Wednesday, October 31, 2018

အာဖဂန် အကျဉ်းထောင်ဝတွင် အသေခံဗုံးခွဲ၊ လူ ၆ ဦးထက်မနည်း သေဆုံး



အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးလ်မှာရှိတဲ့ နိုင်ငံ့အကြီးဆုံး အကျဉ်း ထောင်ဝင်ပေါက်နားမှာ အသေခံ ဗုံးခွဲသမားတယောက်က အောက်တိုဘာ ၃၁ ရက်မှာ သူ့ကိုယ်သူ ဖောက်ခွဲခဲ့ပါတယ်။
အသေခံဗုံးခွဲမှုမှာ လူ ၆ ဦးထက် မနည်း သေဆုံးပြီး ၃ ဦး ဒဏ်ရာရတယ်လို့ အာဖဂန် အရာရှိတွေက ပြောပါတယ်။

ဒါပေမယ့် ဒီကိစ္စ ဘယ်သူ့လက်ချက်လဲဆိုတာ ချက်ချင်း အတည်မပြုနိုင်သေးပါဘူး။ ထောင်ဝန်ထမ်းတွေရဲ့ ကားနားမှာ တိုက်ခိုက်သူက ဖောက်ခွဲခဲ့တာလို့ ပြည်ထဲရေး ဝန်ကြီးဌာန ပြောခွင့်ရ နာဂျစ်ဘ်ဒါနစ်ရှ်က ပြောပါတယ်။

အသေခံတိုက်ခိုက်ချိန်မှာ အမျိုးသမီးလုံခြုံရေးအရာရှိတွေ ကားထဲမှာ ထိုင်နေကြတယ်လို့ ဒေသခံ သတင်းအင်တာနက် စာမျက်နှာက ရေးပါတယ်။

ထောင်ထဲမှာ တာလီဘန်သူပုန်တွေ အပါအဝင် ထောင်သား ရာနဲ့ချီပြီး ထိန်းသိမ်း ထားပါတယ်။




0 comments:

Post a Comment