ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ် ဖုယွင်စက်ရုံရှေ့ရှိ ဆန္ဒပြအလုပ်သမားများ သပိတ်စခန်းပိတ်သိမ်းမည်ဖြစ် ပြီး နိုဝင်ဘာ ၆ ရက်တွင် အလုပ်ရှင်၊ အလုပ်သမား သဘောတူစာချုပ် ပြန်လည်ချုပ်ဆိုကာ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်မည်ဖြစ်ကြော င်း အောက်တိုဘာ ၃၁ ရက်က သိရသည်။
ဖုယွင်သပိတ်စခန်းဖွင့် ဆန္ဒပြမှုနှင့်ပတ်သက်၍ အလုပ်သမား၊ အလုပ်ရှင်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူများ အောက်တိုဘာ ၃၀ ရက်တွင် တိုင်းအစိုးရအဖွဲ့ရုံး၌ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပြီးနောက် ဆန္ဒပြအလုပ်သမားများကို အလုပ်ရှင်က ဆန္ဒပြအလုပ်သမားများကို အလုပ် ပြန်ခန့်မည်ဟု အတည်ပြုပြောကြားခဲ့သည်။
အောက်တိုဘာ ၃၁ ရက် နံနက်ပိုင်းတွင် ဒဂုံဆိပ်ကမ်းမြို့နယ် ညှိနှိုင်းဖျန်ဖြေရေးရုံး၌ ဆန္ဒပြအလုပ်သမားများနှင့် လုပ်ငန်းရှင်တို့ အလုပ်ပြန်ဝင်မည့် သဘောတူစာချုပ်ချုပ် ဆိုခဲ့ကြောင်း သိရသည်။
“ဒီနေ့ ကျွန်မတို့အလုပ်သမားတွေနဲ့ လုပ်ငန်းရှင်ရယ် မြို့နယ် ညှိနှိုင်းဖျန်ဖြေရေးရုံးမှာ သဘောတူစာချုပ်ချုပ်ခဲ့တယ်။ စာချုပ်ထဲမှာ ဆန္ဒပြအလုပ်သမားတွေကို အလုပ် ပြန်ခန့်ထားပြီး နိုဝင်ဘာ ၆ ရက်မှာ ပုံမှန်အ လုပ်ဝင်ချိန်မှာလုပ်ငန်းခွင်သို့ အေးချမ်းစွာ အလုပ်ဝင်ရမယ်။ အလုပ်ဝင်တဲ့အချိန်မှာ အလုပ်ခန့်ထားမှုဆိုင်ရာ EC စာချုပ်ချုပ်မယ်။ သပိတ်မမှောက်ခင် အလုပ်ဆင်းခဲ့တဲ့ ရက်က လစာတွေ ပြန်ရမယ်ဆိုတာ ပါတယ်။ သပိတ်စခန်းကို ဒီညနေ ၆ နာရီနောက်ဆုံးထားပြီး သိမ်းပြီ” ဟု ဖုယွင်ဆန္ဒအလုပ်သမား ခေါင်းဆောင်မသက်ထားဆွေက ပြောကြားသည်။
ဆန္ဒပြအလုပ်သမားများ တောင်းဆိုထားသော အချက်ကိုးချက်အနက် ခုနစ်ချက်မှာ အဆင်ပြေမှုရရှိခဲ့ပြီး ကျန်အချက်များအား လုပ်ငန်းခွင်သို့ ပြန်ဝင်ပြီးနောက် ညှိနှိုင်း ပေးမည်ဟု အောက်တိုဘာ ၃၀ ရက်တွင် ရန် ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အလုပ်သမားများကို ပြောကြားသည်။
ယင်းသို့ ၀န်ကြီးချုပ်၏ ပြောကြားချက်အတိုင်း လုပ်ငန်းခွင်သို့ ပြန်ဝင်ပြီးလျှင် ညှိနှိုင်းသွားမည်ဖြစ်ကြောင်း ဆန္ဒပြအလုပ်သမား မသဇင်နွယ်က ပြောကြားသည်။
“ကျန်တဲ့အချက်က ကျွမ်းကျင်ကြေး ကိစ္စကို အခြားစက်ရုံနှုန်းထားတွေနဲ့ညှိပြီး ပေးမယ်ဆိုတဲ့ကိစ္စရယ်။ ကျွမ်းကျင်ကြေးကို ကုန်ထုတ် ကျွမ်းကျင်ကြေးလို့ ပြောင်းလဲခြင်း မပြုရန်ပေါ့။ အဲဒီနှစ်ချက်တော့ ကျန်နေသေးတယ်။ အဲ့ဒီနှစ်ချက်ကို အလုပ်လုပ်နေရင်းနဲ့ ညှိနှိုင်းသွားမယ်” ဟု မသဇင်နွယ်က ပြောကြားသည်။
ဖုယွင်စက်ရုံတွင် စက်ရုံအလုပ်သမားသမဂ္ဂ ခေါင်းဆောင်၊ အဖွဲ့ဝင်များအပါအ၀င် အလုပ်သမား ၃၀ ကို အလုပ်မှထုတ်ခဲ့သဖြင့် သြဂုတ် ၂၁ ရက်မှစတင်ကာ အလုပ်သမား ဆန္ဒပြမှု ဖြစ်ပွားခဲ့သည်။ ဆန္ဒပြသည့်ရက်ပေါင်း ၇၁ ရက်မြောက်တွင် ရန်ကုန်တိုင်းအစိုးရ၏ ကြားဝင်ညှိနှိုင်းပေးမှုကြောင့် လုပ်ငန်းရှင်က ဆန္ဒပြ အလုပ်သမားများကို အလုပ် ပြန်ခန့်ခဲ့ခြင်းဖြစ်သည်။
0 comments:
Post a Comment