Sunday, December 30, 2018

ကျပ်တစ်သောင်းတန်အတု လက်ဝယ်တွေ့၍ ဖမ်းဆီးခံထားရသော စင်ကာပူနိုင်ငံသား ဇနီးမောင်နှံကို တရားရှင်လွှတ်

ကျပ်တစ်သောင်းတန်အတု လက်ဝယ်တွေ့ရှိမှုကြောင့် ဖမ်းဆီးတရားစွဲဆိုထားသော စင်ကာပူနိုင်ငံသား ဇနီးမောင်နှံကို အနောက်ပိုင်းခရိုင်တရားရုံးက တရားရှင်လွှတ်ပေးခဲ့သည်။
ယင်းဇနီးမောင်နှံကို ဒီဇင်ဘာ ၂၈ ရက်က အနောက်ပိုင်း ခရိုင်တရားရုံးတွင် ရုံးထုတ်စစ် ဆေးရာ မြန်မာနိုင်ငံတော်ဗဟို ဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ ဖြင့် စွဲချက်မတင်ဘဲ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၂၅၃(၁) အရ တရားသူကြီးက တရားရှင်လွှတ်ပေးခဲ့ ကြောင်း စင်ကာပူနိုင်ငံသားနှစ်ဦး ၏အကျိုးဆောင် တရားလွှတ် တော်ရှေ့နေ ဦးခင်ဇော်က ပြော သည်။ 

၎င်းတို့နှစ်ဦးကို ခုနစ်ကြိမ် ရုံးထုတ်စစ်ဆေးပြီး စွဲချက်မတင် ဘဲ အမိန့်ချခဲ့ကြောင်း ရှေ့နေ ဦးခင်ဇော်က ပြောသည်။ 

‘‘စွဲချက်မတင်မီ တရားရှင် လွှတ်လိုက်တာပါ။ အမှုကို မှား ယွင်းတယ်ဆိုပြီး သတ်မှတ်ပြီး လွှတ်ပေးလိုက်တာပေါ့’’ဟု ရှေ့ နေ ဦးခင်ဇော်က ပြောသည်။ 

အမှုမှ တရားရှင်လွှတ်ပေး ခဲ့သဖြင့် စင်ကာပူနိုင်ငံသားနှစ်ဦး က အားလုံးကို ကျေးဇူးတင် ကြောင်း ပြောကြားပြီး ယင်းနေ့ ညနေတွင် နေရပ်သို့ ပြန်သွား ကြောင်း ၎င်းက ဆက်လက်ပြော သည်။ 

နိုဝင်ဘာ ၂၈ ရက်တွင် ရွှေ တိဂုံစေတီတော်သို့ လာရောက် လည်ပတ်သော စင်ကာပူနိုင်ငံသား ဇနီးမောင်နှံထံမှ ကျပ်တစ်သောင်းတန်ငွေစက္ကူအတုများ တွေ့ရှိ၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေပုဒ်မဖြင့် အမှုဖွင့်အရေးယူထားခြင်းဖြစ်သည်။ 

၎င်းတို့ကို စစ်ဆေးရာ တောင် ဥက္ကလာပမြို့နယ်ရှိ ကုမ္ပဏီတစ်ခု ၌ ကျင်းပသည့်ပွဲသို့ တက်ရောက် ရန် လာရောက်ခြင်းဖြစ်ပြီး အဆို ပါ ကျပ်တစ်သောင်းတန် အတု များကို စင်ကာပူနိုင်ငံရှိ ငွေလဲ ကောင်တာတစ်ခုတွင် အိန္ဒိယလူ မျိုးနှစ်ဦးထံမှ စင်ကာပူဒေါ်လာ ၄၀၀ ဖြင့် လဲလှယ်ခဲ့ကြောင်း ထွက်ဆိုထားသည်။ 

ထို့ကြောင့် စင်ကာပူရဲတပ် ဖွဲ့က ငွေလဲလုပ်ငန်း ၁၈ ခုကို စီး နင်းရာတွင် AG နှင့် AE အက္ခရာ ဖြင့် စသည့် အစဉ်လိုက်နံပါတ်တူ များပါဝင်နေသော ကျပ်ငွေများ သိမ်းဆည်းရမိထားသည်။ 

ထို့အပြင် ဒီဇင်ဘာ ၂ ရက် က ရွှေတိဂုံစေတီတော်သို့ လာရောက်လည်ပတ်သော အသက်(၂၆)နှစ်အရွယ် ထိုင်းနိုင်ငံသူထံမှ ကျပ်တစ်သောင်းတန် ငွေစက္ကူများတွေ့ရှိ၍ ဖမ်းဆီးအရေးယူထားသည်။ ထို့ကြောင့် မြန်မာနိုင်ငံသို့ လာရောက်လည် ပတ်စီးပွားရေး လုပ်ကိုင်မည့် ထိုင်းနိုင်ငံသားများကို ကျပ်ငွေလဲလှယ်ရာတွင် အထူးသတိထားရန် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးက ဒီဇင်ဘာ ၃ ရက်တွင် သတိပေးထုတ်ပြန်ထားသည်။ 

စင်ကာပူနိုင်ငံတွင် အိမ်အကူလုပ်ကိုင်ပြီး ပြန်လာရာအိမ်ရှင်က ငွေလဲပေးသည့် ကျပ်တစ်သောင်းတန် ၁၉၀ ကျော်သည် အတုများဖြစ်၍ လက်ဝယ်တွေ့ရှိမှုကြောင့် မနော်သော့သွဲ့ထူးကို ဒိုက်ဦးမြို့ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၆ ရက်တွင် ဖမ်းဆီးထားသည်။ 

စင်ကာပူနိုင်ငံတွင် အလုပ် လုပ်ကိုင်နေသော မြန်မာနိုင်ငံ သားများအနေဖြင့် ငွေလဲလှယ်ရာ တွင် စင်ကာပူအစိုးရ၏တရားဝင် ခွင့်ပြုချက်ရရှိထားသော ဘဏ် များနှင့် လိုင်စင်ရငွေလဲကောင် တာများ၌ လဲလှယ်ရန် မြန်မာ သံရုံးက ဒီဇင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်ထားသည်။

7Day

0 comments:

Post a Comment