Sunday, December 30, 2018

Miss Supranational Organization သုံးသပ်ချက်တွေအပေါ် ရှင်းစရာမလိုဘူးဆိုတဲ့ ရွှေအိမ်စည်


Miss Supranational Organization က ၎င်းကိုပြိုင်ပွဲ ကာလအတွင်း ပြုမူနေထိုင်ပြော ဆိုမှုအပေါ် Results Review တွင် ဆိုးရွားစွာသုံးသပ်ထောက်ပြထားသော်လည်း မအံ့ဩကြောင်း အလှမယ်ရွှေအိမ်စည်က ပြောသည်။ 
အဆိုပါ Miss Supranational 2018 Results Review တွင် ‘‘လှတယ်ဆိုတာတော့ ငြင်း လို့မရပါဘူး။ ဒါပေမဲ့သူ့မှာဘာမရှိ ဖြစ်နေလဲဆိုတော့ အလှဘုရင်မ တစ်ပါးရဲ့ ကျက်သရေနဲ့ဆွဲ ဆောင်မှုပါ။ ဗိုလ်စွဲဖို့ အလွန်ရေ ပန်းစားခဲ့ရာကနေ ၂၅ ဦးစာရင်း အောက်ဆုံးရောက်သွားတာဟာ ဘယ်အချက်တွေကြောင့်များလဲ။ စင်ပေါ်မှာ တင်ဆက်မှုမရှိလို့ လား။ ပြုံးပြဖို့ခဲယဉ်းလို့လား။ အ မူအရာ သိပ်မယဉ်ကျေးလို့လား။ ဒါမှမဟုတ် ပြိုင်ပွဲဝင်အဖော်တွေ ကို အသိပေးအကြောင်းမကြားဘဲ ပွဲမတက်ဘဲနေပြီး ပြိုင်ပွဲတာဝန်ရှိ သူတွေကို ရိုသေသမှုမပြမိတာ ကြောင့်လား။ သူ့အခန်းထဲမှာ ဆေးလိပ်သောက်ပြီး အလှမယ် စည်းမျဉ်းစည်းကမ်းတွေကို ချိုး ဖျက်ခဲ့တာကြောင့်လား။ ဒါဟာ မြန်မာကိုယ်စားပြုအလှမယ်တစ် ယောက်ဆီကနေ ကျွန်တော်တို့ မျှော်လင့်ထားတဲ့ အပြုအမူမျိုး မဟုတ်ပါဘူး’’ ဟု ရေးသားထား သည်။ 

၎င်းကို ဖြုတ်ချမည့်အချိန်၌ အကြောင်းပြချက်လိုမည်ဖြစ်၍ Miss Supranational Organization မှ ယင်းသို့ပြောကြားခြင်း သည် မဆန်းကြောင်း ရွှေအိမ်စည် က ပြောသည်။ 

‘‘ဆေးလိပ်သောက်တဲ့ကိစ္စ နဲ့ပတ်သက်ပြီးတော့လည်း အိမ် စည်တုံ့တောင်မတုံ့ပြန်ချင်ဘူး။ ဘာကြောင့်လဲဆိုတော့ အ ယောက် ၈၀ လုံးရဲ့ Feedback ကို အိမ်စည်ဖတ်ပြီးသွားပြီ။ နိုင်ငံ ပေါင်း ၈၀ ရှိတဲ့အထဲမှာ အိမ်စည် က အဆိုးရွားဆုံးမဟုတ်တာတော့ ကျိန်းသေတယ်။ ဒါပေမဲ့ အဲဒီလို မျိုးရေးထားတယ်ဆိုကတည်းက အိမ်စည့်ကို ဖြုတ်ချဖို့အတွက် အ ကြောင်းပြချက်ပေါ့။ ဒါက ဆင် ခြေတစ်ခုလို့မြင်တယ်။ ဒါနဲ့ပတ် သက်ပြီး အိမ်စည်ရှင်းစရာမလို ဘူးလို့မြင်တယ်’’ ဟု ၎င်းကပြော သည်။ ပိုလန်နိုင်ငံ၌ ရွှေအိမ်စည် သွားရောက်ယှဉ်ပြိုင်စဉ် ပွဲတက် ၀တ်စုံကိစ္စကြောင့် ၎င်း၏ပရိ သတ်များနှင့် Miss Golden Land Myanmar Organization က တောက်ကဆဖြစ်ခဲ့ပြီး ပြိုင်ပွဲမှ ပြန်လာပြီးနောက်တွင် ၎င်းကို ထောက်ပံ့ပေးသည့် Miss Golden Land Myanmar Organization က အမှန်တရားအတွက် ဖြေ ရှင်းခြင်းခေါင်းစဉ်ဖြင့် ပြိုင်ပွဲဝင် နေစဉ်အတွင်း ရွှေအိမ်စည်ကို များစွာထောက်ပံ့ပေးခဲ့သည့်အ ကြောင်း ၎င်းတို့ ပေ့ခ်ျတွင် ရေး သားထားသည်။ 

‘‘အိမ်စည့်ရဲ့ ဂယက်ဆိုတာ ကလည်း ဟိုလူကဒါပြောလိုက်၊ ဒီလူက ဒါပြောလိုက်နဲ့တကယ် တော့ အရမ်းကိုရှုပ်ထွေးတယ်။ အားလုံးက ချင့်ချိန်ပြီးတော့ ယုံ ကြည်ရမှာပဲ။ အကုန်လုံးကိုလည်း အိမ်စည်က လိုက်ရှင်းပြမှာမဟုတ် သလို တချို့တချို့ရဲ့ ထင်မြင် ချက်တွေက အိမ်စည့်အတွက် အ ရေးမပါပါဘူး’’ ဟု ရွှေအိမ်စည်က ပြောသည်။

7Day

0 comments:

Post a Comment