Sunday, August 30, 2015

အိမ်ထောင်ပြုချင်ပြီလို့ အသက် ၃၀ မှာ ဖွင့်ဟလိုက်တဲ့ အေးမြတ်သူ

 
အမျိုးသမီးတစ်ဦးအနေနဲ့ အသက် ၃၀ အရွယ်မှာ မိသားစုဘဝကို တောင့်တလာတာကြောင့် သရုပ်ဆောင် အေးမြတ်သူက အိမ်ထောင်ပြုချင်မိတယ်လို့ ဆိုပါတယ်။”ကျွန်တော် အသက်(၁၇)နှစ်ကတည်းက (၂၇)နှစ်ကျရင် ယူမယ်လို့ပြောခဲ့တာ။ အခုဆို အသက် ၃၀ရှိပြီ။ အမှန်အတိုင်းပြောရရင် ကျွန်တော်လည်း ယောင်္ကျား လိုချင်နေပြီ။ အမျိုးသမီးအနေနဲ့ အသက်(၃၀)အရွယ်က ကလေးမီးဖွားဖို့ အသင့်တော်ဆုံးပဲလေ။ အလှအပနဲ့ကြည့်ရင်လည်းဒီအရွယ်မှာလှတာ ကုန်တော့မယ်။ ယူမယ့် ယောက်ျားက ရှားပြီ။"
ခေတ်စနစ်ပြောင်းလဲမှုတွေကြောင့် လက်ထပ်ထိမ်းမြားဖို့ သေချာစဉ်းစား ဆုံးဖြတ်တတ်တဲ့ ကာလဖြစ်လို့ ယနေ့ခေတ်မှာ အမျိုးသားနှင့်အမျိုးသမီးတို့ လက်ထပ်ထိမ်းမြားဖို့ ခက်ခဲလျက်ရှိနေတယ်လို့လည်း သူမက သုံးသပ်ပါတယ်။


သတင်းဓာတ်ပုံ- အေးမြတ်သူ၏ Facebook မှ ကူးယူဖော်ပြပါသည်။
Shwe Myitmakha Media Group

0 comments:

Post a Comment