေ 
တာတော့ အမှန်ပါပဲ။
 ဘယ်လောက်ကြီးပဲ ကောင်းပါတယ် ဆိုတဲ့ ကားတွေမဆို 
ချို့ယွင်းချက် ရှိပါတယ်။ ဒါ့ကြောင့် ၀ယ်စီးခ အပြင် ထိန်းသိမ်းခ ကလည်း 
ပိုင်ရှင်တွေကို မျက်ဖြူဆိုက် စေတာ အမြဲပါပဲ။ သို့ပေမယ့် လိုရာကို အချိန် 
မကုန်ဘဲ အဆင်ပြေပြေ ရောက်စေ နိုင်တယ် ဆိုတဲ့ အချက်လေး ကတော့ ကားဝယ်စီး 
သူတိုင်း ရဲ့ မက်မောစရာ မူလ ရည်ရွယ်ချက် လေးပါ။ ဒါပေမယ့် ကားဝယ်စီး 
သူများလာလေ ကားလမ်းတွေ ပိတ်လာ လေမို့ အများသုံး သယ်ယူ ပို့ ဆောင်ရေး တွေကို
 အသုံးချ လိုက်တာနဲ့ သိပ်ပြီး မကွာခြား လေတာ ကတော့ စာဖတ်သူတိုင်း 
လက်တွေ့ပါပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် အဆိုးထဲက အကောင်း ဖြစ်အောင် ကုန်မယ့် 
ပိုက်ဆံတွေထဲက နည်းနည်း ပါးပါးလောက် လျှော့ပစ် နိုင်ရင်လည်း မဆိုးလှပါဘူး။ 
ဒီတစ်ခါ မှာတော့ ကား လောင်စာကို အလကား ကုန်ဆုံး မသွားနိုင် အောင်နဲ့ 
ပိုသုံးရမယ့် လောင်စာ အတွက် မကုန်သင့်တဲ့ ပိုက်ဆံ မကုန်ရအောင် တားဆီး 
နိုင်တဲ့ အချက်လေး တွေကို တင်ပြ သွားပါမယ်။
ပထမဦးဆုံး
 ကားနောက်ခန်းက ၀န်စည် စလယ်တွေကို လျှော့ပစ်လိုက်ပါ။ တွေ့ရှိချက် တွေအရ 
ဝန်စည်စလယ် အသယ်များမှုဟာ ကားရဲ့ လောင်စာကို ၅ ရာခိုင်နှုန်း အထိ ဆုံးရှူံးစေ
 ပါတယ်တဲ့။ သေးငယ်ပြီး နိမ့်တဲ့ ကားမျိုးဆို သိသာပါတယ်။ အဲဒီလို ကားမျိုးဟာ
 အများစု အားဖြင့် အင်ဂျင် ပါဝါလည်း နည်းကြတော့ လူအပြည့် ပစ္စည်း အပြည့်ဆို 
လိပ်လို သိပ်တောင် မသွားတော့ ပါဘူး။ အဲဒီလို မသွားလေ အရှိန် ပိုတင်ရ 
လေဆိုတော့ လောင်စာပို ကုန်ပါတယ်။ နောက်ထပ် အကြံပြု ချင်တာက တံခါး တွေကို 
မှန်တင်ပြီး မောင်းကြပါ။ တွေ့ရှိချက် တွေအရ မှန်တံခါး ဖွင့်ပြီး မောင်းတာဟာ
 လောင်စာ ဆုံးရှူံးမှုကို ၁၀ ရာခိုင်နှုန်း အထိ ဖြစ်စေနိုင် ပါတယ်တဲ့။ 
သဘောကို ဆိုရရင်တော့ အရှိန်များ လေလေ လေ ရဲ့လားရာ ဆန့်ကျင်ဘက် တွန်းကန် 
အားက ပိုကြီး လေးပါပဲ။ အဆိုပါ လေစွမ်းအား အကြောင်းကို ပြောရရင် 
ဥပမာအားဖြင့် အရှိန် အနည်း ငယ်ပါတဲ့ ယာဉ်မျိုးစီး တဲ့အခါ လေတိုက်ရာ ဘက်ကို 
ထီးဖွင့်ပြီး ကိုင်ထား ကြည့်ပါ။ ထီးမျက်နှာပြင်ကို ကန်လာတဲ့ လေဖိအားကို 
ခံစားရ ပါလိမ့် မယ်။ အဆိုပါထီးကို ဒေါင်လိုက် ပြောင်းလိုက်တာနဲ့ မကြာမီ 
မှာပင် ထီးလန်သွား တဲ့အထိ လေစွမ်းအားက ပြင်းပါတယ်။ အဲဒီလို အခြေအ 
နေမျိုးမှာ မိမိစီးနေတဲ့ ယာဉ်ဟာ အတန်ငယ် နှေးသွားတာ ခံစား မိပါလိမ့်မယ်။ 
