Wednesday, August 12, 2015

ညောင်ညိုပင်စခန်းက နိုင်ငံရေး လမ်းခွဲလော


ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ၂ဝ၁၅ ခုနှစ်နိုဝင်ဘာလတွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် လွှတ်တော်ကိုယ်စားလှယ် လူစာရင်းများ ထုတ်ပြန်ကြေညာခဲ့သည်။ ထိုလူစာရင်းထဲတွင် ပြည်သူလူထု ယုံကြည်လေးစားသည့် ၈၈ ကျောင်းသားခေါင်းဆောင် ဦးကိုကို ကြီး၊ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း၊ NNER မှ ဒေါက်တာသိန်းလွင် အပါအဝင် လူကောင်းအများအပြား မပါဝင်သည့်အတွက် ပြည်သူလူထု၏ ပြစ်တင်ဝေဖန်ခြင်းကို ခံနေရ သည်။ NLD ပါတီ CEC က ယခုလူရွေးချယ်ခြင်းသည် ပါတီကချမှတ်ထား သော စည်းမျဉ်းစည်းကမ်းများအရ ရွေးချယ်ခြင်းဟု အကြော င်းပြသော်လည်း တစ်နိုင်ငံလုံး၌ ရှိနေသော မြို့နယ်အဆင့် ကိုယ်စားလှယ်ရွေး ချယ်ပွဲများတွင်လည်း ပြဿနာများ တက် လျက်ရှိသည်။ NLD ၏ လွှတ်တော်ကိုယ်စားလှယ်ရွေးချယ်ရေးမူအရ တတ်သိပညာရှင်များ၊ တိုင်းရင်းသားများ၊ အမျိုးသမီးများ၊ လူငယ်များကို ဦးစားပေးရွေးချယ်မည်ဟု ဆိုသော်လည်း လက်တွေ့ရွေး ချယ်သောအခါ ထိုမူနှင့်မကိုက်ညီသော မြို့နယ်များ အများအပြားရှိခဲ့ သည်။ပါတီဗဟိုရှိတာဝန်ရှိသူတချို့မှပါတီအောက်ခြေ၏ သဘောထားဆန္ဒကို ဦးစားပေး၍ ရွေးချယ်ခဲ့သည့်အတွက် ပြည်သူ လူထု လေး စားသောသူများ မပါဝင်ခဲ့ရခြင်းဖြစ်သည်ဟု အကြောင်းပြသော်လည်း လက်ရှိအခြေအနေတွင် NLD ပါတီအောက်ခြေများမှ သူတို့ရွေး ချယ်သောကိုယ်စားလှယ်များ စာရင်းမဝင်ဘဲ ဗဟိုမှချပေးလိုက်သည့်လူများကြောင့် မဲဆန္ဒနယ်မြေများတွင် Unknown, Untouch ဖြ စ်နေသည့်အတွက် အောင်နိုင်ရေးကော်မတီများ အခက်အခဲ တွေ့နေရကြောင်း ကမာရွတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဥက္ကဋ္ဌက ထုတ်ဖော်ပြောဆိုလိုက်သည်။ ထို့ကြောင့် NLD ကိုယ်စားလှယ်ရွေးချယ်ရေးတွင် ပြည်သူလူထု နှစ်သက်သည့်ပုဂ္ဂိုလ်များ မပါသည်က ပြဿနာတစ်ခု၊ ရွေးချယ်သည့်သူများထဲတွင် မိုးကျရွှေကိုယ်များ၊ အရောင်ပြောင်းလာသူများ၊ ခြံခုန်သူများ ပါဝင်လျက်ရှိ သည်က ပြဿနာတစ်ခု ဖြစ်ခြင်းကြောင့် ကိုယ်စားလှယ်များအား ပြန်လည်စိစစ်ရမည့် တာဝန်ရှိလာသည်။

၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံအား ဦးဆောင်ခဲ့ပြီး အကျဉ်းထောင်အတွင်း၌ လည်းကောင်း၊ နယ်စပ်ဒေသများ၌ လည်းေ ကာင်း နှစ်ေ ပါင်းများစွာ အချိန်ကုန်ဆုံးခဲ့ရ သည့် ၈၈ကျောင်းသားခေါင်းဆောင် တချို့သည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အလံတော်အောက်မှ ဝင် ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့ခြင်း သည်အခွင့်အရေးလိုချင်၍မဟုတ် ဘဲ ဒီမိုကရေစီအင်အားစု၏ သွေး စည်းညီညွတ် မှုကို ပြ သ ချင်၍ဖြစ် ကြောင်း ၈၈ ပွင့်လင်းမှ ဦးဂျင်မီကလည်း ထုတ်ဖော်ပြောကြားသည်။ ထိုအခြေအနေကို နားလည်သင့်ပါလျက် ဥပေက္ခာပြု ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CEC အချို့ ကြောင့် NLD နှင့် ၈၈ အကြားတွင် နားလည်မှုလွဲမှားခြင်းများ ဖြစ်ပေါ်ခဲ့ရသည်။ ထို အခြေအနေကိုကုစားရန်အတွက် သြဂုတ်လ ၆ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နှင့် ၈၈ ပွင့် လင်းလူ့အဖွဲ့အစည်းမှ ခေါင်းဆောင်များတွေ့ဆုံဆွေးနွေးခဲ့သော်လည်း တွေ့ဆုံမှုအကြောင်း ကိုသတင်းမထုတ်ပြန်သည့်အတွက် နား လည်မှုတစ်စုံတရာရရှိသည်ဟု ပြောဆိုရန် ခက်ခဲလျက်ရှိသည်။

