Sunday, December 30, 2018

ပန်ဝါဒေသတွင် သတ္တုတူးဖော်မှုကြောင့် အနီးတစ်ဝိုက်ကျေးရွာများထိခိုက်မှုများရှိနေဟု စစ်တမ်းတစ်စောင်ဖော်ပြ


ပန်ဝါဒေသမှ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ် ခေါင်းဆောင်များ ပိုင်ဆိုင်သည်ဆိုသော ချီဖွေပန်ဝါဒေသရှိသတ္တုတူးဖော်မှုကြောင့် သတ္တုတွင်းအနီးတစ်ဝိုက်ရှိကျေးရွာများတွင် အက်စစ်နှင့်ခဲသတ္တုပျော်ဝင်မှုများပြားနေသဖြင့် သောက်သုံးရေသုံးစွဲနိုင်ရန် အန္တရာယ်ကြုံနေကြောင်း ထိုဒေသတွင်သွားရောက် စစ်တမ်းကောက်ယူခဲ့သည့် အဖွဲ့အ စည်းများက ပြောကြားသည်။ 
‘‘ရေတွေကို ရန်ကုန်က ဓာတ်ခွဲခန်းမှာ စစ်သပ်ထားတဲ့ အဖြေတွေကျွန်တော်တို့ဆီမှာရှိ ပါတယ်။ ရေကို စမ်းသပ်တဲ့အခါ မှာ ပထမကလုပ်ကွက်ထဲမှာသုံး နေတဲ့ သတ္တုရေတွေကိုယူပါ တယ်။ နောက်တစ်ခုက လုပ် ကွက်ရဲ့အနီးအနားမှာရှိတဲ့ ဒေသခံတွေအသုံးပြုနေတဲ့ ချောင်းရေကို ယူပါတယ်။ တတိယအနေနဲ့ တော့သူတို့ စွန့်ပစ်ရေဟာချောင်း တွင်မှာစီးဝင်တဲ့အတွက် ဒီရေသုံး မျိုးကို ယူပြီးခွဲခြားစမ်းသပ်တာ တွေရှိပါတယ်။ စမ်းသပ်တဲ့အဖြေ ကိုကြည့်မယ်ဆိုရင် ဒေသခံတွေ သောက်သုံးတဲ့ ရေတွေထဲမှာ လည်း အက်စစ်ပျော်ဝင်မှုများပြား တဲ့အခြေအနေတွေကို တွေ့ရပါ တယ်။ ခဲ သတ္တုပျော်ဝင်မှုကလည်း အင်မတန်မှ များပြားနေတဲ့ဟာ တွေ့ရပါတယ်။ ခဲသတ္တုရဲ့ဆိုး ကျိုးတွေကတော့ ပထမအနေနဲ့ သွေးတိုးဖြစ်စေတယ်။ ဒုတိယ ကတော့ ကျောက်ကပ်တွေကို ပျက်စီးစေတယ်။ တတိယအနေ နဲ့တော့ အမျိုးသမီးတွေကိုယ်ဝန် ပျက်ကျ တာတွေ၊ လမစေ့ဘဲနဲ့ မွေးတဲ့ဟာတွေ၊ ကလေးအသေ မွေးတဲ့ဟာတွေ ဒီဆိုးကျိုးတွေကို ဖြစ်စေ တယ်’’ဟု ထိုဒေသတွင်စစ် တမ်းကောက်ယူခဲ့သူ ကိုဘရန် ကြွယ်ကမြစ်ကြီးနား၌ ဒီဇင်ဘာ ၂၈ရက်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ 

အဆိုပါ သတ္တုသည်မည် သည့် သတ္တုအမျိုးအစားဖြစ်သည် ကို သေချာမသိသော်လည်းမြေ ရှားသတ္တု (Rare Earth) ဟုယူဆ ရကြောင်း ၎င်းကဆိုသည်။ အဆို ပါစစ်တမ်းကို မြစ်ကြီးနားအခြေ စိုက်လူမှုအဖွဲ့အစည်းများဖြစ် သည့် ရှအစ်အဖွဲ့နှင့် ချီဖွေအခြေ စိုက်သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးအဖွဲ့ဖြစ်သည့် လောင် ဗျစ်ခေါင် အဖွဲ့အစည်းတို့က ပူးပေါင်း ကောက်ယူခြင်းဖြစ်သည်။ 

အဆိုပါ စစ်တမ်းကိုနိုဝင် ဘာနှင့် ဒီဇင်ဘာအတွင်း ချီဖွေပန် ၀ါဒေသရှိကျေးရွာ ၂၂ ရွာမှ ဒေသခံ ၉၆ ဦးကိုမေးမြန်းခဲ့ ခြင်းဖြစ်သည်။ 

