Saturday, August 1, 2015

ဒေသအများစု ရေလွှမ်းမိုးမှု ဆိုးရွားစွာရင်ဆိုင်နေရ

ကလေးမြို့ရေလွှမ်းမိုးနေစဉ်(ဓာတ်ပုံ − ကျော်ဇင်သန်း)

သဘာဝဘေးအန္တရာယ် ကျရောက်နေသည့် ဒေသများအ ဖြစ် ကြေညာခဲ့သော တိုင်းနှင့်ပြည် နယ်လေးခုအပါအ၀င် မြန်မာနိုင်ငံ ရှိ ဒေသအများစု ရေဘေးဒဏ်ကို ဆိုးရွားစွာ ဆက်လက်ရင်ဆိုင်နေရ ပြီး အရေးပေါ်အကူအညီများလို အပ်နေဆဲဖြစ်သည်။လွန်ခဲ့သည့် နှစ်ပတ်ခန့်မှစ ၍ စစ်ကိုင်းတိုင်း ဒေသကြီးရှိ ဒေသအချို့တွင် ရေလွှမ်းမိုးမှုများ ဖြစ် ပေါ်ခဲ့သည်။ ယင်းနောက် မြန်မာ နိုင်ငံတစ်ဝန်းရှိ မြို့ကြီး ၄၀ ထက် မနည်းနှင့် ကျေးရွာ ထောင်နှင့်ချီ ရေနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့ပြီး နာဂစ်မုန်တိုင်းနောက်ပိုင်း အဆိုး ရွားဆုံး သဘာဝဘေးအန္တရာယ် ကြုံတွေ့နေရခြင်းဖြစ်သည်။

ပြည်သူသိန်းနှင့်ချီ အိုးအိမ် များစွန့်ခွာရေဘေးဒဏ်ခံစားနေရ ပြီး နှစ်ပတ်ခန့်အကြာ ဇူလိုင် ၃၁ ရက်တွင် ချင်း၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းဒေသ ကြီးတို့ကို သဘာဝဘေးအန္တရာယ် ကျရောက်သော ဒေသများအဖြစ် အစိုးရက ကြေညာခဲ့သည်။

သို့သော် အဆိုပါ တိုင်းနှင့် ပြည်နယ် လေးခုအပြင် အခြား ဒေသများတွင်လည်း ရေဘေး အန္တရာယ်ဆိုးရွားစွာရင်ဆိုင်နေရ ဆဲဖြစ်ပြီး ရေဘေးသင့်ပြည်သူအ ရေအတွက် မြင့်တက်နေကြောင်း ကူညီကယ်ဆယ်ရေးအဖွဲ့အစည်း များနှင့် ဒေသခံများက သြဂုတ် ၁ရက်တွင် 7 Day Daily အား ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး

ရေဘေးအန္တရာယ် ဆိုးရွား စွာခံစားနေရသည့် စစ်ကိုင်းတိုင်း ဒေသကြီးတွင် မြို့နယ် ၁၅ခုထက် မနည်းနှင့် အနီးဝန်းကျင်ဒေသများ သည် စိုးရိမ်စရာအခြေအနေနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။

ကလေးမြို့

အဆိုးရွားဆုံးရေနစ်မြုပ်မှု ဒဏ်ခံစားနေရသည့် ကလေးမြို့ တွင် ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်နေသော်လည်း လုံ လောက်မှုမရှိသေးကြောင်း ဒေသ ခံများနှင့် ကယ်ဆယ်ရေးဆောင် ရွက်နေသူများက ပြောသည်။

ကလေးမြို့တောင်ဘက် သုံး မိုင်ခန့်ဝေးသည့် သာစည်၊ ချင်း ဆိုင်၊ ရေလဲဦး၊ ပေါက်ခုံ၊ အင်း ကျော်၊ အင်းပြင်စသည့်ရွာများ တွင် ပိတ်မိနေသော အိမ်ခြေလေး ထောင်ကျော်ရှိကြောင်း ကယ် ဆယ်ရေးအဖွဲ့များက ပြောသည်။

‘‘ကယ်ဆယ်ရေးမရှိသေးဘူး။ သောက်ရေနဲ့ အစားအစာလုံးဝ ပြတ်နေကြပြီ’’ဟု ကလေးမြို့တွင် ကယ်ဆယ်ရေး ဆောင်ရွက်နေ သည့် လူမှုရေးအဖွဲ့အစည်းတစ်ခု မှ ကိုကျော်ကျော်အောင်က ပြော သည်။

