Thursday, August 13, 2015

ရေဘေးသင့်ပြည်သူတွေကို ပြန်လှူမယ့် ကုသိုလ်ဖြစ်ရုပ်ရှင်ပြပွဲ


ရေဘေးသင့်ပြည်သူများ အား ပြန်လည်လှူဒါန်းနိုင်ရန် ရန်ကုန်၊ မန္တလေးနှင့် နေပြည် တော်ရှိ ဂျန်းရှင်းရုပ်ရှင်ရုံများတွင် Charity Show အဖြစ် မြန်မာရုပ် ရှင်ဇာတ်ကား လေးကားပြသမည် ဖြစ်ကြောင်း သတင်းရရှိသည်။ဂျန်းရှင်းအုပ်စုအောက်ရှိ ရန်ကုန်ဂျန်းရှင်းစကွဲ၊ ဂျန်းရှင်း မော်တင်၊ မန္တလေးဂျန်းရှင်းနှင့် နေပြည်တော်ဂျန်းရှင်းရုပ်ရှင်ရုံ များတွင် လူကြိုက်များခဲ့သည့် မြန်မာရုပ်ရှင်ဇာတ်ကားလေး ကားကို ဩဂုတ် ၁၄ မှ စက်တင် ဘာ ၁၁ ရက်အတွင်း အလှည့်ကျ ပွဲချိန်ဖြင့် နေ့စဉ်ပြသပေးမည်ဖြစ် သည်။ အဆိုပါ Charity Show တွင် ပြသမည့် မြန်မာရုပ်ရှင်ဇာတ် ကားလေးကားမှာ အောင်ဘာ လေ၊ ကိုတင့်တို့စူပါရပ်ကွက်၊ မင်္ဂလာလှည်းနှင့် သက်တံသစ်တို့ ဖြစ်သည်။

ဂျန်းရှင်းစကွဲရှိ ရုပ်ရှင်ရုံတွင် အဆိုပါဇာတ်ကားလေးကားကို ည ၉ နာရီနောက်ပိုင်းပွဲစဉ်များ၌ ပွဲရက်အတွင်း တစ်နေ့တစ်ကား နှုန်းဖြင့် စတင်ပြသမည်ဖြစ်သည်။

ဂျန်းရှင်းမော်တင်တွင်မူ ည ၈ နာရီနောက်ပိုင်း ပွဲချိန်များ၌ စတင်ပြသမည်ဖြစ်သည်။

မန္တလေး ဂျန်းရှင်းစင်တာ တွင် နေ့စဉ် နံနက် ၁၀ နာရီတိုင်း၌ စတင်ပြသပေးမည်ဖြစ်ပြီး နေ ပြည်တော်တွင် ရုပ်ရှင်ဇာတ်ကားလေး ကားစလုံးကို ပွဲရက်အတွင်း ည နေ ၆ နာရီခွဲပွဲတွင် စတင်ပြသပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲနေ့များမှရရှိလာ မည့် ရုပ်ရှင်လက်မှတ်ရောင်းရငွေ များကို ရေဘေးသင့်ပြည်သူများ အတွက် သွားရောက်လှူဒါန်းမည် ဖြစ်ကြောင်း သိရသည်။

7Day Daily

0 comments:

Post a Comment