Monday, June 3, 2019

ခါကာဘိုရာဇီနှင့် ဖုန်ကန်ရာဇီဘေးမဲ့တောအတွင်း သုတေသနနှင့် ထိန်းသိမ်းရေးလုပ်ငန်းများ ဒေသခံအချို့နှင့် မပြေလည်၍ရပ်ဆိုင်းထား


ဒေသခံအချို့နှင့် မပြေ လည်ခြင်းကြောင့် ခါကာဘိုရာဇီ နှင့် ဖုန်ကန်ရာဇီဘေးမဲ့တောအ တွင်း လုပ်ဆောင်နေသည့် သုတေ သနနှင့် ထိန်းသိမ်းရေးလုပ်ငန်း များ ရပ်ဆိုင်းထားရသည်ဟု ခါ ကာဘိုရာဇီ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော အုပ်ချုပ်ရေးမှူး ဦး အောင်မောင်းက ပြောသည်။ 
ခါကာဘိုရာဇီနှင့် ဖုန်ကန်ရာ ဇီဘေးမဲ့တောအတွင်း သစ်တော ဦးစီးဌာနနှင့် သားငှက်ထိန်းသိမ်း ရေးအဖွဲ့(WCS)တို့ ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေခြင်းကို ဒေသခံများက ကန့်ကွက်ခြင်း၊ ဆန္ဒပြခြင်း၊ ဘေးမဲ့တောအတွင်းသို့ ဌာနက ကင်းလှည့်ထိန်းသိမ်းကာ ဆောင်ရွက်ရာ၌ တားမြစ်မှုများ ရှိနေသဖြင့် ၂၀၁၈ နှစ်ကုန်ပိုင်းကတည်းက ရပ်နားထားရ သည်ဟု ၎င်းကဆိုသည်။ 
ဒေသခံအချို့ တားမြစ်မှု ကြောင့် ထိန်းသိမ်းရေးလုပ်ငန်း များကို ဖုန်ကန်ရာဇီတောရိုင်း တိရစ္ဆာန်ဘေးမဲ့တော၌ ၂၀၁၈ အောက်တိုဘာနှင့် ခါကာဘိုရာဇီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော တွင် နိုဝင်ဘာကတည်းက ရပ်နားထားရကြောင်း ပူတာအိုမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တော ၀န်ထမ်းတစ်ဦးကပြောသည်။ 
‘‘၀န်ထမ်းကတော့ ဘယ်မှ ၀င်လို့မရတော့ဘူး၊ ဇီယာဒမ်းစခန်းရော ဖျက်ဆီးခံရတယ်။ သိပ် မကြာဘူး ခါကာဘိုက တဇုံစခန်း မီးရှို့ခံရတယ်။ အဲဒီကနေပြီးသွား လို့မရတော့ဘူး’’ဟု အဆိုပါသစ် တောဝန်ထမ်းကပြောသည်။ 
ထို့အပြင် ခါကာဘိုရာဇီ ဘေးမဲ့တောအတွင်း တောရိုင်း တိရစ္ဆာန် ကျက်စားမှုအခြေအနေ လေ့လာရန် ကင်မရာထောင် ချောက် ၁၀၇ လုံးကို ၂၀၁၈ မေ လအတွင်း တပ်ဆင်ခဲ့ပြီး ဇူလိုင် လ၌ ပြန်လည်စစ်ဆေး လေ့လာရမည်ဖြစ်သော်လည်း ဒေသခံများနှင့် မပြေလည်မှုကြောင့် လက်ရှိအထိ ကင်မရာထောင် ချောက်များ ပြန်လည်ဖြုတ်ယူနိုင် ခြင်းမရှိသေးဟု ၎င်းကဆိုသည်။ 
ကင်မရာထောင်ချောက် များကို သစ်တောဦးစီးဌာန ၀န် ထမ်းများ သွားရောက်ဖြုတ်ယူရန် ဆောင်ရွက်သော်လည်း တားမြစ် မှုများ မကြာခဏကြုံတွေ့နေကာ ပြီးခဲ့သည့်မေလဆန်းက ပူတာအိုဒေသရှိ ရိုးရာစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်း၍ ဒေသခံ ၀န်ထမ်းဖြင့် သွားရောက်သော် လည်း ပန်နန်းဒင်၌ တားမြစ်ခံခဲ့ ရသည်။ 
‘‘ကင်မရာ ထောင်ချောက် တပ်ဆင်ပြီး နှစ်လလောက်ကြာ ရင် ပြန်ပြီးလေ့လာတာတွေ လုပ် ရမှာ၊ ထိန်းသိမ်းရေးဝန်ထမ်းတွေ ကို လက်မခံတော့ ပြန်ဖြုတ်သိမ်းဖို့ စီစဉ်နေတာအခုထိပဲ’’ဟု ဦး အောင်မောင်းကပြောသည်။ 
ပူတာအို ဒေသခံအချို့သည် ခါကာဘိုရာဇီ အမျိုးသားဥယျာဉ် ကို ဖျက်သိမ်းပေးရန်၊ ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ရန် ဆောင်ရွက်နေခြင်းကို ရပ်ဆိုင်း ပေးရန်နှင့် ဖုန်ကန်ရာဇီဘေးမဲ့ တောကို ဖျက်သိမ်း၍ ဒေသခံအစု အဖွဲ့ သဘာဝထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်ပေးရန် တောင်းဆိုထားသည်။ 
အဓိက အမျိုးသားဥယျာဉ် အဖြစ်ရှိနေခြင်း၊ ကမ္ဘာ့အမွေအနှစ် သတ်မှတ်ရန် ကြုံတွေ့ရခြင်းတို့ကြောင့် ဒေသခံများ တောကောင်လိုက်ခြင်း၊ သစ်ဥသစ်ဖုနှင့် ဆေးဝါးရှာဖွေခြင်း၊ တောင်ယာစိုက်ပျိုးခြင်းတို့ လုပ်ဆောင်မရဘဲ အကယ်၍ လုပ်ဆောင်ပါ က ဥပဒေအရ အရေးယူကန့် ကွက်ခံရမည်ကို စိုးရိမ်သဖြင့် ကန့်ကွက်နေခြင်းဖြစ်ကြောင်း ဒဇုံဒမ်းကျေးရွာနေ ဒေသခံတစ်ဦးကပြောသည်။ 
ဒေသခံများ၏ ကန့်ကွက်မှု များကြောင့် ခါကာဘိုရာဇီ အမျိုး သားဥယျာဉ်တောင်ပိုင်းကို ဧရိ ယာတိုးချဲ့သတ်မှတ်ရန်နှင့် ယူ နက်စကို၏ ကမ္ဘာ့အသိအမှတ်ပြု ကမ္ဘာ့အမွေအနှစ်စာရင်း တင် သွင်းရန် လုပ်ငန်းစဉ်များကို အစိုး ရက ၂၀၁၇ ဒီဇင်ဘာကတည်းက ရပ်ဆိုင်းထားသည်။

7Day

0 comments:

Post a Comment