Monday, December 31, 2018

နှစ်သစ်ကူးည မန္တလေးတွင် လုံခြုံရေးအားဖြည့်မည်

နှစ်သစ်ကူးညတွင် မန္တလေးမြို့၌ အများပြည်သူလုံခြုံရေးနှင့် မူးယစ်ရမ်းကားမှုများကို တားဆီးနိုင်ရန်နှင့် မတော်တဆမှုများ ကူညီနိုင်ရန် ရဲတပ်ရင်းများဖြင့် အင်အားဖြည့်ဆောင်ရွက်မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ 

ဆယ်တန်းအောင်ချက်မြင့်မားရေး ကျောင်းသား ၁၅၀၀ ကျော်ကို အခမဲ့သင်တန်းပေး

တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး ဆယ်တန်းကျောင်းသား၊ ကျောင်းသူ ၁၅၀၀ ကျော်ကို စာမေးပွဲမေးခွန်းပုံစံသစ်ဆိုင်ရာ အသိပညာသင်တန်းပေးလျက်ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်ထံမှ သိရသည်။ 

သင်္ဃန်းကျွန်းတွင် ထိုင်ဝမ်နိုင်ငံသား နေအိမ်ကို အနုကြမ်း ဝင်စီး

သင်္ဃန်းကျွန်းမြို့နယ်၊ (ဆ/က) ရပ်ကွက်၊ ကြိုးစက်လမ်းရှိ ထိုင်ဝမ်နိုင်ငံ သား အမျိုးသား၏ နေအိမ်၌ ဒီဇင်ဘာလ ၂၉ ရက် နံနက်ပိုင်းတွင် အမျိုးသားနှစ်ဦးက ဝင်ရောက်အနုကြမ်းစီးပြီး ငွေနှင့် လက်ကိုင်ဖုန်းကို ယူဆောင်သွားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

ကားဝယ်သည့်ကိစ္စ ဧရာဝတီတိုင်းလွှတ်တော် ဒုဥက္ကဋ္ဌကို ပါတီက အထူးခုံရုံးဖွဲ့စစ်

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် ကားဝယ်ယူခဲ့မှုနှင့်ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးစံမင်းအောင်ကို တိုင်ကြားမှုများရှိခဲ့သည့်အတွက် NLD ပါတီတွင်း အထူးခုံရုံးဖွဲ့ကာ စစ်ဆေးနေကြောင်း အဆိုပါ ပါတီထံမှ သိရသည်။ 

မြိတ်တွင် ငါးဖမ်းရာသီ လေးလအတွင်း ရေလုပ်သား ၁၀၀ ကျော် ဖမ်းဆီးခံရ


မြိတ်ခရိုင်တွင် ယခုနှစ် ငါးဖမ်းရာသီ ကာလ လေးလအတွင်း ရေလုပ်သားတစ်ရာကျော် ဖမ်းဆီးခံရပြီး ထောင်အချုပ်ထဲသို့ ရောက်ရှိနေကြောင်း မြိတ်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနရုံးထံမှ သိရသည်။ 

ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ကို ကန်တော့ခြင်းအပေါ် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဖြေရှင်း

ရန်ကုန်မြို့တော်ခန်းမတွင် ပြုလုပ်သည့် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲ၌ ကန်တော့ခံပုဂ္ဂိုလ်အဖြစ် တက်ရောက်လာသော ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ကို ကန်တော့ခြင်းနှင့် ပတ်သက်၍ တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဖိနှိပ်ခံခဲ့ရသည့်အပေါ် အာဃာတမရှိကြောင်း ပြသရန်ဟု ဖြေရှင်းပြောကြားလိုက်သည်။ 

လုပ်ငန်းစွမ်းဆောင်ရည် မပြည့်ဝသည့် ပါတီဝင်များကို ၂၀၁၉ တွင် တာဝန်မှရပ်ဆိုင်းမည်ဟု NLD ပြောရေးဆိုခွင့်ရှိသူပြော


