Tuesday, August 11, 2015

ပရိသတ် အလိုအတိုင်း ဖြစ်စေမယ့် ခင်စုစုနိုင်


Melody World အဆိုပြိုင်ပွဲကနေ အဆိုတော်တစ်ဦး ဖြစ်လာတဲ့ ခင်စုစုနိုင်က သူ့အနေနဲ့ သရုပ်ဆောင်လုပ်ဖို့ စိတ်ဝင်စားပေမယ့် အဓိကတော့ ပရိသတ်ပါလို့ ပြောပြခဲ့ပါတယ်။

“ဒီအနုပညာ လောကထဲကို ညီမ ၀င်လာကတည်းက အဆိုတော် တစ်ယောက် ဖြစ်ချင်ခဲ့တဲ့ ညီမရဲ့အိပ်မက်နဲ့ ၀ါသနာကြောင့်ပါ။ ရုတ်တရက်ကြီး ညီမဘက်က သရုပ်ဆောင်ပိုင်းကို ပြောင်းဖို့ဆိုတာ ညီမ၀မ်းစာဖြည့်ဖို့ လိုမယ်။ အဆိုပိုင်းကို ညီမ လုပ်နိုင်ပေမယ့် သရုပ်ဆောင်ဖို့ အတွက်ကတော့ ညီမ အများကြီးကို သင်ယူဖို့လိုဦးမယ်။ ဒါပေမဲ့ ညီမရဲ့ ပရိသတ် တောင်းဆိုလာရင်တော့ လုပ်ဖြစ်သွားမှာပါ။ ညီမကို သရုပ်ဆောင်အဖြစ် မြင်ဖို့ကတော့ အဓိက နေရာမှာရှိတာက ပရိသတ်ပါပဲ”လို့ ခင်စုစုနိုင်က ပြောပါတယ်။ခင်စုစုနိုင်က သူမရဲ့ ဒုတိယ တစ်ကိုယ်တော် တေးစီးရီးကို ယခုနှစ်အတွင်း ထွက်နိုင်ရန် ကြိုးစားနေပါတယ်လို့ ပြောပါတယ်။

Messenger News Journal

0 comments:

Post a Comment