ကလေးမြို့ပေါ်တွင် ရေ တက်နေဆဲဖြစ်ပြီး အချို့နေရာ များ၌ ၆ ပေခန့်နစ်မြုပ်နေကြောင်း ဒေသခံများကဆိုသည်။

‘‘လှေတွေငှားပြီးလိုက်ကယ် နေကြတယ်။ ရွာတွေထဲမှာ လူရှိ သေးလားလိုက်မေးပြီး ကယ်နေ တာ’’ဟု ကလေးမြို့တွင် ရောက် ရှိနေသော 7 Day Daily သတင်း ထောက်က ပြောသည်။

လက်ရှိအချိန်တွင်ကလေး မြို့ပေါ်၌ ကယ်ဆယ်ရေးစခန်းငါး ခု ဖွင့်လှစ်ထားပြီး လူဦးရေခုနစ် ထောင်ကျော်ရှိသည်။

ဒေသခံများကမူ ကလေးမြို့ အနီးဝန်းကျင်တွင် ရေဘေးဒဏ် ကြောင့် ရွာလုံးကျွတ်စွန့်ခွာရသည့် ကျေးရွာအရေအတွက်မှာ ၁၀ ရွာ ထက်မနည်းရှိသောကြောင့် ရေ ဘေးသင့်ပြည်သူဦးရေမှာ သောင်း ဂဏန်းရှိကြောင်း ပြောသည်။

ပြည်သူများ အဓိကလိုအပ် နေသည်မှာ ဆန်အပါအ၀င် စား နပ်ရိက္ခာနှင့် လှေများဖြစ်ပြီး လာ ရောက်ကူညီသောအဖွဲ့အစည်း များအနေဖြင့် ယင်းအချက်များကို အဓိကထား ကူညီပေးစေလို ကြောင်း ကယ်ဆယ်ရေးဆောင် ရွက်နေသူများက အကြံပြုသည်။

ရေဘေးဒဏ်ဆိုးရွားစွာခံစား နေရသည့် ကောလင်းမြို့ပေါ်တွင် ရေပြန်ကျနေပြီဖြစ်သော်လည်း ကောလင်းအနောက်ကျေးရွာများ ၌ ရေတက်နေဆဲဖြစ်ကြောင်း လူ ငယ် အားမာန်ပရဟိတအဖွဲ့မှ ကိုညီညီဝင်းကဆိုသည်။

ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ် မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ဘူးသီး တောင်၊ ပုဏ္ဏားကျွန်း၊ မောင်တော စသည်မြို့နယ်များနှင့် အနီးဝန်း ကျင်ကျေးရွာ ရာဂဏန်းတွင် နှစ် ပေါင်း ၅၀အတွင်း အဆိုးရွားဆုံး ရေနစ်မြုပ်မှုများဖြစ်ပေါ်နေသည်။

ပင်လယ်ဒီရေ ၀င်ရောက် ခြင်းနှင့် ကုလားတန်မြစ်ရေ မြင့် တက်လာခြင်းကြောင့် ရခိုင်ပြည် နယ်တွင် ရေဘေးဒဏ်ကို ဆိုးရွား စွာ ကြုံတွေ့နေရခြင်းဖြစ်သည်။

မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းနှင့် မောင် တောမြို့နယ်များမှ ဒေသခံ ၁၅ ဦး ထက်မနည်း ရေဘေးအတွင်းသေ ဆုံးခဲ့ကြောင်း တာဝန်ရှိသူအချို့က အတည်ပြုခဲ့သည်။

ရခိုင်ပြည်နယ်ရှိ မြို့နယ်ကိုး ခုတွင် ကယ်ဆယ်ရေးစခန်း ၅၃ ခုဖွင့်လှစ်ထားပြီး လူဦးရေ သုံး သောင်းခွဲခန့် ခိုလှုံနေကြောင်းပြည် နယ်အစိုးရအဖွဲ့ဝင်တစ်ဦးကပြော သည်။ သို့သော် ရေဘေးဒုက္ခသည် ဦးရေမှာ ယင်းပမာဏထက် ပိုမို များပြားနိုင်ပြီး လမ်းပန်းဆက် သွယ်ရေးအခက်အခဲများကြောင့် အတည်ပြုမရသေးကြောင်း ကယ် ဆယ်ရေးဆောင်ရွက်နေသော လူ မှုအဖွဲ့အစည်းများက ဆိုသည်။

