Sunday, December 30, 2018

နှစ်ကုန်ဆုံးချိန်မှာ ကလေးတွေအတွက် ၀မ်သန်း ၁၀၀ လှူဒါန်းခဲ့တဲ့ အိုင်ယူ


တောင်ကိုရီးယားအဆို တော်နှင့် သရုပ်ဆောင် အိုင်ယူ သည် ၀မ်သန်း ၁၀၀ (ကန်ဒေါ် လာ ၈၉,၆၃၇) ခန့်လှူဒါန်းခဲ့ ကြောင်းကလေးငယ်များဖူလုံရေး အေဂျင်စီ Green Umbrella ကလေးဖောင်ဒေးရှင်းက ထုတ် ပြန်သည်။ 
‘‘ပစ်ပယ်ခံထားရတဲ့ကလေး တွေကို စိတ်ဝင်စားပြီး တိတ်တဆိတ်လှူဒါန်းပေးနေတဲ့ အိုင်ယူ ဟာ အဘိုးအဘွားတွေက ပြုစု စောင့်ရှောက်လာတဲ့ ကျောင်းသားတွေကို ကူညီဖို့အခုနှစ်ကုန်မှာ ၀မ်သန်း ၁၀၀ လှူဒါန်းခဲ့ပါတယ်။ ဒီလှူဒါန်းမှုက ကလေး တွေရဲ့ နှလုံးသားတွေ နွေးထွေး စေဖို့အထောက်အကူပြုပါလိမ့်မယ်’’ ဟု Green Umbrella ကလေးဖောင်ဒေးရှင်း အရင်းအမြစ်တစ်ခုကပြောသည်။ 

အိုင်ယူအနေဖြင့် ကလေး ငယ်များကို လှူဒါန်းခြင်းမှာ ယခု တစ်ကြိမ် ပထမဆုံးမဟုတ်ပေ။ 

၂၀၁၅ နှင့် ယခုနှစ်ကလေးငယ်များနေ့တွင်လည်း အိုင်ယူ သည်မိမစုံဖမစုံဖြစ်နေသော မိသားစုများမှ ကလေးငယ်များနှင့် ငွေကြေးချို့တဲ့သောကလေးငယ်များအား ၀မ်သန်း ၁၀၀ လှူဒါန်း ခဲ့သည်။ 

အိုင်ယူသည် Green Umbrella ကလေးဖောင်ဒေးရှင်းသို့ စုစုပေါင်း ၀မ်သန်း ၃၂၀ လှူ ဒါန်းထားပြီးဖြစ်သည်။ 

Soompi
7Day

0 comments:

Post a Comment