Monday, August 10, 2015

တကယ်ပျော်ရွှင်ပြီး နားလည်မှုရှိတဲ့ စုံတွဲတွေနဲ့ နားလည်မှုမရှိတဲ့ စုံတွဲတွေ ဘယ်အချက်တွေ ကွာခြားသွားကြသလဲ


ချစ်သူစုံတွဲတိုင်းဟာ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိရှိနဲ့ ဘ၀ခရီးကို လက်တွဲမဖြုတ်စတမ်း လျှောက်လှမ်းနေကြတာတော့ မဟုတ်ပါဘူး။ အချစ်ရေးမှာ တကယ်ပျော်ရွှင်ရတဲ့သူတွေ ရှိသလို၊ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုမရှိပဲ ပြသနာတွေနဲ့ ဖြတ်သန်းနေရသူတွေလည်း ရှိပါတယ်။ တစ်ချို့ကျတော့လည်း ပျော်ရွှင်ချင်ယောင်ဆောင် ဖြတ်သန်းနေသူတွေလည်း အများကြီးပါ။ တကယ်ပျော်ရွှင်ရတဲ့ နားလည်မှုရှိတဲ့စုံတွဲတွေနဲ့ မရှိတဲ့စုံတွဲ ဘာတွေကွာသလဲဆိုတော့၁။ပြသနာတစ်ခုဖြစ်လာတဲ့အခါ

မပျော်ရွှင်တဲ့စုံတွဲ - ပြသနာတစ်ခုဖြစ်ပြီဆို နားလည်မှုမရှိတဲ့စုံတွဲဟာ တစ်ယောက်နဲ့တစ်ယောက် အပြစ်တင်ဝေဖန်တာနဲ့ စတော့တာပါပဲ။ ဒါက ဘယ်လိုဖြစ်ရတာလဲ။ နင်ဘယ်လိုများလုပ်လိုက်တာလဲ၊ စသဖြင့် ပြသနာကို မဖြေရှင်းပဲ အပြစ်လွှဲချတဲ့အလုပ်ကိုသာ အရင်လုပ်တတ်ကြပါတယ်။

ပျော်ရွှင်တဲ့စုံတွဲ - တစ်ယောက်နဲ့တစ်ယောက် ဖေးကူမယ်။ ဘယ်လိုပြသနာဖြေရှင်းနိုင်မယ်ဆိုတာ နှစ်ဦးအတူ စဉ်းစားမယ်။ ကြိုတင်စီစဉ်သင့်တာတွေ သေချာတွေးပြီး အစီအစဉ်ချမယ်။ ဘယ်လိုအရာတွေကို ပြောင်းလဲသင့်ပြီ ဆိုတာ တစ်ဦးနဲ့တစ်ဦး အကြံပေးမယ်။

၂။နှစ်ဦးကြားအခြားတစ်ယောက်က အတင်းဝင်လာဖို့ ကြိုးစားတဲ့အခါ

မပျော်ရွှင်တဲ့စုံတွဲ - တစ်ယောက်နဲ့တစ်ယောက် မယုံကြည်တဲ့အခါ ပြသနာအကြီးအကျယ်တက်မယ်။ သ၀န်တိုတဲ့ပြသနာတွေ ဖြစ်လာမယ်။ တစ်ယောက်နဲ့တစ်ယောက် လိမ်ညာတယ်ဆိုပြီး စွပ်စွဲမယ်၊ သစ္စာမရှိဘူးဆိုပြီး ရန်တွေ ဖြစ်မယ်။ တစ်ဖက်လူရှင်းပြတာကို နားမထောင်ပေးတော့ဘူး။

ပျော်ရွှင်တဲ့စုံတွဲ - ကိုယ့်ချစ်တဲ့သူကို အခြားတစ်ယောက်လာကပ်တာ ကိုယ့်အတွက် အဆင်မပြေပေမယ့် ကိုယ့်ချစ်သူကို အပြစ်တင်မနေဘူး။ သူ့ကိုဆက်ယုံကြည်ပေးတယ်။ နှစ်ဦးသားပိုရင်းနှီးအောင် နေထိုင်မယ်။ သံယောဇဉ်ကြိုး ပိုတိုးအောင် ကြိုးစားသွားတယ်။ နှစ်ယောက်ကြား အခြာတစ်ယောက် ၀င်လာလို့မရဘူးဆိုတာ သက်သေပြနိုင်အောင် ကြိုးစားသွားတယ်။

