Tuesday, August 18, 2015

Kim Kardashian ရဲ့ ရင်သားတွေဟာ ဘီယာ ၂၀ ပိုင့် နဲ့ အလေးချိန် ညီမျှနေ


ပုရိသ တို့အသည်းစွဲ ဖြစ်ရပ်မှန် ကြယ်ပွင့် Kim Kardashian ဟာ ဒုတိယ ရင်သွေးကို လွယ်ထားရပြီ ဆိုပေမယ့်လည်း မိနစ်နဲ့ အမျှ ကောက်ကြောင်းတွေ ပိုမို ပြည့်ဝလာသလို သူမရဲ့ ရင်သားတွေဟာလည်း ပိုမို ကြီးထွားလာပြီး အခု အခါမှာတော့ ဘီယာ ၂၀ ပိုင့် နဲ့ အလေးချိန်ညီမျှ နေပြီဖြစ်တယ်လို့ သိရပါတယ်။ရပ်ပါ Kanye West ရဲ့ ဇနီးသည်ဖြစ်သူ Kim K ဟာ သူမပါဝင်နေတဲ့ ဖြစ်ရပ်မှန် ရှိုး Keeping Up With The Kardashians အစီအစဉ်ရဲ့ လာမယ့် အပိုင်းမှာ သူမရဲ့ ရင်သားတွေကို အလေးချိန် တိုင်းတာခဲ့ပြီး သူမရဲ့ ရင်သားတွေဟာ ၁၁ ကီလိုဂရမ် လေးလံတယ်လို့ သိရပါတယ်။ ကိုယ်ခန္ဓာကိုယ်ဖွံ့ဖြိုးရေး အားကစား ပညာရှင်တစ်ယောက်ရဲ့ ရုံးခန်းမှာ သူမကိုတွေ့ရပြီး သူမဟာ သူမရဲ့ ရင်သားတွေကို အလေးချိန် တိုင်းတာနေတာကို Keeping Up With The Kardashians အစီအစဉ်ရဲ့ အပိုင်း အသစ်ထဲမှာ တွေ့မြင်ရမှာဖြစ်ပါတယ်။

၁၁ ကီလိုဂရမ်ဆိုတဲ့ အလေးချိန်ကို တိုင်းတာကြည့်မယ်ဆိုရင် ဘီယာ ပိုင့် ၂၀ နဲ့ ညီမျှသလို ၊ တောင်အာဖရိက မြွေပါ အကောင် ၂၀ ၊ ယော့ခ်ရှိုင်းယား တယ်ရီယာ ခွေး ၃ ကောင် ၊ ခွေးညို တစ်ကောင် ၊ မွေးကင်စ ကလေး ၂ ယောက် တို့ နဲ့လည်း အလေးချိန် ညီမျှပါတယ်။

အသက် ၃၄ နှစ်ရှိနေပြီဖြစ်တဲ့ Kim Kardashian ဟာ ခင်ပွန်းဖြစ်သူ Kanye West နဲ့ ဒုတိယ မြောက်ရင်သွေးလေးကို လွယ်ထားရတာကို မဟုတ်မှန်ကြောင်း ကောလာဟလ တွေပြောဆိုနေကြတဲ့အတွက် သူမရဲ့ ကိုယ်ဝန် ကို ဖော်ပြထားတဲ့ ၀တ်လစ်စလစ် ဓါတ်ပုံတစ်ပုံကိုလည်း မကြာသေးမီကပဲ Twitter မှာ တင်ထားခဲ့ပါသေးတယ်။

Ref:mirror.co.uk
Mario 
Trend Myanmar

0 comments:

Post a Comment