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များထဲမှ လုပ်ငန်းစွမ်းဆောင်ရည် မပြည့်ဝသူများနှင့် လူမှုဆက်ဆံရေး မပြေပြစ်သူများကို ပါတီအကဲဖြတ်အဖွဲ့၏အစီရင်ခံစာအပေါ် သုံးသပ်၍ ၂၀၁၉ နှစ် လယ်ပိုင်းတွင် တာဝန်မှ ရပ်ဆိုင်းမည်ဖြစ်ကြောင်း အဆိုပါပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောကြားသည်။ 

Sunday, December 30, 2018

နှစ်ကုန်ဆုံးချိန်မှာ ကလေးတွေအတွက် ၀မ်သန်း ၁၀၀ လှူဒါန်းခဲ့တဲ့ အိုင်ယူ


တောင်ကိုရီးယားအဆို တော်နှင့် သရုပ်ဆောင် အိုင်ယူ သည် ၀မ်သန်း ၁၀၀ (ကန်ဒေါ် လာ ၈၉,၆၃၇) ခန့်လှူဒါန်းခဲ့ ကြောင်းကလေးငယ်များဖူလုံရေး အေဂျင်စီ Green Umbrella ကလေးဖောင်ဒေးရှင်းက ထုတ် ပြန်သည်။ 

Miss Supranational Organization သုံးသပ်ချက်တွေအပေါ် ရှင်းစရာမလိုဘူးဆိုတဲ့ ရွှေအိမ်စည်


Miss Supranational Organization က ၎င်းကိုပြိုင်ပွဲ ကာလအတွင်း ပြုမူနေထိုင်ပြော ဆိုမှုအပေါ် Results Review တွင် ဆိုးရွားစွာသုံးသပ်ထောက်ပြထားသော်လည်း မအံ့ဩကြောင်း အလှမယ်ရွှေအိမ်စည်က ပြောသည်။ 

ထွေအုပ်ကို အစိုးရအဖွဲ့ရုံးအောက်သို့ စတင်လွှဲပြောင်း


ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနကို ဒီဇင်ဘာ ၂၈ ရက်ကစ၍ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး ဝန်ကြီးဌာနလက်အောက် သို့ လွှဲပြောင်းဖွဲ့စည်းတာဝန်ထမ်း ဆောင်စေကြောင်း ထုတ်ပြန်ကြေ ညာသည်။ 

တရုတ်သံအမတ်နှင့် ကချင်ပေါင်းစည်းရေး ပါတီသုံးခုဆွေးနွေး ကချင်ပြည်နယ်အတွင်း တရုတ်လူမျိုးများနှင့်သက်ဆိုင်သော အငြင်းပွားမှု၊ မတရားမှုရှိပါက သံရုံးကအရေးယူပေးမည်ဟုဆို


မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စတာဟုန်လျန်နှင့် ကချင်ပေါင်းစည်းရေးပါတီသုံးခုမှ ခေါင်းဆောင်သုံးဦးသည် မြစ်ကြီးနားမြို့၌ ဒီဇင်ဘာ ၂၉ ရက်တွင် တွေ့ဆုံ၍ ကချင်ဒေသတွင်းဆိုင်ရာ အခြေအနေများကို ဆွေးနွေးခဲ့သည်။ 

ပန်ဝါဒေသတွင် သတ္တုတူးဖော်မှုကြောင့် အနီးတစ်ဝိုက်ကျေးရွာများထိခိုက်မှုများရှိနေဟု စစ်တမ်းတစ်စောင်ဖော်ပြ


ပန်ဝါဒေသမှ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ် ခေါင်းဆောင်များ ပိုင်ဆိုင်သည်ဆိုသော ချီဖွေပန်ဝါဒေသရှိသတ္တုတူးဖော်မှုကြောင့် သတ္တုတွင်းအနီးတစ်ဝိုက်ရှိကျေးရွာများတွင် အက်စစ်နှင့်ခဲသတ္တုပျော်ဝင်မှုများပြားနေသဖြင့် သောက်သုံးရေသုံးစွဲနိုင်ရန် အန္တရာယ်ကြုံနေကြောင်း ထိုဒေသတွင်သွားရောက် စစ်တမ်းကောက်ယူခဲ့သည့် အဖွဲ့အ စည်းများက ပြောကြားသည်။ 