၃။မိဘတွေက သူ့ကို/သူမကို ကိုယ့်သား/သမီးတွေနဲ့ သဘောမတူတဲ့အခါ

မပျော်ရွှင်တဲ့စုံတွဲ - ကိုယ့်ချစ်သူရဲ့မိဘတွေက ကိုယ့်ကိုမကြိုက်ဘူးဆိုရင် ဘယ်သူမဆို စိတ်မကောင်းဖြစ်ကြရပါတယ်။ ဒီလိုအချိန်မှာ သင့်ချစ်သူက သူ့မိဘနဲ့လိုချင်တာတွေ ဖြစ်ချင်တာတွေ အကုန်လုပ်ပေးလိုက်ဖို့ သင့်ကိုတွန်းအားပေးမယ်။ ဖိအားပေးပါလိမ့်မယ်။

ပျော်ရွှင်တဲ့စုံတွဲ - နားလည်မှုရှိတဲ့ စုံတွဲကတော့ ဒီကိစ္စကို နှစ်ယောက်တစ်ဖွဲ့ဖွဲ့ပြီး ဖြေရှင်းတတ်ပါတယ်။ ဒီလိုဆိုရင် ဘာ့ကြောင့်မကြိုက်သလဲဆိုတာ သိအောင်ကြိုးစားပြီး အမေကို ကိုယ့်ချစ်သူကိုယ်စားအရင်ပြောဆိုပေးမယ်။ ကိုယ့်ချစ်သူနဲ့မိဘတွေ တွေ့တဲ့အချိန်တိုင်းလည်း ကိုယ်ကဘေးမှာရှိနေပေးပြီး ကိစ္စရပ်တစ်ခု အဆင်ပြေအောင် ထိန်းညှိပေးသွားမယ်။

၎။ကိုယ့်သူငယ်ချင်းကို ကိုယ့်ချစ်သူက သဘောမကျတဲ့အခါ

မပျော်ရွှင်တဲ့စုံတွဲ - သူ့သူငယ်ချင်းဟာ ဘယ်လိုမကောင်းကြောင်း သူ့ကိုဆက်တိုက်ပြောမယ်။ တကယ်လို့ ကိုယ့်ချစ်သူက သူ့သူငယ်ချင်းအကြောင်း ကိုယ့်ရှေ့မှာပြောလာရင် လာပြန်ပြီလား အဲ့ဒီအကောင်ဆိုတာမျိုး ပြန်မေးမယ်။ နှစ်ယောက်အတူ ရှိနေချိန်ဆို ဒေါသထွက်မယ်။ ချစ်သူနဲ့ သူငယ်ချင်း ဘယ်သူ့ကို ရွေးချယ်မလဲဆိုပြီးမေးမယ်။

ပျော်ရွှင်တဲ့စုံတွဲ - ကိုယ့်ချစ်သူရဲ့ သူငယ်ချင်းကို သဘောမကျဘူးဆိုရင်တောင် သူတို့ခင်မင်လာတဲ့ ဘယ်လောက်ရှိပြီဆိုတာနဲ့ နားလည်မှုပေးမယ်။ သူ့ကို သဘောမကျတဲ့အတွက် သူနဲ့အတူရှိချိန်တွေမှာတော့ သင်ပါဝင်မှာ မဟုတ်ဘူးဆိုတာ သူ့ကိုနားလည်အောင် ရှင်းပြထားမယ်။ ဒါဟာ တစ်ယောက်နဲ့တစ်ယောက် လေးစားမှုရှိတယ်ဆိုတာ ပြတာပါပဲ။

၅။လိင်မှုကိစ္စတွေ အဆင်မပြေဖြစ်လာတဲ့အခါ

မပျော်ရွှင်တဲ့စုံတွဲ - အတူနေတဲ့အချိန် အဆင်မပြေတာတွေ ကြုံမယ်၊ စိတ်ကျေနပ်မှုမရှိဘူးဆိုတာနဲ့ တစ်ဖက်လူကို အပြစ်တင်မယ်။ တစ်ဖက်လူစိတ်မကောင်းဖြစ်အောင်ပြောမယ်။ လူဆိုတာ ဒီလိုကိစ္စတွေမှာ စိတ်မပါတဲ့အချိန် လည်းရှိနိုင်တယ်ဆိုတာ နားလည်မှုမပေးနိုင်ဘူး။

ပျော်ရွှင်တဲ့စုံတွဲ - အတူနေတဲ့အချိန် တစ်ယောက်က စိတ်မပါတာမျိုး၊ မပြီးတာမျိုးတွေ ဖြစ်လာတဲ့အခါ ဘာ့ကြောင့်ဆိုတာကို အဖြေရှာမယ်။ အပြစ်တင်မယ့်အစား ပွေ့ဖက်ပေးတယ်။ နောက်တစ်ခါကျရင်သူ့အကြိုက် ကိုယ့်အကြိုက်ဆိုတာကို ပိုထည့်တွေးပေးလာတယ်။

Ref:womenshealthmag
ဟန်နီ
Trend Myanmar

0 comments:

Post a Comment