Monday, August 10, 2015

အမျိုးသားတွေဟာ အမျိုးသမီးတွေထက် လိင်ဆက်ဆံမှု နှစ်ဆ ပိုမိုလိုအပ်တာကြောင့် ပြည့်တန်ဆာ အလုပ်ကို တရားဝင်ခွင့်ပြုသင့်သည်ဟုဆို


ဗြိတိန် စီးပွားရေးတက္ကသိုလ် (IEA) က ပြုလုပ်ခဲ့တဲ့ လိင်ဆန္ဒအပေါ် သုတေသနလေ့လာချက်မှာ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် လိင်ဆက်ဆံမှုကို နှစ်ဆ ပိုမိုလိုအပ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ပြည့်တန်ဆာ လုပ်ခြင်းနဲ့ ဆယ်ကျော်သက်ဖျော်ဖြေမှုတွေဟာ လိင်ကိစ္စနဲ့  ပတ်သက်တဲ့ အမှုအခင်း ဖြစ်ပွားနှုန်းကို လျော့ကျစေနိုင်တယ်လို့ လည်း ဖော်ပြထားပါတယ်။ဒီလေ့လာမှုကို Dr. Catherine Hakim က ဦးဆောင်ခဲ့ပြီး “ စုဆောင်းရရှိထားတဲ့ သက်သေအချက်အလက် တွေအားလုံးက ပြည့်တန်ဆာလုပ်ငန်းနဲ့ လိင်အသားပေးဖျော်ဖြေမှု တွေဟာ စိတ်ပိုင်းဆိုင်ရာ နဲ့ လူမှုရေးရာမှာ ဆိုးရွားတဲ့ သက်ရောက်မှု လုံးဝမရှိကြောင်း ဖော်ပြနေပါတယ်” လို့ သူမက ပြောပြခဲ့ပါတယ်။

“ လိင်လုပ်ငန်းထွန်းကားတဲ့ ဂျပန်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် နဲ့ ထိုင်းနိုင်ငံ တို့ မှာ အဓမ္မပြုကျင့်မှုနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုနှုန်း သိသိသာသာနည်းပါးပါတယ်” လို့ သူမက ဆက်လက်ပြောကြားခဲ့ပါတယ်။ ( အဆိုပါ နိုင်ငံတွေမှာ လိင်လုပ်ငန်းဟာ တရားဝင်မဟုတ်ပါ) “ ဥရောပမှာလည်း ပြည့်တန်ဆာလုပ်ငန်းကို တရားဝင်ခွင့်ပြုထားတဲ့ စပိန်နိုင်ငံမှာ အဓမ္မပြုကျင့်မှုနှုန်းဟာ သိသိသာသာ လျော့နည်းပါတယ်”ယူကေမှာ ပြည့်တန်ဆာလုပ်ငန်းဟာ လုံးဝ တရားမ၀င်မဟုတ်ပေမယ့် ယင်းနဲ့ ပတ်သက်တဲ့ လုပ်ငန်းအများစု ကတော့ ဥပဒေအရ တားမြစ်ခြင်းခံထားရပါတယ်။ ထိုထဲမှာ ပြည့်တန်ဆာအိမ် ကာကွယ်စောင့်ရှောက်မှု၊ ပြည့်တန်ဆာရှာပေးမှု၊ ပြည့်တန်ဆာတွေကို တိုက်ခန်းဌားပေးခြင်းတို့ ပါဝင်ပါတယ်။

ဗြိတိန်မှာ လိင်ဖျော်ဖြေမှုလုပ်ငန်းဟာ တစ်နှစ်မှာ ပေါင် ၄.၃ ဘီလီယံ ၀င်ငွေရှိပါတယ်။ ကမ္ဘာလုံးအနှံ့ စီးပွားဖြစ် လိင်ပိုင်းဆိုင်ရာဖျော်ဖြေမှု လိုအပ်ချက်ဟာ မြင့်တက်လျက်ရှိပြီး အမျိုးသားတွေဟာ သူတို့ ရဲ့ကာမဆန္ဒလိုအပ်ချက် ပြည့်ဖို့ အတွက် ပြည့်တန်ဆာတွေကို အသုံးပြုနေကြပါတယ်။

Ref: Dailymail
Trend Myanmar

0 comments:

Post a Comment