ဒေသအများစုတွင် အချိန်အခါမဟုတ် မိုးရွာနိုင်

ရန်ကုန်နှင့် နေပြည် တော်အပါအ၀င် ဒေသအများစု တွင်လာမည့်နှစ်ရက်အတွင်းအ ချိန်အခါမဟုတ် မိုးရွာနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။ 

ကချင်စစ်ရှောင်များ နေရပ်ပြန်နိုင်ရေး စတင်ဆောင်ရွက်ဟု မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တာဝန်ရှိသူပြော


တပ်မတော်နှင့် ကချင်လက်နက်ကိုင်အဖွဲ့ (KIA) တို့ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် ရွာသူရွာသားများ နေရပ်ပြန်နိုင်ရေး စတင် ဆောင်ရွက်နေပြီး တိုက်ပွဲရှောင် ရွာသူ၊ ရွာသားအားလုံး အမြန်ဆုံး နေရပ်ပြန်နိုင်ရေး ဆောင်ရွက်မည်ဟု မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးထွန်းနေလင်း က ဒီဇင်ဘာ ၂၉ ရက်တွင် ပြော ကြားသည်။ 

ကျပ်တစ်သောင်းတန်အတု လက်ဝယ်တွေ့၍ ဖမ်းဆီးခံထားရသော စင်ကာပူနိုင်ငံသား ဇနီးမောင်နှံကို တရားရှင်လွှတ်

ကျပ်တစ်သောင်းတန်အတု လက်ဝယ်တွေ့ရှိမှုကြောင့် ဖမ်းဆီးတရားစွဲဆိုထားသော စင်ကာပူနိုင်ငံသား ဇနီးမောင်နှံကို အနောက်ပိုင်းခရိုင်တရားရုံးက တရားရှင်လွှတ်ပေးခဲ့သည်။

သစ်သီး ကုန်တင်ယာဉ်များ ဝင်ရောက်ရန်အတွက် ကြူကုတ်(ပန်ဆိုင်း) ဝင်ပေါက်ဖွင့်လိုက်သော်လည်း တရုတ်ဘက်မှ ဝင်ခွင့် စစ်ဆေးရာတွင် ကြန့်ကြာနေမှုများကြောင့် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်တွင် သစ်သီးတင်ယာဉ်များစွာ အခက်အခဲဖြစ်နေပြီး သစ်သီး စိုက်တောင်သူနှင့် ကုန်သည်များ သိန်းပေါင်းများစွာ ဆုံးရှုံးဖွယ်ရှိနေ


ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ တရုတ်နိုင်ငံ ဝမ်တိန်သို့ သစ်သီးတင်ပို့သည့် ယာဉ်များသည် ကြူကုတ်(ပန်ဆိုင်း) ဝင်ပေါက်ဂိတ်မှတဆင့် သစ်သီးများအား ဒီဇင်ဘာလ ၂၈ ရက်နေ့မှ စတင်ပြီး တင်ပို့ခဲ့သော်လည်း တရုတ်ဘက်မှ ဝင်ခွင့်စစ်ဆေးရာတွင် ကြန့်ကြာနေမှုများကြောင့် သစ်သီးတင်ယာဉ်များစွာ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်နှင့် ကြူကုတ်(ပန်ဆိုင်း) သွားရာလမ်း တစ်လျှောက်တွင် ယာဉ်ပေါင်းများစွာ ရပ်တန့် စောင့်ဆိုင်းနေကြရကြောင်း သိရသည်။

BPI စက်ရုံမှ ဆေးဘူးခွံများ၏ ထုပ်ပိုးမှုပုံစံများကို Suntec ကုမ္ပဏီနှင့်ပူးပေါင်း၍ အဆင့်မြှင့်တင်နေပြီး ဆေးဘူးခွံအသစ်များဖြင့် စတင်ထုတ်လုပ်


