ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် လူငယ်များနှင့် မြန်မာနိုင်ငံခြေလျင်တောင်တက်အသင်းတို့ပူးပေါင်းပြီး တောတွင်းတောင်ပေါ် ခရီးကြမ်းလမ်းလျှောက်ခရီးစဉ် အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ခေါ်နူးစုမ်တောင်ထိပ်တွင် စိုက်ထူထားသည့် ကျောက်စာတိုင် ဖြိုလှဲခံခဲ့ရမှုအပေါ် ကန့်ကွက်ရှုတ်ချကြောင်း ချင်းပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက သဘောထားကြေညာချက် ထုတ်ပြန်သည်။




















