Sunday, December 30, 2018

ထွေအုပ်ကို အစိုးရအဖွဲ့ရုံးအောက်သို့ စတင်လွှဲပြောင်း


ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနကို ဒီဇင်ဘာ ၂၈ ရက်ကစ၍ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး ဝန်ကြီးဌာနလက်အောက် သို့ လွှဲပြောင်းဖွဲ့စည်းတာဝန်ထမ်း ဆောင်စေကြောင်း ထုတ်ပြန်ကြေ ညာသည်။ 
ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂၃/ ၂၀၁၈) သဘောတူညီချက်အရ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန လက်အောက်သို့ တရားဝင် လွှဲပြောင်းဖွဲ့စည်းခဲ့ သည်။ 

‘‘လူမှုကွန်ရက်မှာပျံ့နှံ့နေတဲ့ ဝန်ကြီးရုံးစာက အစစ်ပါ။ တရား ဝင်ထုတ်ပြန်ထားတာ ဖြစ်ပါ တယ်’’ဟု အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်မြင့်၏ လက်ကိုင်ဖုန်းကို လက်ခံဖြေကြားသူက အတည်ပြု သည်။ 

ဦးတင်မြင့်သည် ပြည်ထဲရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဖြစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ ရုံးဝန်ကြီးဌာန၌ ဒုတိယဝန်ကြီး အဖြစ် ခန့်အပ်ရန် အစိုးရအဖွဲ့ နှင့် နီးစပ်သူအချို့က ခန့်မှန်းထား သည်။ ဒုတိယဝန်ကြီးအဖြစ် သတင်းထွက်ပေါ်နေသည့်အပေါ် ဦးတင်မြင့်ကိုယ်စားဖြေကြားသူ က ‘‘အဲဒါကတော့ အမိန့်ထွက် လာမှပဲ သိမှာပါခင်ဗျ။ ကျွန်တော် တို့လည်း မသိသေးဘူး’’ဟု 7DayDaily သတင်းစာအား ပြောသည်။ 

စစ်တက္ကသိုလ်အမှတ်စဉ် (၂၀) ဆင်း တပ်မတော်(လေ)မှ ဗိုလ်မှူးကြီးရာထူးဖြင့် အငြိမ်းစား ယူခဲ့သူ ပြည်ထောင်စုအစိုးရအဖွဲ့ ရုံးဝန်ကြီး ဦးမင်းသူလက်အောက် တွင် စစ်တက္ကသိုလ်အမှတ်စဉ် (၂၂) ဆင်း ဦးတင်မြင့်ကို ဒုတိယ ဝန်ကြီးခန့်အပ်ရန် အလားအလာ ကောင်းခြင်းဖြစ်သည်။ 

အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို ပြည်ထဲရေးဝန်ကြီးဌာနမှ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနလက်အောက်သို့ လွှဲ ပြောင်းပေးမည်ဟု သမ္မတရုံးပြော ခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ဒီဇင် ဘာ ၂၁ ရက်တွင် ပြုလုပ်သော သမ္မတရုံးသတင်းစာရှင်းလင်းပွဲ၌ အတည်ပြုပြောကြားသည်။ 

တပ်မတော်သားဝန်ကြီး၏ ဝန်ကြီးဌာနမှ အရပ်သားဝန်ကြီး ၏ဝန်ကြီးဌာနတစ်ခုအောက်သို့ လွှဲပြောင်းသော်လည်း အထွေ ထွေအုပ်ချုပ်ရေး ဦးစီးဌာနအောက် ရှိ ဝန်ထမ်းများသည် တည်ဆဲဥပ ဒေများအတိုင်း ဆောင်ရွက်ရမည် ဖြစ်၍ လုပ်ထုံးလုပ်နည်းများအရ ယခင်အတိုင်း ဆက်လက်ရှိနေ မည်ဖြစ်ကြောင်း တာဝန်ထမ်း ဆောင်ဆဲ ဒုတိယခရိုင်အုပ်ချုပ် ရေးမှူးတစ်ဦးက သုံးသပ်သည်။ 

‘‘ပြောင်းလဲမှုကို ပြောဖို့ စောဦးမယ်ထင်တယ်။ ကျွန်တော်တို့ မှာ ကျင့်သုံးတဲ့ ဥပဒေတွေရှိတယ်။ကျွန်တော်တို့လုပ်နေရတာတွေက ဥပဒေတွေအတိုင်း သွားမှာပဲ’’ဟု ၎င်းက ဆိုသည်။ 

သို့ရာတွင် ဝန်ကြီးဌာန ပြောင်းလဲ၍ ပုံစံတစ်မျိုး တစ်မည် ပြောင်းလဲမည်ဖြစ်ပြီး မြို့နယ်အုပ် ချုပ်ရေးဥပဒေ၊ ခရိုင်အုပ်ချုပ်ရေး ဥပဒေ စသည့် ဥပဒေများထွက် လာနိုင်ပြီး နောက်ပိုင်း ပြည်သူလူ ထုမျှော်လင့်သလို ပြောင်းလဲမှု သိသာစွာ ဖြစ်လာနိုင်ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။ 

ဝန်ကြီးဌာနလွှဲပြောင်းပြီး နောက်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အများစု၌ သက်ဆိုင်ရာ ဝန်ကြီးချုပ်များက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်၊ မြို့ နယ်အုပ်ချုပ်ရေးမှူးများကို သီး ခြားတွေ့ဆုံခြင်းမရှိသေးသော် လည်း ရန်ကုန်တိုင်းတွင် ဝန်ကြီး ချုပ်ဦးဖြိုးမင်းသိန်းဦးဆောင်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှ အုပ်ချုပ်ရေးမှူးများနှင့် ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီမှ ခရိုင်၊ မြို့နယ်အုပ် ချုပ်ရေးမှူးများကို ဒီဇင်ဘာ ၂၈ ရက်တွင် ခေါ်ယူတွေ့ဆုံခဲ့သည်။

7Day

0 comments:

Post a Comment