Wednesday, August 12, 2015

အဆိုတော် အောင်ထက်၊ဖြစ်လာတဲ့ အောင်မြင်မှုရဲ့နောက်ကွယ်

"ငါ့သားကြီးလာရင် ဘာဖြစ်ချင်လဲ"ဆိုတဲ့မေးခွန်းကို ငယ်ငယ်က မိဘတွေမေးခဲ့တိုင်း၊
လူကြီးသူမတွေမေးခဲ့တဲ့အခါတိုင်းမှာ ချာတိတ်ကလေး မောင်သက်ဇင်ထက်အတွက်
အဖြေက တစ်ခုပဲရှိပါတယ်။ 



အဆိုတော်၊အောင်ထက်ကို ရရှိထားတဲ့ 'အိပ်မက်ဆုံရာ'ဆုတံဆိပ်နဲ့အတူ ပြီးခဲ့တဲ့လက နေအိမ်မှာ တွေ့ရစဉ်။ ဓာတ်ပုံ -အောင်ခန့်၊မြန်မာတိုင်းမ်

အဲဒါကတော့ "အဆိုတော်ကြီး လုပ်ချင်တယ်"ဆိုတာပါပဲ။ ဒီလိုအဖြေပေးခဲ့ပေမယ့်
တစ်နေ့မှာ အဆိုတော်ကြီးဖြစ်လာဖို့ဆိုတာ သူ့အတွက် တော့ ရာခိုင်နှုန်းက
တော်တော်လေးနည်းပါးလှပါတယ်။ အကြောင်းကတော့ ဂီတနဲ့ပတ်သက်လို
့ ကျောထောက်နောက်ခံ၊ ဂီတမျိုးရိုးဆိုတာ သူ့ဆီမှာ ဘာဆိုဘာမှ မရှိလို့ပါပဲ။ "ကျွန်တော်
ငယ်ငယ်ကတည်းက သီချင်းဆိုတာကို အရမ်းရူးသွပ်ခဲ့တယ်။ အချိန်တိုင်း သီချင်းပဲဆိုချင်နေခဲ့
တာပါ"လို့ အသက် ၂၄ နှစ်အရွယ် သက်ဇင်ထက်က ဆိုပါတယ်။'သက်ဇင်ထက်' ဆိုတာကတော့ 'အိပ်မက်ဆုံရာ' သီချင်းဆိုပြိုင်ပွဲမှာ အကောင်းဆုံးအဆို
ဆုရှင်အဖြစ် ပူပူနွေးနွေးရွေးချယ်ခံထားရတဲ့ အောင်ထက် (အနုပညာ အမည်)ပဲဖြစ်ပါတယ်။
အောင်ထက် (ခေါ်) သက်ဇင်ထက်ကို ကယားပြည်နယ်မှာ မွေးဖွားခဲ့ပြီး မကွေးတိုင်းမှာ
ကြီးပြင်းခဲ့တာဖြစ်ပါတယ်။ ညီအစ်ကိုသုံးယောက်ထဲမှာ အလတ်ရာထူး ကို ဆက်ခံထားသူဖြစ်ပြီး
သူ့ရဲ့ငယ်ရွယ်စဉ် အချိန်တွေကို ဘုန်းကြီးကျောင်း၊ ဘုန်းတော် ကြီးသင်ပညာရေးစနစ်နဲ့
ဖြတ်သန်းခဲ့ရသူ ဖြစ်ပါတယ်။

