ငြိမ်သက်နေသော ဒေါ်လာဈေးနှုန်းများသည် ယခုအခါ ပြန်လည်မြင့်တက်လာပြီး တစ်ဒေါ်လာလျှင် ၁၆၀၀ ကျပ်နီးပါးသို့ ပြန်လည်ရောက်ရှိကြောင်း ငွေကြေးဈေးကွက်အတွင်းမှ သိရသည်။
ဒေါ်လာဈေးသည် အောက်တိုဘာလအတွင်း အတက်အကျငြိမ်သက်ခြင်းမရှိဘဲ
ဒေါ်လာဈေးသည် ပို့ကုန်မှရသည့် နိုင်ငံခြားငွေ (Earning) ဈေးနှုန်း မြင့်တက်လာသည့်အတွက် ပြင်ပဒေါ်လာဈေးနှုန်း လိုက်ပါမြင့်တက်လာပြီး ပြီးခဲ့သည့် ရက်ပိုင်းကထက် တစ်ဒေါ်လာလျှင် ၁၅ ကျပ်ခန့်မြင့်တက်ကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။
“ဒေါ်လာဈေးက အခုတစ်လော မှန်းရတာခက်တယ်။ Earning ပေါ် မူတည်ပြီးတော့ပဲ အတက်အကျဖြစ်နိုင်တယ်” ဟု Myanmar Sunflower ငွေလဲကောင်တာမှ ဒါရိုက်တာ ကိုအတူးလေးက ပြောဆိုသည်။
Earning ဈေးသည် ပြီးခဲ့သည့် ရက်ပိုင်းက တစ်ဒေါ်လာလျှင် ၁၅၈၀ ကျပ်ခန့်မှ ယခုအခါ တစ်ဒေါ်လာလျှင် ၁၆၀၈ ကျပ်ခန့်သို့ မြင့်တက်ကြောင်း၊ လက်ရှိ ပြင်ပဒေါ်လာဈေးသည် တစ်ဒေါ်လာလျှင် ၁၅၉၅ ကျပ်၊ ပုဂ္ဂလိကဘဏ်ဈေးမှာ တစ်ဒေါ်လာလျှင် ၁၅၉၀ ကျပ်နှင့် ဗဟိုဘဏ်ဈေးမှာ တစ်ဒေါ်လာလျှင် ၁၅၆၀ ကျပ် ဈေးရှိကြောင်း ငွေကြေးဈေးကွက်အတွင်းမှ သိရသည်။
 







 
 
 
 
 
0 comments:
Post a Comment