ထိုသို့ NLD နှင့် ၈၈ တွေ့ဆုံ ခဲ့ပြီးနောက်ပိုင်း ၈၈ ကျောင်းသား ခေါင်းဆောင်များက ရွေးကောက်ပွဲတွင် ဒီမိုကရေစီ အင်အားစု များ အောင်နိုင်ရေးကို ဆက်လက်လုပ် သွားမည်ဟု ပြောဆိုလိုက်သည်။ ထိုအဓိပ္ပာယ်မှာ လွန်ခဲ့သော နှစ်ကာလများကလို NLD အား ဝိုင်းရံမည်ဟုပြောဆိုခြင်းမဟုတ်ဘဲ ဒီမိုကရေ စီအင်အားစုများဝိုင်းရံမည်ဟု ပြောသည့်အတွက် ပြည်တွင်း အခြေစိုက်အခြားပါတီများ၊ တိုင်းရင်းသားပါတီများ၊ တစ်သီးပုဂ္ဂလများလည်း ပါဝင်နိုင်သည်ဟု ခန့်မှန်း ၍ ရနေသည်။ အထူးသဖြင့် နိုင် ငံရေးပေါ်လ စီ ရေးဆွဲချမှတ်ရာတွင် ကျွမ်းကျင်မှုရှိသော ၈၈ ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ဗိုလ်ချုပ်အောင်ဆန်းထူထောင်ခဲ့သည့် ဖဆပ လအဖွဲ့ချုပ်၏ နိုင်ငံရေးပုံစံကို အားကျသည့်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အလံတော်အောက်မှ ရွေးကောက် ပွဲဝင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ရွေးချယ်မခံရသည့်အတွက် စိတ်မကောင်း ဖြစ်မိကြောင်းနှင့် လာမည့်အနာဂတ်နိုင်ငံရေးတွင် နိုင်ငံကို

ဦးဆောင်နိုင်မည့် ခိုင်ခိုင်မာမာအဖွဲ့အစည်းမရှိခဲ့လျှင် ၈၈ မျိုး ဆက်များမှ ကိုယ်စွမ်းဥညဏ်စွမ်းရှိသမျှအသုံးပြု၍ နိုင်ငံရေးပါတီတစ်ခု ထူထောင်ရန်သာ ကြိုးစားရမည် ဖြစ်ကြောင်း အင်တာဗျူး အများအပြားတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။ထိုအခြေအနေများကို ထုတ်နု တ် လေ့လာသုံးသပ်ကြည့်ပါက တပ်မတော်ကျောထောက်နောက်ခံဖြင့် ၂ဝ၁ဝအထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီး လက်ရှိ အစိုး ရနှင့် လွှတ်တော်ကို လွှမ်းမိုးထားသည့် ပြည်ခိုင်ဖြိုးပါတီအတွက် ၂ဝ၁၅ ခုနှစ်တွင် ညွန့် ပေါင်းအစိုးရတစ်ရပ်ကို မျှော်လင့်ရန်အသက် ရှူပေါက်တစ်ခု ရလာဖွယ်ရှိသည်။ ယခုအစိုးရသက်တမ်းအတွင်း နိုင်ငံရေးအကျပ်အတည်းတစ်ခုအဖြစ် သတ်မှတ်ခဲ့သော ဖွဲ့စည်း ပုံ အခြေခံ ဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ ကြွေးကြော်ပြီး ကြားဖြတ်ရွေးကောက်ပွဲဝင်ခဲ့သော NLD သည်လွှတ်တော် အတွင်း၌ေ အာင်မြင်အောင်မဆောင်ရွက်နိုင်ခဲ့ပေ။ NLD ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး အသံကို ပိုမိုအားကောင်းစေ ရန်အ တွက် ပြည် သူလူထု ၅ သန်း၏ လက်မှတ်ရေးထိုးတောင်းဆိုမှုကို ၈၈ ပွင့်လင်းအဖွဲ့မှ ဝိုင်းရံကူညီခဲ့သည်မှာလည်း အထူးအားရဖွယ်ကောင်းခဲ့သည်။ သို့သော် ၁၉၈၈ မှစတင်၍ NLD နှင့် ၈၈ ရဲဘော်ရဲဘက်ဆက်ဆံရေးသည် ယခုအခါပါတီ CEC အချို့၏ နိုင်ငံရေး အမြော် အမြင် နည်း ပါးမှုကြောင့် ညောင်ညိုပင်စခန်းတွင် လမ်းခွဲရတော့မည့်ကိန်း ဆိုက်နေသည်။