အလားတူ အရှိန်ကောင်း ကောင်းနဲ့ မောင်းတဲ့ ကားတွေမှာ ဆို ဖွင့်ထားတဲ့ 
တံခါးပေါက် တွေက လေ၀င်ပြီး ကားဦးတည်ရာရဲ့ ဆန့်ကျင်ဘက်ကို ဆွဲပါတယ်။ 
ဒါကြောင့် ပုံမှန်သွား သင့်တဲ့ အရှိန်ထက် ပိုနှေး ပြီး သွားကြလေ့ ရှိပြီး 
လောင်စာ ပိုကုန်ပါတယ်။ အထူးသဖြင့် အရှိန်၄၅ မိုင်နှုန်းထက် ပိုပြီးမောင်းရင်
 သိသာလောက်အောင် လောင်စာ စားတာ မျိုးတွေ ဖြစ်တတ်ပါတယ်။ 
တတိယ
 အချက် အနေနဲ့ ကားဘီးတွေကို လေအပြည့် ဖြည့်ထားဖို့ပါပဲ။ ဒီသဘော ကတော့ 
ရှင်းပါတယ်။ လေလျော့နေတဲ့ ကားဘီးဟာကား မောင်းသူ နင်းသလောက် အရှိန်နဲ့ 
ညီမျှတဲ့ ခရီးကို ရောက်အောင် ပုံမှန် လေပြည့်နေတဲ့ ဘီးထက် နှေးပြီးမှ 
ပေးစွမ်းနိုင် တဲ့အပြင် အန္တရာယ် လည်း ရှိပါတယ်။ ပြောရရင် လေလျော့နေတဲ့ 
ပူဖောင်းလိုပါပဲ။ တွေ့ရှိချက် တွေအရ လေဖြည့်ထားတဲ့ ကားဘီးတွေနဲ့ မောင်းရင် 
လောင်စာကို ၃ ရာခိုင်နှုန်းနဲ့ အထက် ချွေတာရာ ရောက်ပါတယ်တဲ့။ စတုတ္ထအချက် 
အနေနဲ့ ခပ်မှန်မှန် အရှိန်နဲ့ မောင်းကြပါ။ လေ့လာ စမ်းသပ်ချက် အရ မိုင် ၆၀ 
ထက်ပို မောင်းမိပြီ ဆိုရင် နောက်ထပ် ၅ မိုင်နှုန်း ထက်တင်တိုင်း လောင်စာ ၁၀ 
ရာခိုင်းနှုန်းစီ ဆုံးရှူံးစေ ပါတယ်တဲ့။ သဘောကတော့ ရှင်း ပါတယ်။ ပုံမှန် 
မဟုတ်တဲ့ အရှိန်နဲ့ မောင်းရင် အကွေ့လိုမျိုး မလွဲမသွေ ချိုးကွေ့ ရတာမျိုး 
ဆိုရင် ပုံမှန်ထက် ဘရိတ်ပိုသုံး ရပြီးနောက် အရှိန်ကို ပြန်တင် ကြရာမှာ 
ကားလောင်စာကို ပိုစား စေပါတယ်။ အကောင်းဆုံး ကတော့ ခပ်ဖြည်းဖြည်းနဲ့ 
မှန်မှန်မောင်းတာ အကောင်းဆုံးပါပဲ။ နောက် ဆုံးအချက် အနေနဲ့ ဈေးကြီတဲ့ 
လောင်စာတွေ မ၀ယ်ထည့် ကြပါနဲ့တဲ့။ ကုမ္ပဏီတွေက ရောင်းတဲ့ ရှယ်လောင်စာတွေ 
ရှိပါတယ်။ အဲဒါတွေ ၀ယ်ဖြည့်ရင် လောင်စာကုန်တာ သက်သာတယ် ဆိုပေမယ့် 
အမှန်ကတော့ အဲဒီလို မဟုတ်ပါဘူး။ လောင်စာ ဈေးက နဂိုတည်းက ကြီးရတဲ့ ကြားတဲ 
ဈေးပေါတဲ့ လောင်စာတွေဝယ်ထည့်တော့ ပိုက်ဆံကုန် သက်သာ တာပေါ့။ ဒီသဘော ကတော့ 
ရှင်းပါတယ်။
ကားမောင်းရာမှာ
 ဘယ်လို လောင်စာကုန် သက်သာပြီး ပိုက်ဆံတွေ မကုန်သင့်တာ မကုန်စေတဲ့ နည်းလမ်း
 လေးတွေ ပြောပြခဲ့ ပြီးပါပြီ။ စာ ဖတ်သူ များလည်း အဆိုပါ နည်းလမ်း တွေကို 
လိုက်နာ စမ်းသပ်ကြရင်း စိတ်ကျေနပ် မှုရရှိ ကြပါစေလို့ ဆုတောင်းရင်း 
နိဂုံးချုပ် အပ်ပါတယ်။
lubo601
 






 
 
 
 
 
0 comments:
Post a Comment