Sunday, June 2, 2019

ဥက္ကဋ္ဌနေရာ အစားထိုးလိုက်သဖြင့် ဒေါက်တာအေးမောင် တာဝန်ရပ်တန့်ပြီဟု ANP ပြော


ရခိုင်အမျိုးသားပါတီ (ANP)ဥက္ကဋ္ဌနေရာ အစားထိုးခဲ့ သောကြောင့် ဒေါက်တာအေး မောင်၏ ပါတီတာဝန်များ ရပ်တန့်ပြီဖြစ်ကြောင်း ယင်းပါတီ၏ မူဝါဒရေးရာ ဦးဆောင်ကော်မတီအဖွဲ့ ဝင် ဦးဖေသန်းက ပြောသည်။ 
ရခိုင်အမျိုးသားပါတီ (ANP)သည် မေလ ၃၀ ရက်နှင့် ဇွန်လ ၁ ရက်တွင် စစ်တွေမြို့၌ ပါတီညီလာခံ ကျင်းပပြီးနောက် ပါတီမူဝါဒရေးရာ ဦးဆောင်ကော်မတီနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီတို့ကို အသစ်ပြန်လည်ရွေးချယ်ခဲ့ သည်။ 
‘‘ဒေါက်တာအေးမောင်က တော့၊ ပါတီက နုတ်ထွက်စာတင် ထားတယ်ဆိုတော့၊ သူလည်း ထောင်ကျနေတယ်ဆိုတော့ ပါတီ က အရွေးခံစရာအကြောင်းမရှိ ဘူး။ ဒီမှာလည်း ဥက္ကဋ္ဌအသစ် တွေ၊ အတွင်းရေးမှူးတွေ ထပ်ပြီး ရွေးချယ်လိုက်ပြီဆိုတော့ သူ့အ တွက် အခွင့်အလမ်းတွေမရှိတော့ ဘူးပေါ့။ သူ့ကို ပြန်ရွေးလို့လည်း မရတော့ဘူး။ သူက အလိုအ လျောက် ပါတီတာဝန်က ရပ်တန့် သွားပြီ’’ဟု ဦးဖေသန်းက ပြော သည်။ 
ထို့အပြင် ဒေါက်တာအေး မောင်သည် နောက်ပါတီထောင်ရန် ကြိုးစားနေသဖြင့် ANPပါတီအနေဖြင့် မိမိတို့ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများဖြင့်သာ ဆက်လက်လှုပ်ရှား ဆောင်ရွက်မည်ဖြစ်ကြောင်း ဦးဖေသန်းက ပြော သည်။ 
လက်ရှိတွင် ဒေါက်တာ အေးမောင် တာဝန်ယူခဲ့သည့် ပါတီဥက္ကဋ္ဌနေရာ၌ ဦးသာထွန်းလှကို ရွေးချယ်ပြီး ဦးတင်ညို (ဒုဥက္ကဋ္ဌ)၊ ဦးမြင့်နိုင် (ဒုဥက္ကဋ္ဌ)နှင့် အထွေ ထွေအတွင်းရေးမှူးအဖြစ် ဦးခိုင်ပြည်စိုးတို့အား တာဝန်ပေး အပ်ခဲ့သည်။ 
ရခိုင်အမျိုးသားပါတီ (ANP)အနေဖြင့် ပါတီမူဝါဒရေးရာ ဦးဆောင်ကော်မတီကို ဦးဖေ သန်း၊ ဦးဦးလှစော၊ ဦးဘရှိန်၊ ဦးထွန်းအောင်တို့ပါဝင်ပြီး လူကိုး ဦးဖြင့် အသစ်ပြန်လည်ဖွဲ့စည်းခဲ့ သည်။ 
‘‘ပါတီမှာ နိုင်ငံရေးအားဖြင့် သမ္ဘာရင့်၊ ဝါရင့်ပုဂ္ဂိုလ်တွေရှိတာ ပေါ့။ လူတွေက အကြီးပိုင်းရောက် လာတော့ လူငယ်၊ လူလတ်ပိုင်း တွေနဲ့ အစားထိုးချင်တာ။ ဒါပေမဲ့ လူကြီးတွေကလည်း စီအီးစီထဲမှာ နေရာမဖယ်ပေးဘူးဆိုရင် လူငယ် တွေ ရှေ့ရောက်ဖို့မလွယ်ဘူးပေါ့။ ကျွန်တော်တို့က အဲဒါကို စဉ်းစား ပြီးတော့ လူငယ်တွေလည်း ဝင် နိုင်အောင် လူကြီးတွေလည်း ပါတီမှာ ဆက်ပြီးတော့ အကြံပေးပုံစံ မျိုးနဲ့ သာတဲ့ပုံစံနဲ့ ပါဝါလုပ်ပိုင်ခွင့် ရှိတဲ့ နေရာတွေမှာ ဆက်လက် ပါဝင်ဖို့ ပါတီမူဝါဒရေးရာကော် မတီကို ထပ်ဖွဲ့လိုက်တယ်’’ဟု ဦးဖေသန်းက ပြောသည်။ 
ရခိုင်အမျိုးသားပါတီ မူဝါဒ ရေးရာ ဦးဆောင်ကော်မတီက ရေး ဆွဲထားသော မူဝါဒများကို ဗဟို အလုပ်အမှုဆောင်ကော်မတီက လိုက်နာဆောင်ရွက်ရမည်ဖြစ် ကြောင်း ၎င်းက ရှင်းပြသည်။ 
‘‘မူဝါဒရေးရာကော်မတီဆို တာ စီးပွားရေးဆိုင်ရာ၊ နိုင်ငံရေး ဆိုင်ရာတွေ၊ လွှတ်တော်ကိုယ်စား လှယ် ရွေးချယ်ရေးဆိုင်ရာတွေ စတဲ့ ကဏ္ဍအသီးသီးအတွက် မူဝါဒရေးဆွဲဖို့အတွက် ဦးဆောင် အဖွဲ့ကိုဖွဲ့တယ်။ ဦးဆောင်ကော် မတီက ရေးဆွဲတဲ့အတိုင်း ဗဟိုအ လုပ်အမှုဆောင်ကော်မတီက လုပ်ဆောင်ရမယ်ဆိုတဲ့ သဘော မျိုးပါ။ ဗဟိုအလုပ်အမှုဆောင် ကော်မတီက ဦးဆောင်ကော်မတီ ရဲ့ အောက်မှာရှိမယ်။ မူဝါဒရေးရာကို ဦးဆောင်ကော်မတီရဲ့ ရေး ဆွဲတဲ့အတိုင်းပဲ ဗဟိုကော်မတီက မသွေမတိမ်းလုပ်ရမယ်’’ဟု ဦးဖေသန်းက ပြောသည်။

7Day

0 comments:

Post a Comment