၂၀၁၈-၂၀၁၉ ပညာသင်နှစ် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီ
သူနာပြု-သားဖွားဒီပလိုမာ သုံးနှစ်သင်တန်းနှင့် ဘက်စုံ သားဖွားဒီပလိုမာ နှစ်နှစ်သင်တန်း တက်ရောက်ခွင့် ရသူများသည် သက်ဆိုင်ရာ သင်တန်းကျောင်းသို့ နိုဝင်ဘာ ၁၄ ရက်တွင် သတင်းပို့ရမည်ဖြစ်ပြီး သင်တန်းဖွင့်သည့် နေ့ရက်ထက် နှစ်ပတ်ကျော်လွန်ပြီး သတင်းပို့ခြင်း မရှိပါက သင်တန်းတက်ရောက်ခွင့် ပယ်ဖျက်မည်ဖြစ်သည်။
သူနာပြု-သားဖွားဒီပလိုမာ သုံးနှစ်သင်တန်းသို့ တက်ခွင့်ရသူများသည် သင်တန်းကာလအတွင်း ပျက်ကွက်လျှင် နိုင်ငံတော်မှ သတ်မှတ်ထားသော သူနာပြု-သားဖွားဒီပလိုမာ သုံးနှစ်သင်တန်းအတွက် လျော်ကြေးငွေ ကျပ် ရှစ်သိန်း (သို့မဟုတ်) အခါအားလျော်စွာ ပြင်ဆင်သတ်မှတ်သည့် လျော်ကြေးငွေ ပေးလျော်ရန် ကတိခံဝန်ချက် ချုပ်ဆိုရမည်ဖြစ်ပြီး သင်တန်းတက်ရောက် အောင်မြင်ပြီးပါက နိုင်ငံတော်မှ လိုအပ်လျက်ရှိသော တိုင်းဒေသကြီး/
ထို့ပြင် ဘက်စုံ သားဖွားဒီပလိုမာ နှစ်နှစ်သင်တန်းသို့ တက်ခွင့်ရသူများသည် သင်တန်းကာလအတွင်း ပျက်ကွက်လျှင် နိုင်ငံတော်က သတ်မှတ်ထားသော လျော်ကြေးငွေကျပ် သုံးသိန်း (သို့မဟုတ်) အခါအားလျော်စွာ ပြင်ဆင် သတ်မှတ်သည့် လျော်ကြေးငွေ ပေးလျော်ရန် ကတိခံဝန်ချက် ချုပ်ဆိုရမည်ဖြစ်ပြီး သင်တန်းတက်ရောက် အောင်မြင်ပြီးပါက နိုင်ငံတော်မှ လိုအပ်ချက်ရှိသော တိုင်းဒေသကြီး/
ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက သူနာပြု-သားဖွားဒီပလိုမာ သုံးနှစ်သင်တန်း လျော်ကြေးကိစ္စနှင့် ပတ်သက်၍ ကန့်ကွက်မှုများရှိခဲ့ပြီး ထိုအချိန်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ရန်ကုန်သူနာပြု သင်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများ တွေ့ဆုံဆွေးနွေးမှုအရ ၀န်ကြီးဌာန၏ အမြင့်ဆုံးသော စီမံခန့်ခွဲမှုကော်မတီ (EC) အစည်းအဝေးတွင် တင်ပြဆွေးနွေးခဲ့ပြီး ရလဒ်မရခင်အချိန်အထိ စာချုပ်ချုပ်ဆိုခြင်းကို ရပ်ဆိုင်းထားခဲ့သည်။
 







 
 
 
 
 
0 comments:
Post a Comment