Wednesday, October 31, 2018

အမြန်လမ်း၌ အိမ်စီးကားကို ဘောက်စ်ကား ၀င်တိုက်




အောက်တိုဘာ ၃၁ ရက် နံနက် ၁၀ နာရီ ၁၀ မိနစ်ခန့်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး နေပြည်တော်-မန္တလေးလမ်းပိုင်း၌ ရှေ့မှမောင်းနှင်နေသည့် အိမ်စီးယာဉ်တစ်စီး၏ နောက်ပိုင်းကို ယာဉ်ကြောတူမောင်းနှင်လာသည့် ခြောက်ဘီး ကွန်တိန်နာဘောက်စ်ယာဉ်က ၀င်တိုက်မိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ထံမှ သိရသည်။ 
မိုင်တိုင်အမှတ် ၃၃၆/၆-၇ တွင် ယာဉ်မောင်း ကိုစောဝင်းကျော် မောင်းနှင်လာသည့် 9C/----Toyota Brevis အမျိုးအစားယာဉ်၏ နောက်ပိုင်းကို လားရာတူယာဉ်မောင်း ကိုကျော်ဌေး(၄၅)နှစ် မောင်းနှင်လာသည့် ယာဉ်အမှတ် 3P/----ခြောက်ဘီးကွန်တိန်နာဘောက်စ်အမျိုးအစား ကုန်တင်ယာဉ်က ၀င်တိုက်မိခြင်း ဖြစ်သည်။ 

Toyota Brevis ယာဉ်မှာ လမ်းလယ်ကျွန်းပေါ်ရောက်ရှိ တိမ်းမှောက်ခဲ့ခြင်းကြောင့် ယာဉ်ပေါ်ပါ ယာဉ်မောင်းအပါအ၀င် အမျိုးသားသုံးဦး၊အမျိုးသမီးနှစ်ဦးပေါင်းငါးဦးတွင် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးမှာ ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့်စကားအင်းအမြန်လမ်းမကြီး ရဲစခန်းမှ တပ်ဖွဲ့ဝင်များက တံတားဦးဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။ 

အထက်ပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ''လေးဦး ဒဏ်ရာရတဲ့ထဲမှာ အမျိုးသားတစ်ဦး စိုးရိမ်ရတယ်။ တံတားဦးဆေးရုံကနေ မန္တလေးဆေးရုံကို လွှဲပို့ထားတယ်။ဟိုဘက်ကတော့ ဒဏ်ရာမရပါဘူး။ ဘောက်စ်ကားဆိုတော့လေ။ ဘောက်စ်ကားက အမြန်လမ်း အသုံးပြုခွင့်တက် မပါတဲ့အတွက် ယာဉ်မောင်းကို ပြစ်မှုဥပဒေ ပုဒ်မ-၃၃၇/၃၃၈/၂၇၉ အမြန်လမ်းမကြီးဥပဒေတို့နဲ့သီးခြားအမှုဖွင့်အရေးယူထားတယ်''ဟုရဲအရာရှိတစ်ဦးက ရှင်းပြခဲ့သည်။ 

သတင်း - တင့်ဇော်ထွန်း 
ဓာတ်ပုံ - အမြန်လမ်းရဲ 
The Standard Time Daily

0 comments:

Post a Comment