ဒါပေမဲ့ ၂၀၀၅ ခုနှစ်လောက် မှာတော့ မကွေးကနေ ရန်ကုန်မြို့ကို ပြောင်းရွှေ့နေထိုင်ခဲ့ပြီး
တဲ့နောက် ကျောင်းဆက်တက်ခဲ့တယ်လို့ အောင်ထက်က ဆိုပါတယ်။ ၂၀၁၀ ပြည့်နှစ်
သူ့အသက် ၁၉ နှစ်အရွယ်မှာ သီချင်းဆိုပြိုင်ပွဲလေးတစ်ခုမှာ ပထမဆုံးအကြိမ် ပါဝင်
ယှဉ်ပြိုင်ဖြစ်ခဲ့ပါ တယ်။ "အဲဒီအချိန်တုန်းကတော့ စင်မြင့် ဆိုတာ ကျွန်တော့်အတွက်
ပထမဦးဆုံး အတွေ့အကြုံပါပဲ။ လူတွေအများကြီးရှေ့မှာ သီချင်းဆိုပြဖို့ဆိုတာ တစ်ခါမှ
မတွေးခဲ့ဖူးပါဘူး။ ကြောက်လွန်းလို့ ဒူးတွေ၊ ရင်တွေ တုန်လို့ပေါ့"လို့ သူ့ရဲ့ပထမဆုံး စင်မြင့်
အတွေ့အကြုံကို အောင်ထက်က ပြောပြ ပါတယ်။ ပထမဆုံးပြိုင်ပွဲမှာတင် သူဒုတိယဆု
ချိတ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သူဆုရတယ်ဆို တာကို သူ့အသိုင်းအ၀ိုင်းက မယုံကြည်ခဲ့ကြဘူးလို့
ဆိုပါတယ်။ "အားလုံးက ကျွန်တော့်ကို နောက်နေတယ်ပဲထင်ခဲ့ကြတယ်။

ဒါပေမဲ့ ကျွန်တော့်အတွက် ကိစ္စမရှိ ပါဘူး။ အဲဒါက ကျွန်တော်သီချင်းတွေအပေါ်ထားတဲ့၊
အောင်မြင်ချင်တဲ့စိတ် အတွက် တွန်းအားတစ်ခုတောင် ဖြစ်ခဲ့ပါသေးတယ်"လို့ အောင်ထက်က
ဆိုပါတယ်။ ဂီတနဲ့ပတ်သက်လို့ သူ့ကို ပထမဦးဆုံး စေတနာနဲ့ ၀ါသနာအရ သင်ကြားပေးခဲ့တဲ့
ဆရာကိုလည်း သူက မမေ့ပါဘူး။ ရန်ကင်းမှာနေတဲ့ ဦးသန်းဝင်းလို့ ဆိုပါတယ်။ ပထမဆုံး
အတွေ့အကြုံအပြီးမှာ သူ့ရဲ့ ၀ါသနာကို အကောင်အထည်ဖော်ဖို့နဲ့ သူ့ရဲ့ကိုယ်ရည်ကိုယ်သွေးတွေကို
ဖော်ထုတ် ဖို့အတွက် ပြည်တွင်းက သီချင်းဆိုပြိုင်ပွဲ တွေအားလုံးနီးနီးမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။
ဆုတွေရရှိခဲ့တဲ့အပြင် စင်မြင့်နဲ့ လည်း ရင်းနှီးလာခဲ့ပါတယ်။ ဒါပေမဲ့ ပြိုင်ပွဲတွေက စား၊၀တ်၊နေရေး
ပြဿနာတွေကို မဖြေရှင်းပေးနိုင်တာမို့ အချိန်အတိုင်းအတာတစ်ခုအကြာမှာတော့ ပုံမှန်အလုပ်တွေ
ကို ၀င်လုပ်ရပါတော့ တယ်။ "ကျွန်တော့်အတွက်က ပြိုင်ပွဲက ရနေတဲ့ဆုတွေနဲ့တင် နေထိုင်နေလို
့မရဘူး လေ။ ကျွန်တော့်ဝမ်းရေး၊ မိသားစုအရေးအတွက် ၀င်ငွေပုံမှန်ရှိတဲ့ အလုပ်ကို လုပ်ရ
ပါသေးတယ်။ ဒါနဲ့ ပြိုင်ပွဲတွေလိုက်ပြိုင်နေ တာကို ရပ်တန်းကရပ်ခဲ့ပါတယ်"လို့ အောင်ထက်
တစ်ဖြစ်လဲ သက်ဇင်ထက်က ဆိုပါတယ်။ ဒါပေမဲ့ သူ့အနေနဲ့ သီချင်းတွေနဲ့ အဝေးကြီးမနေနိုင်
ပါဘူး။ ၀မ်းရေးအတွက် အလုပ်တွေလုပ်နေရပေမယ့် လုပ်ငန်းခွင် မှာ သီချင်းညည်းမြဲ၊
အားလပ်ချိန်တွေမှာ သီချင်းတွေနားထောင်မြဲ၊ ၀ါသနာအရ သီချင်းဟောင်းတွေကို
အသစ်တွေအဖြစ်ဖန်တီးနေမြဲပါပဲလို့ ဆိုပါတယ်။

