Sunday, December 30, 2018

တရုတ်သံအမတ်နှင့် ကချင်ပေါင်းစည်းရေး ပါတီသုံးခုဆွေးနွေး ကချင်ပြည်နယ်အတွင်း တရုတ်လူမျိုးများနှင့်သက်ဆိုင်သော အငြင်းပွားမှု၊ မတရားမှုရှိပါက သံရုံးကအရေးယူပေးမည်ဟုဆို


မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စတာဟုန်လျန်နှင့် ကချင်ပေါင်းစည်းရေးပါတီသုံးခုမှ ခေါင်းဆောင်သုံးဦးသည် မြစ်ကြီးနားမြို့၌ ဒီဇင်ဘာ ၂၉ ရက်တွင် တွေ့ဆုံ၍ ကချင်ဒေသတွင်းဆိုင်ရာ အခြေအနေများကို ဆွေးနွေးခဲ့သည်။ 
ကချင်ပြည်နယ်အတွင်း တရုတ်လူမျိုးများနှင့်သက်ဆိုင်သော မြေယာနှင့်စီးပွားရေးဆိုင်ရာ အ ငြင်းပွားမှုများ၊ မတရားခံရမှုများ ရှိပါက တရုတ်သံရုံးက အရေးယူ ဆောင်ရွက်မည်ဟု သံအမတ်က ပြောကြားကြောင်း ကချင်နိုင်ငံရေးပါတီ ခေါင်းဆောင်များက ပြောသည်။ 

‘‘ကျွန်တော်တို့တင်ပြတာက မြစ်ကြီးနားမှာက တရုတ်တွေ အိမ်တွေအများကြီးဝယ်တဲ့ဟာ မျိုးရှိတယ်။ မြေယာတွေအများ ကြီးဝယ်တဲ့ဟာပေါ့နော်။ ဒါဟာ တရားတဲ့လမ်းကြောင်းကနေ သွားသလား၊ မသွားဘူးလားဆို တဲ့ ဟာမျိုးကိုလည်းပြန်လေ့လာဖို့ လိုအပ်ပါတယ်။ ဒါပြီးမှ မြေယာ၊ နောက်ငှက်ပျောစိုက်ခင်းတွေက လည်း ဒီအတိုင်းပဲပေါ့နော်။ ဒါ ကြောင့်မို့လို့ ဒီဟာတွေက တရုတ် အစိုးရအနေနဲ့ တိုက်ရိုက်ပတ် သက်မှုတော့မဟုတ်ပါဘူး။ ဒါ ကြောင့် အစိုးရအနေနဲ့မဟုတ်တဲ့ လုပ်ငန်းတွေကို မတရားသဖြင့် လုပ်ခဲ့ရင်၊ တခြားမသမာတဲ့နည်း လမ်းနဲ့လုပ်တယ်ဆိုရင် သူတို့သံ ရုံးကိုအကြောင်းကြားပါ။ သူတို့ အနေနဲ့ တာဝန်ယူပြီးတော့မှ အ ရေးယူပေးပါမယ်ဆိုတဲ့ဟာမျိုး သူတို့ပြောပြပါတယ်’’ ဟု ကချင် ဒီမိုကရက်တစ်ပါတီ(KDP)ဥက္ကဋ္ဌ ကွမ်ဂေါင်အောင်ခမ်းက ပြော သည်။ 

တရုတ်သံအမတ်ကြီးက လည်း ငြိမ်းချမ်းရေးအတွက် လက်ရှိ အထောက်အကူပြုနေ သည့်ကိစ္စများ၊ တရုတ်နိုင်ငံသို့ သွားရောက်လေ့လာနိုင်ရေး အ ကူအညီပေးမည့်အစီအစဉ်များ လည်း ဆွေးနွေးခဲ့ကြောင်း ကွမ် ဂေါင်အောင်ခမ်းက ပြောသည်။ မြစ်ဆုံစီမံကိန်း ဆက်လက်လုပ် ဆောင်နိုင်မည့်အခြေအနေနှင့် ပတ်သက်၍ တရုတ်သံအမတ်က ပြောကြားရာတွင် ယင်းကိစ္စသည် အစိုးရဆုံးဖြတ်ချက်နှင့် ဒေသခံများ၏ သဘောထားနှင့်သာ သက်ဆိုင်ကြောင်း ပါတီခေါင်းဆောင်များက ပြန်လည်ဖြေကြားသည်ဟုလည်း ဆိုသည်။ 
တွေ့ဆုံမှုသည် နှစ်ဖက် ဆက်ဆံရေးပိုမိုခိုင်မြဲရေး၊ ကချင် ပြည်နယ်ပြန်လည်အေးချမ်းရေး နှင့်စစ်ရှောင်များ ၎င်းတို့နေထိုင် ရာဒေသများဆီသို့ အမြန်ဆုံးပြန် နိုင်ရေး ဆွေးနွေးကာ ဆွေးနွေးပွဲ သည် ရလဒ်ကောင်းများရှိခဲ့ ကြောင်း ကချင်ပြည်နယ်ဒီမိုကရေ စီပါတီ(KSDP)ဥက္ကဋ္ဌဒေါက်တာ မနာမ်တူးဂျာက ပြောသည်။ 

ယင်းတွေ့ဆုံမှုနှင့်ပတ်သက် ၍ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံ ရုံးကမူ ဒီဇင်ဘာ ၂၉ ရက် ည အထိ သီးခြားထုတ်ပြန်ခြင်းမရှိ ပေ။

7Day

0 comments:

Post a Comment