ရေဘေးသင့်ဒေသများသို့ တပ်မတော် ရဟတ်ယာဉ်များဖြင့် သွားရောက်၍ အကူအညီများ ဆောင်ရွက်ပေးနေကြောင်း ရခိုင် ပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူ တစ်ဦးက သြဂုတ် ၁ ရက်တွင် ပြောသည်။

‘‘ဒီနေ့တော့ အလုံးအရင်းနဲ့ သွားကြပါပြီ။ ဟတ်စကီးနဲ့ ခေါက် တုံ့ခေါက်ပြန်သွားနေတာပါ’’ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်ရှိ ရေဘေး ဒုက္ခသည်များအတွက် ဆန်နှင့် လှေများအရေးပေါ်လိုအပ်နေပြီး ရေလမ်းခရီးသာရှိသည့်အတွက် အကူအညီ မရောက်သေးသည့် ဒေသအများအပြား ရှိနေသေး ကြောင်း ကယ်ဆယ်ရေးဆောင် ရွက်နေသူများကပြောသည်။

မကွေးတိုင်းဒေသကြီး

မြေလတ်ဒေသဖြစ်သည့် မ ကွေးတိုင်းတွင်လည်း ရေဘေးအန္တ ရာယ်အတွက် အရေးပေါ်အကူအ ညီများလိုအပ်နေသည်။

စကုမြို့

ကူညီထောက်ပံ့မှုများရှိနေ သော်လည်း ကျေးရွာအချို့တွင် ပိတ်မိနေသူများနှင့် ကုန်းမြင့်များ တွင် တိမ်းရှောင်နေရသူများရှိနေ သေးပြီး အရေးပေါ်ကူညီပေးရန် လိုအပ်နေကြောင်း မြို့ခံများက ပြောသည်။ စကုမြို့နှင့် ၀န်းကျင် ဒေသအချို့တွင် ၅ ပေခန့် ရေနစ် မြုပ်နေဆဲဖြစ်ကြောင်း သွား ရောက်ကူညီသည့် အဖွဲ့အစည်း များက ဆိုသည်။

ပွင့်ဖြူ

မကွေးတိုင်းဒေသကြီးအ တွင်း ရေဘေးဒဏ်အဆိုးဆုံးခံစား နေရသည့် ပွင့်ဖြူမြို့နယ်တွင် ကျေးရွာပေါင်း ၂၀၀ ကျော်ရှိရာ ၈၀ ရာခိုင်နှုန်းမှာ ရေနစ်မြုပ်နေ ကြောင်း သတင်းရရှိသည်။ ဧရာ ၀တီမြစ်အနီးရှိ ကျေးရွာများတွင် ရေဘေးအန္တရာယ်အစိုးရိမ်ရဆုံး ဖြစ်ပြီး မုန်းချောင်းရေလျှံမှုကြောင့် အဆိုပါ ချောင်းနံဘေးကျေးရွာများမှာ ရေဘေးဒဏ်ဆိုးရွားစွာ ကြုံတွေ့နေရပြီး အရေးပေါ် အကူအညီများလို အပ်နေကြောင်း ဒေသတွင်း လူမှုအဖွဲ့အစည်းများက ပြောသည်။

စေတုတ္တရာ

စေတုတ္တရာမြို့တွင် ဆေးရုံ အပါအ၀င် အဆောက်အအုံ၊ လူ နေအိမ်ခြေများတွင် ရေနစ်မြုပ်နေ ပြီး အချို့နေရာများတွင် လူတစ်ရပ် ကျော် နစ်မြုပ်နေကာ မြို့တွင်း၊ မြို့ပြင်လမ်း၊ တံတားများပျက်စီး သွားပြီဖြစ်ကြောင်း သတင်းရရှိ သည်။ အနီးဝန်းကျင်ကုန်းမြင့် ဒေသများတွင် ခိုလှုံနေသူ ရာ ဂဏန်းခန့်ရှိကြောင်း မြို့ခံများနှင့် သွားရောက်ကူညီနေသူများက သြဂုတ် ၁ ရက်တွင် ပြောသည်။