နောက်ဆုံးမှာတော့ ပြညောမှေိုသူ လို့တောင်ဆိုနိုင်တဲ့ ပြည်တွင်းမှာ လူကြိုက်အများ
ဆုံးဖြစ်နေတဲ့ သီချင်းဆိုပြိုင်ပွဲ 'အိမ်မက်ဆုံရာ' (ရာသက်ပန်) အစီအစဉ် မှာ ပါဝင်ယှဉ်ပြိုင်ဖို့
သူ ဆုံးဖြတ်လိုက်ပါတော့တယ်။ ပြိုင်ပွဲဝင်တွေဟာ သီချင်းဟောင်းတွေကို ကိုယ်ပိုင်ဟန်ပန်နဲ့
ပုံစံအသစ်တစ်ခုအဖြစ် ဖန်တီးသီဆိုရမယ့်အပြင် ပြိုင်ပွဲရဲ့အဓိကဆုကိုရခဲ့ရင်လည်း သီချင်းခွေ
လုပ်ပေးမယ်ဆိုတဲ့ အချက်နှစ်ချက်က သူ့ကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့
အောင်ထက် ဆိုတဲ့ အနုပညာအမည်နဲ့ ပါဝင်ခဲ့ပါတော့တယ်။ "ဒီပြိုင်ပွဲကြီးက ကျွန်တော်ဖြစ်ချင်
တာတွေကို လုပ်ပေးနိုင်မယ်ဆိုတာ ယုံကြည်ခဲ့တယ်"လို့ အောင်ထက်က ဆိုပါတယ်။

