Wednesday, October 31, 2018

စီးပွားရေးလုပ်ကိုင်ရန်အလွယ်ကူဆုံးနိုင်ငံများစာရင်းအဆင့်သတ်မှတ်ချက်တွင်အီရတ်နိုင်ငံနှင့်အတူ ယခင်နှစ်အဆင့်အတိုင်းသာ မြန်မာရပ်တည်


စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စီးပွားရေးလုပ်ကိုင်ရန်အလွယ်ကူဆုံးနိုင်ငံများစာရင်း(Doing Business)အဆင့်သတ်မှတ်ချက်တိုးတက်လာစေရန်ဆောင်ရွက်နေသော်လည်း ယခုနှစ်အတွက်ထုတ်ပြန်ခဲ့သည့် သတ်မှတ်ချက်တွင် ယခင်နှစ်အတိုင်းအဆင့် (၁၇၁)တွင်အီရတ်နိုင်ငံနှင့်အတူရှိနေ​သေးသည်ဟုသိရသည်။ 
DoingBusiness အဆင့်သတ်မှတ်ချက်ကို ကမ္ဘာ့နိုင်ငံပေါင်း(၁၉၀)၏စီးပွားရေးစတင်ဆောင်ရွက်ရန်လွယ်ကူမှုအစရှိသောအချက်(၁၀)ချက်ကိုမူတည်ပြီး ယင်းအဖွဲ့ကြီးမှ နှစ်​စဉ်​ သတ်မှတ်ပေးနေခြင်းဖြစ်သည်။ 

မြန်မာနိုင်ငံသည် DoingBusiness ၏ အဆင့်သတ်မှတ်ချက်(၁၀၀)အတွင်းရောက်ရှိရန်ရည်ရွယ်ဆောင်ရွက်နေသည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတာဝန်ရှိသူများက ပြေညဆိုထားဖူးပြီး ပို့ကုန်သွင်းကုန်လိုင်စင်များထုတ်ပေးမှုအပိုင်းအပါအဝင် ကုမ္ပဏီတည်ထောင်ခြင်းစသည့်လုပ်ငန်းများကိုဖြေလျော့မှုအချို့ပြုလုပ်ပေးထားသော်လည်း ယခုထုတ်ပြန်ခဲ့သည့် သတ်မှတ်ချက်တွင် မြန်မာနိုင်ငံက ယခင်နှစ်အတိုင်းသာ ရှိနေခြင်းဖြစ်သည်။ 

"အမှန်တကယ်ကို စီးပွားရေးစတင်လုပ်ကိုင်တဲ့နေရာမှာအဆင်ပြေဖို့ရည်ရွယ်ဆောင်ရွက်နေတာဖြစ်ပြီး အဆင့်ဆိုတာကတော့ ကိုယ့်ဖက်က ဆောင်ရွက်နေသလို သူများနိုင်ငံတွေကလည်း ဆောင်ရွက်နေတာဖြစ်လို့ ချက်ချင်းဘယ်လောက်တက်လာမယ်ဆိုတာပြောရခက်ပါတယ်။ဒါပေမယ့် သူအမှတ်ပေးတဲ့အချက်၁၀ချက်ရှိပါတယ်အဲဒီအမှတ်တွေကတော့ဖြေလျော့မှုကိုလိုက်ပြီးပေးတာဖြစ်လို့ အရင်နှစ်ထက်တက်လာမယ်လို့ သုံးသပ်ရပါတယ်။

DoingBusiness အဆင့်တက်အောင်ဆောင်ရွက်တဲ့နေရာမှာသူများနိုင်ငံတွေထက် နှာတစ်ဖျားသာတဲ့အနေအထားတော့မရှိသေးပါဘူး"ဟုမြန်မာ့ကုန်သွယ်မှုမြင့်တင်ရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးအောင်စိုးက သတင်းစာရှင်းလင်းပွဲတွင် Popular News ၏မေးမြန်းမှုကိုပြန်လည်ဖြေကြားထားဖူးသည်။ 

ယခင်နှစ်များက DoingBusiness အဆင့်သတ်မှတ်ချက်အတွက် စီးပွားရေးလုပ်ငန်းရှင်များကိုမေးမြန်းရာတွင် မှားယွင်းဖြေဆိုခြင်းနှင့်ပြီးစလွယ်ဖြေဆိုကြခြင်းများကြောင့် အဆင့်တက်လာခြင်းမရှိဟုဆိုကာ ယခုနှစ်အတွက် လိုအပ်သည့် ဖြေဆိုချက်များကို ပူးပေါင်းဆောင်ရွက်ထားသော်လည်း အဆင့်သတ်မှတ်ချက်မှာအီရတ်နိုင်ငံနှင့်အတူ (၁၇၁)တွင်သာ ရပ်တည်​​နေလျက်​ရှိ​သေးသည်​။ 

အောင်ပြည့်စုံ
Popular News Journal 

0 comments:

Post a Comment