Tuesday, August 4, 2015

ရုပ်ရှင် အကြိုခံစားခြင်း - Northern Limit Line


ဒီနေ့တော့ ပရိသတ်တွေ ရသအပြောင်းအလဲလေးကြည့်ရ အောင်လို့ ကိုရီးယားစစ်အက်ရှင် ဇာတ်ကားသစ်လေးအကြောင်း ဖော်ပြပေးလိုက်ပါတယ်။ တ ကယ့်ဖြစ်ရပ်မှန်စစ်ပွဲကို အခြေခံ ရိုက်ကူးထားတာမို့ ဇာတ်အိမ်က စိတ်ဝင်စားဖို့ ကောင်းပါတယ်။
၂၀၀၂ ကာလမှာ တောင်ကို ရီးယားနိုင်ငံဟာ ကမ္ဘာ့ဖလား ဘောလုံးပွဲမှာ တူရကီနဲ့ တတိယ နေရာလုဖို့အတွက် ရင်ခုန်စိတ် လှုပ်ရှားပြီး သဲသဲမဲမဲအားပေးနေ

တဲ့အချိန်ဖြစ်ပါတယ်။ ဒီလိုရုတ် ရုတ်သဲသဲအခြေအနေကို အခွင့် ကောင်းယူပြီး မြောက်ကိုရီးယား က ကင်းလှည့်လှေ နှစ်စီးဟာ တောင်-မြောက်ကိုရီးယားနယ် စပ်စည်းမျဉ်းရေပိုင်နက်လိုင်းကို မသင်္ကာဖွယ်ရာဝင်ရောက်လာခဲ့ ပါတယ်။

အဲဒီနောက်တော့ တောင် ကိုရီးယား စစ်သင်္ဘောတွေကို ဖျက်ဆီးဖို့ အစီအစဉ်လုပ်ခဲ့ပြီး နယ်စပ်စည်းမျဉ်းကိုပါ ထိုးဖောက်ဖို့ လုပ်ဆောင်ခဲ့ပါတော့တယ်။ မြောက်ကိုရီးယားတွေက တောင်ကိုရီးယားကင်းလှည့်စစ်သင်္ဘော ချမ်ဆူရီ-၃၅၇ ကို ကမ္ဘာ့ဖလားပွဲ နောက်ဆုံးရက်မတိုင်ခင် ညမှာ ရုတ်တရက်တိုက်ခိုက်ခဲ့ပါတယ်။ ချမ်ဆူရီသင်္ဘောက သင်္ဘောသား ခြောက်ယောက် သေဆုံးခဲ့ပြီး ၁၈ ယောက်လောက် ဒဏ်ရာရခဲ့ကာ ကင်းလှည့်သင်္ဘောလည်း ဖျက်ဆီးခံခဲ့ရပါတော့တယ်။

မထင်မှတ်ထားတဲ့ တိုက် ခိုက်ခံရမှုကို ကြုံခဲ့ရတဲ့ ၃၇၅ စစ် သင်္ဘောပေါ်က လူငယ်တပ် သားတွေဟာ နိုင်ငံအတွက်၊ ကိုယ့်လူမျိုးအတွက် ရဲရဲဝံ့ဝံ့ တန်ပြန် တိုက်ခိုက်ခဲ့ရပါတယ်။ ဖြစ်ရပ်မှန် ဇာတ်လမ်းကို ဘယ်လိုဇာတ်အိမ် တည်ပြီး ပရိသတ်ကို ဆွဲဆောင် ထားသလဲဆိုတာ ကိုယ်တိုင်ကြည့်ရင်း အကဲဖြတ်လိုက်ကြပါဦးနော်။

ဒီဇာတ်ကားမှာ ရေတပ်ဒုတိ ယဗိုလ်မှူးကြီး ယွန်းယောင်ဟာ အဖြစ် ကင်မ်မူယိုး၊ တပ်ကြပ်ကြီး ဟန်ဆောင်ဂွတ်အဖြစ် ဂျင်ဂူး၊ တပ်ကြပ် ပါ့ခ်ဒေါင်ဟွတ်အဖြစ် လီရွန်ဝူးတို့က သရုပ်ဆောင်ထားကြတာပါ။

7Day Daily

0 comments:

Post a Comment