သတ္တု တူးဖော်နေသည့် ကုမ္ပဏီများကို ပန်ဝါဒေသမှ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်ခေါင်းဆောင်များက ပိုင်ဆိုင်ထားပြီး ၎င်းတို့က ပြည်တွင်းလုပ်ငန်းရှင်များအဖြစ် အမည်ခံကာ တရုတ်လုပ်ငန်းရှင် များနှင့် ပူးပေါင်းတူးဖော်နေသည်ကို တွေ့ရကြောင်း စစ်တမ်းက ဆို သည်။ 

သတ္တုစမ်းသပ်၊ တူးဖော်ခွင့် လိုင်စင်ကို ပြည်ထောင်စုအစိုးရ မှ ရရှိခြင်းဖြစ်သော်လည်းလက် တွေ့တူးဖော်အကောင်အထည် ဖော်နေမှုသည် စမ်းသပ်တူးဖော် မှုထက်ကျာ်လွန်ပြီးပန်ဝါဒသအ နှံ့အပြားတွင် ကျယ်ကျယ်ပြန့်ပြန့်တူးဖော်နေသည်ကို တွေ့ရှိရ ကြောင်း စစ်တမ်းက ဆိုသည်။ 

အဆိုပါ သတ္တုတူးဖော်သည့် ကုမ္ပဏီများက ဓာတုပစ္စည်းများ မဆင်မခြင်စွန့်ပစ်မှုများကြောင့်   သတ္တုတွင်း အနီးအနားရှိ ဒေသခံ များ၏ တစ်နိုင်တစ်ပိုင်အိမ်မွေး တိရစ္ဆာန်များသေဆုံးခြင်း၊ သဘာ ၀ပတ်ဝန်းကျင် ထိခိုက်ပျက်စီး ခြင်း၊ အခြေခံစီးပွားရေးဖြစ်သည့် ရှော်ကော်စိုက်ခင်းများအတင်းအ ဓမ္မသိမ်းဆည်းခံရမှုများနှင့် ထွက် ရှိလာသည့် သီးနှံများဈေးကွက်သို့ တင်ပို့ရောင်းချခွင့်ဆုံးရှုံးခြင်းများ ကို တွေ့ရှိကြောင်းပါရှိသည်။ 

‘‘မနှစ်တုန်းကဆိုရင် ရှော် ကော်ကတစ်ကျင်းကို တရုတ်ငွေ ၄၀၊ ၅၀ ရတယ်။ ဒီနှစ်ဆိုရင် တရုတ်တွေက သတ္တုတူးဖော်တဲ့ နေရာကနေ ငါးမိုင်အတွင်းရှိတဲ့ စိုက်ခင်းကဟာတွေကို မ၀ယ် တော့ဘူး။ ဈေးကလည်းဒီနှစ်က ၁၂ ပဲ ရှိတယ်’’ ဟု လောင်ဗျစ် ခေါင်အဖွဲ့အစည်းအတွင်းရေးမှူး ဦးလမ်းဇောင်းကဆိုသည်။ 

သဘာဝပတ်ဝန်းကျင်နှင့် လူထုအပေါ် ဆိုးရွားစွာထိခိုက် သည့် သတ္တုတူးဖော်သည့် လုပ် ငန်းကို အမြန်ဆုံးရပ်ဆိုင်းပေးရန် အစိုးရကိုအကြံပြုထားကြသည်။ 

သတ္တု တူးဖော်နေသည့် ကုမ္ပဏီ ခြောက်ခုရှိကြောင်း လေ့ လာတွေ့ရှိရပြီး အဆိုပါကုမ္ပဏီ များမှာ ဘောမ်ယန်ကုမ္ပဏီ ကင် ချင်ယင်တောင်ကုမ္ပဏီ၊ မြန်မာ မျိုးကိုကိုကုမ္ပဏီ၊ ကင်လွမ်း ကုမ္ပဏီ၊ ချန်းရင်ခူးကုမ္ပဏီနှင့် ဆန်းလင်းကုမ္ပဏီတို့ဖြစ်သည်ဟု လေ့လာတွေ့ရှိရကြောင်း စစ် တမ်းတွင် ဖော်ပြထားသည်။ 

ဆန်လင်းကုမ္ပဏီသည် ဦးဇခုန်တိန့်ယိန်း၏ သားပြည်နယ်လွှတ်တော်အမတ် ဦးဇခုန်ယိန်းဆောင်ပိုင်ဆိုင်သည့် ကုမ္ပဏီဖြစ်သည်ဟုဆိုသည်။

7Day

0 comments:

Post a Comment