BPI စက်ရုံမှ ဆေးဘူးခွံများ၏ ထုပ်ပိုးမှုပုံစံများကို Suntec ကုမ္ပဏီနှင့် ပူးပေါင်း၍ အဆင့်မြှင့်တင်ထားပြီး ဆေးဘူးခွံအသစ်များဖြင့် ထုတ်လုပ်လျက်ရှိကြောင်း မြန်မာ့ဆေးဝါးလုပ်ငန်းမှ သိရသည်။

မြန်မာ့လယ်ယာထွက်ကုန်များ ပြည်ပတင်ပို့ရောင်းချရာတွင် ထိုင်း၊ လာအို၊ ဗီယက်နမ် ၊ ကမ္ဘောဒီးယားနိုင်ငံတို့နှင့် ယှဉ်ပြိုင်ထုတ်လုပ်ရောင်းချနေရသဖြင့် ကုန်စည်အမျိုးအစားတူပါက အရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်းချိုသာစွာ တင်ပို့ရောင်းချနိုင်မှသာ ပို့ကုန်ဈေးကွက် ကျယ်ပြန့်လာမည်ဖြစ်ကြောင်း စီးပွားကူးသန်းဝန်ကြီး ပြောကြား

မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များ ပြည်ပတင်ပို့ရောင်းချရာတွင် အိမ်နီးချင်းနိုင်ငံများ အထူးသဖြင့် ထိုင်း၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနိုင်ငံတို့နှင့် ယှဉ်ပြိုင်ထုတ် လုပ်ရောင်းချနေရသဖြင့် ကုန်စည်အမျိုးအစား တူပါက အရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်းချိုသာစွာ တင်ပို့ရောင်းချနိုင်မှသာ ပို့ကုန်ဈေးကွက် ကျယ်ပြန့်လာမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ဒီဇင်ဘာ၂၉ရက်က ရန်ကုန်မြို့ရှိ Pan Pacific ဟိုတယ်တွင် ကျင်းပသည့် မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း(၂၄)ကြိမ်မြောက် နှစ်ပတ်လည်အသင်းသား စုံညီအစည်းအဝေးတွင် ပြောကြားသည်။

မြေအောက်မှာ ပိတ်မိနေတဲ့ မိုင်းတွင်းလုပ်သား ၁၅ ဦးကို ကယ်ဖို့ အိန္ဒိယအစိုးရ အရှိန်မြင့် ကြိုးပမ်း


နိုင်ငံအရှေ့မြောက်ပိုင်း Meghalaya ပြည်နယ်က တရားမဝင် တူးဖော်တဲ့ ကျောက်မီးသွေး မိုင်းတွင်းတစ်ခုရဲ့ မြေအောက်မှာ ပိတ်မိနေလျက်ရှိတဲ့ မိုင်းလုပ်သား ၁၅ ဦးကို ကယ်ဆယ်ဖို့ အိန္ဒိယ အာဏာပိုင်တွေ အရှိန်မြင့်လုပ်ဆောင်လာနေလျက် ရှိပါတယ်။ 

တရုတ်နှင့်အကြား ကုန်သွယ်ရေး သဘောတူညီချက်ရဖို့ အခြေအနေများစွာ ကောင်းနေဟု ဒေါ်နယ်ထရမ့် အမွှမ်းတင် ပြော


နှစ်နိုင်ငံအကြားက ကုန်သွယ်ရေး ပဋိပက္ခကိစ္စရပ်တွေနဲ့ပတ်သက်လို့ တရုတ် သမ္မတ ရှီကျင့်ဖျင်နဲ့ ဖုန်းဆက် ဆွေးနွေးခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဒီဇင်ဘာ ၂၉ ရက်မှာ တွစ်တာကနေတဆင့် ပြောကြားသွားပါတယ်။