Monday, June 3, 2019

‘၀’ အဖွဲ့၏ စစ်ရေးပြအခမ်းအနား စင်ပြိုင်အစိုးရပုံပေါက်နေ၍ အစွမ်းကုန် သည်းခံထားဟု တပ်မတော်ပြော


‘၀’ အဖွဲ့ကစင်ပြိုင် အစိုးရ၊ တပ်မတော်ပုံစံမျိုးဆောင် ရွက်ခြင်းကို တပ်မတော်အနေ ဖြင့် အစွမ်းကုန်သည်းခံထား ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေအဖွဲ့ ဥက္ကဋ္ဌဗိုလ်ချုပ်စိုးနိုင်ဦးက ပြောသည်။ 
‘‘မကြာခင်က လုပ်ခဲ့တဲ့ ‘၀’ ရဲ့ စစ်ရေးပြအခမ်းအနားမှာ လက် နက်ကိုင်ဆောင်ပြီး စစ်ရေးပြခဲ့ တာ ရှိပါတယ်။ ဒီစစ်ရေးပြအခမ်း အနားကိုကြည့်ခြင်းအားဖြင့် ‘၀’ အနေနဲ့ စင်ပြိုင်အစိုးရသဘော မျိုး၊ စင်ပြိုင်တပ်မတော်ပုံစံမျိုး ဆောင်ရွက်တာ တွေ့ရပါတယ်။ ဒါကြောင့် ဒီအခမ်းအနားကို တပ် မတော်အနေနဲ့ တက်ရောက်ခြင်း မရှိပါဘူး။ ဒါတွေကိုတပ်မတော် အနေနဲ့ အစွမ်းကုန်သည်းခံထား တဲ့အနေအထား ဖြစ်တယ်လို့ ဖြေ ကြားလိုပါတယ်’’ ဟု ၎င်းက ယမန်နေ့က စစ်သမိုင်းပြတိုက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ မီဒီယာများအား ဖြေ ကြားသည်။ 
တပ်မတော်အနေဖြင့် သည်း ခံမှု အတိုင်းအတာ မည်မျှရှိမည် ကို မေးမြန်းရာ ‘‘မြန်မာစကားမှာ ရှိတာပေါ့ဗျ။ သည်းခံမှုဆိုတာ အ တိုင်းအတာတစ်ခုထိပဲ ရှိမှာပေါ့ ဗျ’’ ဟု တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဒုဥက္ကဋ္ဌဗိုလ် ချုပ်ထွန်းထွန်းညီက ဆိုသည်။ 
တစ်နိုင်ငံလုံး အပစ်ရပ်သ ဘောတူညီချက် လက်မှတ်မရေး ထိုးရသေးသည့် ‘၀’ လက်နက် ကိုင်အဖွဲ့က ပြီးခဲ့သည့်ဧပြီအ တွင်း ငြိမ်းချမ်းရေး နှစ် (၃၀) ပြည့်ပွဲ ပြုလုပ်ခဲ့ရာ ခေတ်မီလက် နက်များ ပါဝင်သည့် စစ်ရေးပြ အခမ်းအနားလည်း ထည့်သွင်း ပြုလုပ်ခဲ့သည်။ 
ဆက်လက်၍ ‘‘တပ်မတော် က ငြိမ်းချမ်းရေးကို လိုချင်လို့၊ ဒါ ကြောင့်တပ်မတော်က တချို့ဟာ လေးတွေကို အစွမ်းကုန် သည်းခံ နေတာ’’ ဟု ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောသည်။ 
မကြာမီ မိုင်းလားလက်နက် ကိုင်အဖွဲ့က ပြုလုပ်မည့် နှစ် (၃၀) ပြည့် အခမ်းအနားသို့ ယင်း အဖွဲ့ခေါင်းဆောင်များက ဖိတ် ကြားမည်ဟု သိရသော်လည်းတပ် မတော်ဘက်က တက်ရောက်ခြင်း ရှိ၊မရှိကိုမူ ၎င်းတို့ဆောင်ရွက် ချက်ပေါ်မူတည်၍ စဉ်းစားမည် ဖြစ်ကြောင်း ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောသည်။

7|Day


0 comments:

Post a Comment