ငဖဲမြို့

မန်းချောင်းရေလျှံမှုကြောင့် ငဖဲနှင့် အနီးဝန်းကျင်ကျေးရွာများ တွင် ရေနစ်မြုပ်နေသည်။အချို့နေ ရာများတွင် ရေအနည်းငယ်ပြန်ကျ နေပြီဖြစ်သော်လည်း တောင်ကျ ရေအန္တရာယ်ရှိသေးကြောင်း မြို့ ခံများက ပြောသည်။ ထို့အပြင် ငဖဲမြို့တွင် ချောင်းကူးတံတားသုံး စင်းကျိုးပျက်သွားမှုကြောင့် လမ်း ပန်းဆက်သွယ်ရေး အခက်အခဲ ဖြစ်နေကြောင်း သတင်းရရှိသည်။

အောင်လံမြို့

အောင်လံမြို့တွင် ဧရာဝတီ မြစ်ရေဆက်လက်မြင့်တက်လာမှု ကြောင့် မြို့ပေါ်ရှိ နေအိမ်တစ် ထောင်ကျော် ရေနစ်မြုပ်နေ ကြောင်း အကူအညီပေးရေးအဖွဲ့ များက ဆိုသည်။ ရေသန့်ဆေး ပြား၊ ဆေးဝါးနှင့် လောင်စာဆီ များ အရေးပေါ်လိုအပ်နေကြောင်း အဆိုပါအဖွဲ့များက ပြောသည်။

ချင်းပြည်နယ်

ဟားခါးမြို့တွင် ဒုက္ခသည် စခန်းလေးခု၌ ပြည်သူလေးထောင် ကျော်ခိုလှုံနေရပြီး အကူအညီများ လိုအပ်နေဆဲဖြစ်သည်။ မိုးရွာမှု၊ မြေပြိုမှုများကြောင့် ချင်းပြည်နယ် တွင် လမ်းပန်းဆက်သွယ်ရေးပြတ် တောက်နေပြီး ရွာများတွင် ပိတ်မိ နေသော ဒုက္ခသည်များ ရှိနေ ကြောင်း သတင်းရရှိသည်။

အဆိုပါ တိုင်းနှင့်ပြည်နယ် များအပြင် ပဲခူးတိုင်းဒေသကြီး ပဲ ခူး၊ သနပ္ပင်၊ ပြည်၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်ဒေသ တချို့တွင်လည်း ရေဘေးအန္တ ရာယ်စိုးရိမ်ရသည့် အခြေအနေ ရှိနေကြောင်း လူမှုအဖွဲ့အစည်း များက ပြောသည်။

သြဂုတ် ၁ ရက် ည ၈နာရီအ ထိ မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် အိမ်ထောင်စု ၁၇,၅၅၄ စုနှင့် လူဦးရေ တစ်သိန်းခွဲကျော် ရေ ဘေးဒုက္ခကြုံတွေ့နေရကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနမှ သတင်းထုတ်ပြန်သည်။

မွန်ပြည်နယ်

ကျိုက်ထိုနှင့် ဘီးလင်းမြို့ နယ်တို့၌ ရေနစ်မြုပ်မှုအများဆုံး ဖြစ်ပွားနေပြီး အကူအညီများလို အပ်နေသည်။ မွန်ပြည်နယ်အ တွင်းရေဘေးသင့်ပြည်သူဦးရေ ခြောက်ထောင်ကျော်ရှိကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနမှ သတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီး

ရန်ကုန်တိုင်းတွင် မိုးဆက် တိုက်ရွာသွန်းခဲ့မှုနှင့် ဒီရေမြင့် တက်မှုကြောင့် ရွှေပြည်သာ၊ လှိုင် သာယာနှင့် မှော်ဘီမြို့နယ်များရှိ နေအိမ်အချို့ ရေနစ်မြုပ်ခဲ့သည်။ အဆိုပါမြို့နယ်များတွင် သြဂုတ် ၁ ရက်အထိ ရေဘေးဒုက္ခသည် ၁,၀၈၆ ဦးရှိကြောင်း အစိုးရက ထုတ်ပြန်သည်။

7Day Daily

0 comments:

Post a Comment