ပြိုင်ပွဲယှဉ်ပြိုင်နေစဉ်မှာလည်း အစစ အရာရာ အဆင်ပြေစေဖို့ ကြိုးစားရုန်းကန် ခဲ့ရပါတယ်။
စုထားတဲ့ငွေအနည်းငယ်က ပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်တဲ့အခါ လိုအပ်တဲ့အ၀တ်အစားတွေ၊
တခြား အသုံးစရိတ်တွေကို မကာမိခဲ့ပါဘူး။ ဒါပေမဲ့ သူ့ကိုကြိုက်နှစ်သက်တဲ့ ပရိသတ်အရေ
အတွက်တွေကတော့ ပြိုင်ပွဲယှဉ်ပြိုင်နေစဉ်မှာ တစ်ဆင့်တက်ပြီးတိုင်း၊ သီချင်းတစ်ပုဒ်ဆိုပြီးတိုင်းမှာ
အံ့မခန်းနိုင်အောင် တိုးများလာခဲ့ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်ရဲ့ 'ရည်းစားစာ'သီချင်းကို
ပြောင်းလဲဖန်တီးသီဆိုထားတဲ့ သူ့ရဲ့ပုံစံ အသစ်ကို ကြိုက်ကြသလို၊ ရေဒီယိုသီချင်း တစ်ပုဒ်ဖြစ်
ခဲ့တဲ့ 'အချစ်ဘယ်ကစ' ကို ပြန်ပြောင်းဖန်တီးထားတဲ့ သံစဉ်အသစ်ပုံစံလေးကိုလည်း
ပရိသတ်တွေ တစ်ခဲနက်အားပေးခဲ့ကြပါတယ်။ ပရိသတ်တွေတင်မဟုတ်ပါဘူး။ အကဲဖြတ်
ဒိုင်လေးဦးစလုံး ရဲ့ အားပေးမှုကိုလည်း ရရှိခဲ့ပါတယ်။ တခြားအဆိုတော်ကြီးတွေရဲ့ နာမည်ကျော်
မူရင်းသီချင်းတွေကို ပုံစံအသစ်အဖြစ် ပြောင်းလဲဖန်တီးသီဆိုထားတဲ့ သူ့ရဲ့သီချင်း ဖိုင်တွေကို
ယူကျုကနေ ဒေါင်းလုတ်ခ်ဆွဲပြီး ကြည့်ကြတဲ့ ပရိသတ်အရေအတွက်က လည်း မနည်းမနောပါပဲ။
"ကျွန်တော်ရဲ့အခိုင်အမာအားပေးတဲ့ ပရိသတ်တွေကို ချစ်ပါတယ်။ သူတို့က ကျွန်တော့်အခက်အခဲတွေကို ဖြည့်ဆည်း ပေးခဲ့ကြတဲ့ ကျေးဇူးရှင်တွေဆိုရင်လည်း မမှားပါဘူး။
ပွဲပြိုင်နေတုန်း ကျွန်တော့် အတွက် ၀တ်ဖို့ အင်္ကျီတွေလှမ်းပို့ပေးတဲ့သူတွေရှိသလို၊ ငွေရေးကြေးရေး
လည်း ကူညီ ထောက်ပံ့ပေးခဲ့ကြတယ်" လို့အရပ်ရှည်ရှည်နဲ့ ခန္ဓာကိုယ်ပိန်ပိန်ပါးပါး ကိုယ်ဟန်နဲ့
အသံအားကောင်းကောင်းနဲ့ သံစဉ်တွေကို သီဆိုနိုင်တဲ့ အောင်ထက်က ဆိုပါတယ်။ သူ့အနေနဲ့
ပွဲသွားဖို့ တက္ကစီခရှိရင် စီးသလို၊ မရှိရင်လိုင်းကားစီး၊ လမ်းလျှောက်ပြီး ပြန်ခဲ့တဲ့ရက်တွေ
ရှိခဲ့ပေမယ့် ပြိုင်ပွဲအတွက် လေ့ကျင့်တဲ့အချိန်တွေအတွက် ပင်ပန်းတယ်ရယ်လို့မရှိခဲ့ပါဘူး
လို့ဆိုပါတယ်။ သူ့အနေနဲ့ ကြိုးစားရကျိုးနပ်ခဲ့ပါတယ်။ ဒိုင်တွေရဲ့ အမှတ်ပေးစည်းမျဉ်းအရပေးတဲ့
စုစုပေါင်းအမှတ် ၅၁ ဒသမ ၇၅ မှတ်နဲ့ ပရိသတ်တွေရဲ့မဲပေးရွေးချယ်မှု အမှတ်ပေါင်း ၆၂ ဒသမ
၇၄ မှတ်နဲ့ အိမ်မက်ဆုံရာ (ရာသက်ပန်)ရဲ့ အဓိကဆုကြီးကို ရရှိခဲ့ပြီး ဆုကြေးဒေါ်လာ ၂၇,၀၀၀
တန် င်္သမိ ကားနဲ့ တခြားဆုတွေကိုလည်း ရရှိခဲ့ပါတယ်။ "ချွေးထွက်နည်းမှ သွေးထွက်နည်းမယ်
ဆိုသလို ကျွန်တော်အိပ်ရေးပျက် ခဲ့ရတဲ့ညတွေ၊ ကြိုးစားခဲ့ရတဲ့အချိန်တွေ၊ ပရိသတ်တွေ ရွေးချယ်
မှုကြောင့် ဒီလိုမျိုး ဆုရခဲ့တာပါ။

ဒါပေမဲ့ ဒါကဘ၀အတွက် အောင်မြင်မှုဆိုတာမျိုး စိတ်ထဲမှာ မတွေးမိခဲ့ဘူး။ ဂီတကို ရူးသွပ်စွာ
လုပ်ကိုင်နေတဲ့သူ၊ သီချင်းဆိုသူ၊ သီချင်းရေးသူတစ်ဦးလို့ ကိုယ့်ကိုယ်ကိုယ်ယူဆတယ်။ အရင်
ကထက် ကိုယ်မြတ်နိုးဝါသနာပါတဲ့ ဂီတအလုပ်ကို အသက်မွေးကျောင်းအလုပ်တစ်ခုအဖြစ်
လုပ်နေခွင့်ရတဲ့ အခြေအနေပဲရှိပါသေးတယ်။ ကျွန်တော့်အနေနဲ့ ဒီထက်ကြိုးစားဖို့လိုပါသေးတယ်။
ဒါပေမဲ့ ကျွန်တော်ပျော်ပါတယ်"လို့ အောင်ထက်က ဆိုပါတယ်။ လက်ရှိမှာတော့ Forever Media
နဲ့ သီချင်းခွေထွက်ဖို့ ကြိုးစားနေသလို ပြည်တွင်းမှာလုပ်နေတဲ့ ဖျော်ဖြေပွဲတွေမှာလည်း သီချင်းတွေ
လိုက်ဆိုခွင့် ရနေပြီဖြစ်ပါတယ်။

Myanmar Times

0 comments:

Post a Comment