Sunday, August 16, 2015

ရုပ်ရှင်လက်မှတ်စောင်ရေ ၁၀ သန်းကျော် ရောင်းကုန်သွားတဲ့ Assassination ရုပ်ရှင်


တောင်ကိုရီးယား အက်ရှင်ဇာတ်ကား Assassination သည် သြဂုတ် ၁၅ ရက်ထိ လက်မှတ်စောင် ရေ ၁၀ သန်းကျော်ရောင်းချနိုင်ခဲ့ပြီး ယင်းဇာတ်ကားမှ သရုပ်ဆောင်များက ပရိသတ်များကို ကျေးဇူးတင်စကားပြောကြားလိုက်သည်။ယင်းရုပ်ရှင်ဇာတ်ကားတွင် ဂျွန်ဂျီဟွန်း၊ လီဂျောင်ဂျယ်နှင့် ဟာဂျောင်ဝူတို့သည် ဂျပန်ကိုလိုနီအရာရှိတစ်ဦးကို လုပ်ကြံရန် ကြံစည်သူ သုံးဦးအဖြစ် သရုပ် ဆောင်ထားသည်။ အဆိုပါဇာတ် ကားသည် ၁၉၃၀ ဝန်းကျင် ဂျပန် ကိုလိုနီကာလအတွင်း ကိုရီးယားနိုင်ငံအခြေအနေကို ဇာတ်အိမ်တည်ထားသည်။ ရုပ်ရှင်လက်မှတ်စောင်ရေ ၁၀ သန်း ရောင်းချနိုင်မှုစံချိန်သည် သြဂုတ် ၁၅ ရက်တွင်ကျရောက်သော တောင်ကိုရီးယားနိုင်ငံ လွတ်လပ်ရေးနှင့် တိုက်ဆိုင်ခဲ့သည်။

သရုပ်ဆောင်များဖြစ်သော ဂျွန်ဂျီဟွန်း၊ ဂျိုဂျင်းဝမ်နှင့် အိုဒယ် သူတို့သည် ရုပ်ရှင်ဇာတ်ကား အောင်မြင်မှုအတွက် ပရိသတ်ကို အထူးကျေးဇူးတင်ကြောင်း လက် မှတ်ရေးထိုးထားသည့် ဓာတ်ပုံ များဖော်ပြခဲ့သည်။ ထို့အပြင် လီဂျောင်ဂျယ်၊ ဟာဂျောင်ဝူးနှင့် အခြားသောသရုပ်ဆောင်များ သည် ဒါရိုက်တာချွဲဒုံဟွန်းနှင့်အတူ ကိတ်မုန့်တစ်လုံးအနီး ဝိုင်းထိုင်း ၍ လက် ၁၀ ချောင်းထောင်ကာ အောင်ပွဲခံခဲ့သည်။

Assassionation ရုပ်ရှင် ဇာတ်ကားကို ဇူလိုင် ၂၂ ရက်တွင် တောင်ကိုရီးယားနိုင်ငံ၌ ရုံတင် ပြသခဲ့ပြီး အမေရိကန်နိုင်ငံတွင်သြဂုတ် ၇ ရက်က စတင်ရုံတင် ခဲ့သည်။ 

 —Ref: Soompi
7Day Daily

0 comments:

Post a Comment