လုပ်ငန်းခွင်မှ သူနာပြုများ အဝေးသင်နည်းလမ်းဖြင့် သူနာပြု သိပ္ပံဘွဲ့ရရှိမည့် Off Campus B.N.SC (Bridge) Program ကို လက်ရှိ ၂၀၁၉ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ရာ သင်တန်းတက်ရောက်ပြီးပါက နိုင်ငံ့ဝန်ထမ်းအဖြစ် နှစ်နှစ် တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး တာဝန်ထမ်းဆောင်ခြင်းမရှိပါက စာချုပ်ပါလျော်ကြေးအတိုင်း ပေးဆောင်ရမည်ဖြစ်ကြောင်း သူနာပြုတက္ကသိုလ် (ရန်ကုန်) မှသိရသည်။