အထူးသဖြင့် NLD ပါတီတွင် တိုင်းသိပြည်သိ ကမ္ဘာသိ ခေါင်း ဆောင်ဒေါ်အောင်ဆန်းစုကြည်သာလျှင် ထက်မြက်မှုရှိပြီး NLD အား ဒေါ်အောင်ဆန်းစုကြည်၏ အရှိန် အဝါကိုဖယ်ခွာ၍ကြည့်ပါက နိုင်ငံရေးအပြောင်း အလဲ ပြုပြင်နိုင်စွမ်းနည်းပါး လျက် ရှိကြော င်း နိုင် ငံရေးသုတေသီများက မှတ်ချက်ပြုခဲ့ သည်။ ယခုကဲ့သို့ရွေးကောက်ပွဲ ကျင်းပမည့်ရက်တစ်စတစ်စ နီးကပ်လာချိန်တွင် အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ်သည် ပါတီကို ဝိုင်းရံမည့် တတ်သိပညာရှင်များနှင့် ကျောင်း သားကျောင်းသူများ ကိုသော် လည်း ကော င်း၊ နှစ်ေ ပါင်းများစွာ လက်တွဲတိုက်ပွဲဝင်ခဲ့သည့် တိုင်းရင်းသား မဟာမိတ်ပါတီများကို သော်လည်း ကောင်း ယခုထက်ပိုပြီး အလေး ထားမဆက် ဆံပါက ရွေးကောက် ပွဲမှ ပေါ်ထွက်လာမည့် ပြည်ထောင် စုလွှတ်တော်တွင် တပ်မတော်သား ကိုယ်စားလှယ်များ မပါသော ၇၅ ရာခိုင်နှု န်းလွှတ်တော်ကိုယ်စားလှယ်များအပေါ်တွင် လွှမ်းမိုးကြီးစိုးရန် မဖြစ်နိုင်ပေ။ အထူးသဖြင့် NLD သည် ၁၉၉ဝ ခုနှစ်ကကဲ့သို့ လွှတ် တော်ကိုယ်စားလှယ် ၄၈၅ နေရာအနက် ၃၉၂ နေရာ အနိုင်ရရှိခဲ့သလို ယခု ရွေးကောက်ပွဲတွင် မျှော်လင့်မထားသင့်ပေ။ အလွန် အကျူး မျှော်လင့်ထားခြင်းသည် အကယ်၍ဖြစ်ပေါ်မလာပါက ကြီးကျယ်သော ဆုံးရှုံးမှုကိုသာ လက်ဆောင် ရပေလိမ့်မည်။ လက်ရှိ ၂ဝ၁၅ တွင်လွှတ်တော်ကိုယ်စား လှယ် ၆၆၄ နေရာအနက် ရွေးကောက်ခံ မဲဆန္ဒနယ်အားလုံး၏ ၅ဝ ရာခိုင်နှုန်းဖြစ်သော ၂၆၆ နေ ရာအောက်သာ အနိုင်ရရှိခဲ့ပါက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မျှော် မှန်းထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ဖက်ဒ ရယ် ပြ ည်ထောင်စုပေါ်ထွန်းရေး အိပ်မက်များသည်လည်း အကောင်အထည်ဖော်ရန် နောက် ထပ် နှစ်ပေါင်းများ စွာ စောင့် ရပေ လိမ့် ဦးတော့မည်။

အကယ်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တစ်နိုင်ငံလုံး၏ ၆၅ရာခိုင်နှုန်းဖြစ်သော ၃၂၄ နေရာ အနိုင်ရခဲ့လျှင်တောင် လွှတ်တော် နှင့် အစိုးရအဖွဲ့အား စိတ်ကြိုက်ဖွဲ့စည်းရန်အတွက် တိုင်းရင်းသားပါတီများနှင့် မလွဲမသွေ မဟာမိတ် ပြုလုပ်ရန်လိုအပ်လျက်ရှိသည်။ သို့သော်လက်ရှိ NLD ဗဟိုကော်မတီ၏ နိုင်ငံရေးပါတီများအပေါ်ဆက်ဆံမှုသည် နွေးထွေးသော ရဲဘော်ရဲဘက်ဆက်ဆံရေးမျိုးကို မတွေ့ရသည့်အတွက် လာမည့် နိုင်ငံရေးနယ်ပယ်တွင် စိန်ခေါ်မှုများ၊ အကျပ်အတည်းများနှင့် ရင်ဆိုင်ရမည်မှာ သေချာလျက် ရှိသည်။ အကယ်၍ လွှတ်တော်အတွင်းဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်ဆင်နိုင်ခဲ့လျှင် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်အပေါ် အများ ပြည် သူ များ၏ ဝေဖန်မှုများ မလွဲမသွေရှိလာမည်ဖြစ်ပြီး ၈၈ ကဲ့သို့လွှတ်တော်ပြင်ပ နိုင်ငံရေးအဖွဲ့အစည်းများမှာ ပိုမို အားကောင်းလာဖွယ် ရှိ သည်။

ဇော်သက်ထွေး
Popular News Journal

0 comments:

Post a Comment