Sunday, August 16, 2015

အချစ်ရေးမှာ ကိုယ်က သူ့ ရဲ့  အရန်လူ သက်သက်လားဆိုတာ သိသာစေမယ့် အချက်(၄)ချက်


အရာရာတိုင်းအတွက် အရန်အစီအစဉ်လေးတွေ အမြဲထားရမယ်ဆိုတာ သင်သိပါတယ်။ တက္ကသိုလ်လျှောက်ရင် ဒုတိယဦးစားပေး တက္ကသိုလ်ဖြည့်ရတယ်၊ အရေးကြီးတဲ့ စာရွက်စာတမ်းဖိုင်တွေကို USB drive ထဲ ထည့်ရတယ်၊ အရေးပေါ်ကိစ္စအတွက် ငွေစုရတယ်။ တစ်ယောက်နဲ့ ပြတ်သွားရင် နောက်တစ်ယောက် အရန်သင့် တွဲဖို့ သိမ်းထားရတယ်။Computers in Human Behavior မှာ မကြာသေးခင်က ဖော်ပြခဲ့တဲ့လေ့လာမှုအရ သာမန်မိန်းကလေးတစ်ယောက်ဟာ အရန်ကောင်လေး လေးယောက်လောက် ရှိတတ်ကြပြီး ယောင်္ကျားလေးတစ်ယောက်ဟာ အတည်မဟုတ်သေးတဲ့ မိန်းကလေး ရှစ်ယောက်လောက် ရှိတတ်ကြတယ်လို့ ဆိုပါတယ်။

ဒါဆို ကိုယ်က သူ့ ရဲ့ အရန်လူသက်သက်ပဲလားဆိုတာ ဘယ်လို ခွဲခြားသိမလဲ။ ဒီအချက်လေးတွေက အချစ်ရေး ကျွမ်းကျင်သူတွေ မျှဝေထားတဲ့ အချက်(၄) ချက်ဖြစ်ပါတယ်။

၁။ သူက မင်းကိုရော တခြားမိန်းကလေးကိုပါ တွဲနေတယ်၊ ဒါပေမယ့် ‘ကိုယ်အခု အသေအချာ မပြောနိုင်သေးဘူး” လို့ ပြောတတ်တယ်။

၂။ သူက လူလွတ်လို့ ပြောတယ်။ ဒါပေမယ့် မင်းကို သောကြာနဲ့ စနေ ညတွေမှာပဲ တွေ့ ကြဖို့ စာပို့ လေ့ရှိတယ်။

၃။ သူက မင်းနဲ့ အတူ အကြာကြီးတွဲလာတဲ့ သူငယ်ချင်းပဲ။ ကောင်မလေးလည်းရရော ပျောက်သွားတယ်။ အခု ပြတ်သွားတော့မှ မင်းကို မုန့် စားရအောင်ဆိုပြီး ပြန်ပေါ်လာတယ်။

၎။ သူက တခြားတစ်ယောက်နဲ့ အတည်တကျ အချစ်ရေးရှိတယ်။ ဒါပေမယ့် မင်းကို ပရော်ပရည်စကားတွေ ပြောတတ်တယ်။

ဒီလေးချက်နဲ့ ကိုက်နေရင်တော့ မင်းဟာ တစ်ယောက်ယောက်ရဲ့ အရန်လူစာရင်းထဲ ၀င်နေပါပြီ။

Ref: womenshealthmag
Trend Myanmar

0 comments:

Post a Comment